တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာ မပါဝင်ကြောင်း မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားထုတ်ဝေသွားရန် အထောက်အထားများ စုဆောင်းနေပြီ

တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာ မပါဝင်ကြောင်း မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားထုတ်ဝေသွားရန် အထောက်အထားများ စုဆောင်းနေပြီ
December 14, 2016 Asian Fame

6:52 am
တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာ မပါဝင်ကြောင်း မြန်မာ့သမိုင်းဖြစ်ရပ်မှန် ရေးသားထုတ်ဝေသွားရန် အထောက်အထားများ စုဆောင်းနေပြီ

အိမ်စည်စိုးစံ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

တိုင်းရင်းသား မျိုးနွယ်စုများ တွင် ရိုဟင်ဂျာမပါဝင်ကြောင်း မြန် မာ့သမိုင်းဖြစ်ရပ်မှန်ကို ရေးသားပြု စုထုတ်ဝေသွားရန် အထောက်အ ထားများစုဆောင်းနေပြီဟု  မြန်မာ့ သမိုင်းအဖွဲ့ အတွင်းရေးမှူး ဒေါက် တာကျော်ဝင်းက ပြောသည်။

ဒီဇင်ဘာလ ၁ဝ ရက်တွင် အ မျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ မြန်မာ့သမိုင်းအဖွဲ့ အစည်းအဝေး ခန်းမ၌  သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် သမိုင်းပညာ ရှင်များ ပါဝင်သော မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေး အဖွဲ့တို့တွေ့ဆုံရာတွင် ပြည်ထောင် စုဝန်ကြီးက ရှေးမြန်မာ့သမိုင်းရာဇဝင်များတွင်လည်းကောင်း၊ ကိုလို နီခေတ်တွင်လည်းကောင်း၊ တိုင်း ရင်းသား မျိုးနွယ်စု ၁၃၅ မျိုးတွင် လည်းကောင်း ရိုဟင်ဂျာဆိုသည့် စကားလုံးနှင့်အသုံးအနှုန်းများ ရေး သားဖော်ပြမှုမရှိကြောင်း   လေ့လာ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၌ ရှေးယခင်ကတည်းက ရိုဟင်ဂျာလူ မျိုး မရှိခဲ့သော်လည်း ပြည်တွင်း/ ပြည်ပရှိ မလိုလားသူများ က ရိုဟင် ဂျာလူမျိုးရှိကြောင်း လှုံ့ဆော်ရေး သား၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပုံရိပ်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် နှင့် မတည်မငြိမ်ဖြစ်စေ ရန် ရည် ရွယ်ကာ မြန်မာနိုင်ငံ၏အရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်ပြီး လုပ်ကြံဖန်တီး ပြောဆိုရေးသား ထုတ်လွှင့် ဖြန့်ချိနေသည် မှာ ကာ လအတန်ကြာခဲ့ပြီဖြစ်ကြောင်း၊ ထို သို့ မြန်မာ့သမိုင်း၌ တိုင်းရင်းသား လူမျိုးနှင့်မျိုးနွယ်စုများတွင် ရိုဟင် ဂျာစကားလုံးနှင့် အသုံး အနှုန်းမှာ မည်သည့်အချိန်ကာလကမျှ မရှိခဲ့ သည့်ဖြစ်ရပ်မှန်များကို သမိုင်း ပညာရှင်များက ရှေးမြန်မာ့သမိုင်း ရာဇဝင်၊ ခေတ်အဆက် ဆက် ရေး သားပြုစုခဲ့သည့် သမိုင်းမှတ်တမ်း စာအုပ်များ၊ အခြားအထောက်အ ထား အကိုးအကားများဖြင့် ပြည့် ပြည့်စုံစုံရေးသားပြုစု ၍ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်တို့ထံ တင်ပြအတည်ပြုချက် ရယူသွားမည်ဟု ပြည်ထောင်စုဝန် ကြီးသူရ ဦးအောင်ကိုက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာသမိုင်းဖြစ် ရပ်မှန်တွင် တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ရိုဟင်ဂျာမပါဝင် ကြောင်း သမိုင်းမှတ်တမ်းရေးသား ထုတ်ဝေနိုင်ရန်အတွက် အထောက် အထားများ စတင်စုဆောင်းနေခြင်း ဖြစ်သည်ဟုလည်း မြန်မာသမိုင်းအ ဖွဲ့အတွင်းရေးမှူး ဒေါက် တာကျော် ဝင်းက ပြောသည်။

”ရေးဖြစ်ရတဲ့ အကြောင်းအ ရင်းတော့ အခုက ဒီဟာနဲ့ပတ်သက် ပြီး တော်တော်များများက အာရုံ စိုက်နေကြတယ်လေ။ သမိုင်းဖြစ် ရပ်အမှန်ကို လူတွေသိသွားအောင် ဆိုပြီး ရေးဖြစ်ဖို့ အကြောင်းဖြစ်လာ တာပါ။ အခုတော့ အထောက်အ ထားစုတဲ့အဆင့်ပဲ ရောက်သေး တယ်။ အမြန်ဆုံးတော့ ထွက်လာ အောင်လုပ်မှာပါ။ အဲဒီဟာကနေ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်လိမ့် မယ်လို့ ထင်ပါတယ်”ဟု ၄င်းက   ပြောသည်။

အဆိုပါ မြန်မာ့သမိုင်းဖြစ်ရပ် မှန်စာအုပ်အား ပြည်တွင်းပြည်ပ စာဖတ်ပရိသတ်များနှင့် အများ ပြည်သူလေ့လာသိရှိနိုင်ရန် သမိုင်း ပညာရှင်များက အထောက်အထား များ ဝေဆာစွာဖြင့်ရေးသား ပြုစု၍ ထုတ်ဝေဖြန့်ချိသွားမည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*