တံခါး ဖွင့်ထားသည့် (၂၁)ရာစု ပင်လုံညီလာခံသို့ အားလုံးလာရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဖိတ်ခေါ်

တံခါး ဖွင့်ထားသည့် (၂၁)ရာစု ပင်လုံညီလာခံသို့ အားလုံးလာရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဖိတ်ခေါ်
December 15, 2016 Asian Fame

5:03 am
တံခါး ဖွင့်ထားသည့် (၂၁)ရာစု ပင်လုံညီလာခံသို့ အားလုံးလာရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဖိတ်ခေါ်
မူဆယ်တိုက်ပွဲအတွင်း ရန်သူ၏ တိုက်ခိုက်မှုကို ရွပ်ရွပ်ချွံချွံခုခံ ကာကွယ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတော် ဒုတိယသမ္မတက  ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆုချီးမြှင့်ခဲ့သည်။

မူဆယ်တိုက်ပွဲအတွင်း ရန်သူ၏ တိုက်ခိုက်မှုကို ရွပ်ရွပ်ချွံချွံခုခံ ကာကွယ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတော် ဒုတိယသမ္မတက
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆုချီးမြှင့်ခဲ့သည်။

PNews
နေပြည်တော်၊ ဒီဇင်ဘာ ၁၂

လက်နက်ကိုင်စွဲသည့် လမ်းစဉ် ဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်၊ ထို့အတွက်ကြောင့် တံခါးဖွင့်ထားသည့် (၂၁)ရာစု ပင်လုံ ညီလာခံသို့ အားလုံးလာရောက်ကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက တိုက်ပွဲများဖြစ်နေသော ရှမ်းမြောက်ဒေသသို့ သွားရောက်စဉ်  အားလုံးကို ဖိတ်ခေါ်လိုက်သည်။

တိုက်ပွဲ ဖြစ်ပွားနေသည့် ရှမ်း မြောက်ဒေသသို့ တိုက်ပွဲစတင်ဖြစ်ပွား ပြီး ၂၁ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော် အကြီးအကဲတစ် ဦးအနေဖြင့် ယင်းဒေသ (မူဆယ်မြို့)သို့ ၄င်းသွားရောက်စဉ် အထက်ပါ စကားကိုမိန့်ခွန်းထဲ ထည့်ပြောခဲ့ပြီး (၂၁) ရာစု ပင်လုံညီလာခံသည် နိုင်ငံ ရေး ပြဿနာများကို အဖြေရှာမည့် တစ်ခုတည်းသော စားပွဲဝိုင်းပင် ဖြစ် ကြောင်း အားလုံးကို ရှင်းပြခဲ့သည်။

တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည် သူများ သေဆုံးခဲ့ရခြင်းများ၊ ထိခိုက် ဒဏ်ရာရရှိခဲ့ရခြင်းများနှင့် စစ်ဘေး တိမ်းရှောင်နေကြရခြင်းများ သည် တိုင်းပြည်အတွက် အထူးဆုံးရှုံးနစ်နာ ရသလို တိုင်းပြည်အတွက်လည်း များ စွာဝမ်းနည်းစရာကောင်းကြောင်း နိုင်ငံ တော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော် ဒုတိယသမ္မတဦးဟင် နရီဗန်ထီးယူနှင့် အတူလိုက်ပါသွား သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မိမိတို့နိုင်ငံ၏ အချုပ်အ ခြာအာဏာ မထိခိုက်မဆုံးရှုံးစေရန် တရားဥပဒေ စိုးမိုးမှုရရှိစေရန်၊ မိမိတို့ ပြည်သူ များ၏ စိုးရိမ်ပူပန်မှု၊ အသက် အိုးအိမ်စည်းစိမ် ဆုံးရှုံး ထိခိုက်မှုများ မရှိရလေအောင် စိုးရိမ်ကြောင်းအဆို ကို လွှတ်တော်တွင် မှတ်တမ်းတင်ထား ရှိပါကြောင်း ပြောသည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့ မနက် ပိုင်းက မူဆယ်မြို့၌ စတင် ဖြစ်ပွား ခဲ့သည့် တစ်ဖက်မှစတင် တိုက်ခိုက်ရာ မှစသည့် တိုက်ပွဲသည် ယနေ့အချိန်အ ထိ မပြီးပြတ်သေးဘဲ ကွတ်ခိုင်၊ မုံးကိုး စသည်အထိ ကူးစက်သွားသည်။

ရက်၂ဝကျော်ကြာ ကြာမြင့်နေ သည့် ယင်းတိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ ဝင် ၁၅ ဦး၊ ပြည်သူ့စစ် ၁ဦး၊အရပ် သား ၂ဝ ဦးအထိ သေဆုံးခဲ့ပြီး၊ ဒဏ် ရာရသူ ၆ဝ ကျော်အထိ ရှိနေသည်။

ဒုတိယသမ္မတက တိုက်ပွဲကြောင့်  အထူးသဖြင့် သက်ကြီးရွယ်အိုများ၊  ကလေးသူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများနှင့် ကျောင်း သား၊ ကျောင်းသူများ ဒုက္ခရောက်ကြရပါ ကြောင်း ပြောသည်။

တိုက်ပွဲကိုစတင်ခဲ့သည့် KIA အပါအဝင် တိုင်းရင်းသားလက်နက် ကိုင် အချို့ကို အကြမ်းဖက်အဖွဲ့အ စည်းများအဖြစ် သတ်မှတ်ေ ကြာင်းနှင့် ၄င်းတို့၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ရှမ်းပြည်နယ် လွှတ်တော်က ကြေညာ ထားသည်။

တပ်မတော်က ထိုးစစ်ဆင်နေ သဖြင့် ၄င်းတို့က ကန့်သတ် စစ်ဆင်နွှဲ နေခြင်းဖြစ်သည်ဟု အဆိုပါလက်နက် ကိုင်အဖွဲ့များက ပြောဆို ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*