8:54 am

ဆုပန်ထွာ နှင့်တွေ့ဆုံခြင်း
လှထုံဇာတ်ကောင်ဖြင့် ပရိသတ်များ၏ အားပေးမှုရရှိခဲ့သည့် သရုပ်ဆောင်၊ အဆိုတော်ဆုပန်ထွာက ကလေးမီးဖွားပြီးနောက် အနုပညာလှုပ်ရှားမှုများကို ခေတ္တ ခဏရပ်နားခဲ့ကာ လတ်တလောတွင် အနုပညာအလုပ်များပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်း၏လတ်တလော အနုပညာ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဆုပန်ထွာအား ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။
အနုပညာအလုပ်တွေ ခဏနားရာကနေ စင်ပေါ်တက်သီချင်းဆိုနေပြီဆိုတော့ အစ်မအနုပညာအလုပ်တွေ တောက်လျှောက်ပြန်လုပ်ဖြစ် တော့မှာလား။
အခု မပန်ဆိုဖြစ်တာက ပုဂံက အလိုတော်ပြည့်ဘုရား ထီးတင်ပွဲအတွက် အနုပညာကိုသက်သက် လှူဒါန်းတာပါ။ တကယ်ထဲထဲဝင် ဝင်ပြန်လုပ်ဖို့က အဆင်မပြေသေး ဘူး။ ကလေးမွေးထားတာလည်း မကြာသေးဘူး။ သွေးနုသားနု ဆိုပေမယ့် အစ်မအနုပညာကို လှူချင်လို့လာတာပါ။ အစ်မတို့ ၈ရက် နေ့ကနေ ၁၁ရက်နေ့ထိဆိုရတယ်။
ဒီခရီးစဉ်က မပန်အတွက် အနုပညာလည်း လှူဒါန်းရင်း မိသားစုဘုရားဖူးလည်း ဖြစ်တာပေါ့။
ဟုတ်တယ်။ အရင်နှစ်က အလို တော်ပြည့်ဘုရားမှာ မပန်နဲ့ မပန် ခင်ပွန်း ဆုတစ်ခုတောင်းခဲ့တယ်။ သားလေးလိုချင်ကြတယ်ပေါ့။ တကယ်လည်းရတယ်။ မပန် အခု ချိန်ထိအံ့သြပြီး ပျော်ရွှင်ရတယ်။သားသားလေးက ကျန်းကျန်းမာမာ နဲ့ မိဘကိုစိတ်ချမ်းသာအောင်ထားတယ်။ သူ့မှာ နေမကောင်းတာ ဆို မရှိဘူး။ မိဘကိုစိတ်ချမ်းသာ စေတယ်လေ။ သူ့ဆရာမကလည်း အထူးဂရုစိုက်တယ်။ ဒီခရီးကသူ့ အတွက် ပထမဆုံးခရီးပါပဲ။ မထင် မှတ်ဘဲ မိသားစုပါ စုံစုံညီညီလာ ဖြစ်သွားတာ တကယ်အံသြစရာ ဖြစ်သလိုပျော်စရာလည်းဖြစ်တယ်။ အဲဒီအပြင် ပန်ပန်ချစ်ခင်ရတဲ့ သူငယ်ချင်း ဥက္ကာမင်းမောင် Mister Tourism World 2016 Winner ဆုရတယ်ကြားတော့ ကြက်သီးတောင်ထတယ်။ ကိုယ့်သူငယ်ချင်းဆိုတော့ ပျော်လိုက်တာ။ သူက ကြိုးစားတယ်၊ တော်လည်းတော်တယ်။ မြန်မာနိုင်ငံက အရင်လိုမဟုတ်တော့ဘူး။ တိုးတက်လာပြီ၊ ပျော်လွန်းလို့ဒီနှစ်ကတော့ ပန်ပန့် အတွက်ပျော်စရာတွေတော်တော်များများကို ကြုံတွေ့ခဲ့ရတယ်။
ဒီခရီးစဉ်ပြီးရင်သားနဲ့အတူပြည်ပခရီးသွားဖို့ရှိသေးတယ်လို့ သိရပါတယ်။ အဲဒါလေးလည်း ပြောပြပါ ဦးရှင့်။
၂၈ ရက်နေ့ အစ်မတို့မိသားစု ဘန်ကောက်သွားဖို့ ရှိတယ်။ သားက ငယ်သေးတော့ ဘန်ကောက်လောက်ပဲ သွားနိုင်ဦးမယ်။ သူ နည်းနည်းကြီးလာမှသူနဲ့ပတ်သက်တဲ့ အလှူအတန်းတွေ၊ ခရီးစဉ်တွေကို အမှတ်တရဖြစ်အောင် လုပ်ပေးမယ်။ အခုပုဂံအလိုတော် ပြည့်ဘုရားကို အရင်ဆုံးခေါ်လာ ဖြစ်တာက ပုဂံအလိုတော်ပြည့် ဘုရားမှာ ဆုတောင်းကြပြီး သားလေးက အစ်မတို့ဘဝထဲကိုရောက်လာတယ်။ သူ့ကို ပုဂံဘုရားကို ပို့ချင်တာလည်းပါတယ်။ ၂ လ ဆိုတာက ငယ်သေးတယ်။ ခရီး မသွားစေချင်ကြပေမယ့် ပုဂံသားလေးဆိုတော့ ပုဂံမြေကိုနင်းစေချင်တဲ့ဆန္ဒကြောင့်ပါ။
မပန် ဘယ်အချိန်လောက်မှ အနုပညာအလုပ်ကို ထဲထဲဝင်ဝင်ပြန်လုပ်ဖြစ်ပါမလဲ။
အခု ဒီဘုရားပွဲမှာဆိုဖြစ်တာ က သားကိုမွေးပြီး ပထမဆုံး ပြန်လုပ်ဖြစ်တဲ့ အနုပညာအလုပ် ဖြစ်တယ်။ အစက သူခြောက်လပြည့်မှ အနုပညာအလုပ်တွေ ပြန်လုပ်မယ် စဉ်းစားထားတာ။ အနုပညာသမားဆိုတော့ အနုပညာပိုးက အမြဲရှိနေတယ်လေ။ သူနို့ဘူးစို့တတ်အောင် စကျင့်ပေးနေတယ်။ သူစို့တတ်သွား ပြီဆိုရင်တော့ ပန်ပန် အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာပါ။
များသောအားဖြင့် မင်းသမီးတွေက အိမ်ထောင်ပြုကလေးရလာပြီဆို အနုပညာအလုပ်ထက် မိသားစုကို အချိန်ပိုပေးလိုက်တာကများတယ်နော်။ မပန်ကရောအနုပညာ အလုပ်ကို ဘယ်အချိန်အထိ လုပ်သွားမှာပါလဲ။
ပန်ပန် အခုဆိုသားလေးကို မိခင်နို့တစ်မျိုးပဲ တိုက်တာဆိုတော့ မခွဲထားချင်ဘူး။ သားကိုခွဲလည်း မခွဲနိုင်ဘူး။ မပန် သွားရာနောက် ကိုခေါ်တာ။ သူကတော့ပျော်နေ တာ မငိုဘူး၊ ဂျီမကျဘူး။ အဲဒါ လည်း ကံကောင်းတာပဲပြောရမယ်။ သူ့အဖေက မပန်အနုပညာအလုပ် လုပ်ရင် ပြန်ခွင့်ပြုမလားလို့ ပရိ သတ်တွေကမေးကြတယ်။ မင်း သမီးကိုယူထားတာလေ၊ အနုပညာအလုပ်လုပ်တာ ခွင့်ပြုရမှာပေါ့။ အစ်မကသာ သားသားကို လွမ်းနေတာ။ ဘယ်သွားသွား စိတ်က သူ့ဆီမှာပဲ။ အချိန်တော့ကန့်သတ် မထားဘူး။ အခြေအနေနဲ့ အချိန်အခါပါပဲ။
၂ဝ၁၇ ခုနှစ်ထဲမှာ အနုပညာ အလုပ်တွေ လက်ခံထားတာရော ရှိပါသလား။
တစ်နှစ်လုံးနီးပါးပဲ။ ဗီဒီယို ရော၊ ရုပ်ရှင်ရောလက်ခံထားတယ်။ ရုပ်ရှင်ကားကြီးက တစ်လပိုင်းရိုက် မယ်။ ”နေရယ်၊ လရယ်၊ အမှန် တရားရယ်” ပြန်ရိုက်မယ်။ ဒါတွေ ကအချိန်ပိုပေးရတယ်။ ရန်ကုန်မှာ မဟုတ်ဘဲ နယ်ဆိုလည်း သားကို ခေါ်ရမှာပဲကိုယ်ကမခွဲနိုင်ဘူး။ အဆို ဘက်မှာလည်း တစ်ကိုယ်တော် VCD အခွေမြန်မြန်ပြီးအောင် ကြိုးစားနေတယ်။ အခုက ကလေး တစ်ဖက်နဲ့ဆိုတော့ လုပ်နေရတာ အချိန်ကြာသွားတယ်။ VCD ထဲမှာ အစ်မအမျိုးသားလည်းပါတယ်။ သားသားကတော့ မပါလောက်ဘူး။ သီချင်း ၇ ပုဒ်လောက်ပြီးပြီ။
ထူးထူး မေးမြန်းတင်ဆက်သည်