အင်ဒိုနီးရှားပြန် မြန်မာရေလုပ်သားများ အလုပ်ရရှိရန် အခက်အခဲဖြစ်နေဆဲ

အင်ဒိုနီးရှားပြန် မြန်မာရေလုပ်သားများ အလုပ်ရရှိရန် အခက်အခဲဖြစ်နေဆဲ
December 14, 2016 Asian Fame

7:50 am
အင်ဒိုနီးရှားပြန် မြန်မာရေလုပ်သားများ အလုပ်ရရှိရန် အခက်အခဲဖြစ်နေဆဲ

worker-copy

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီးနားကျွန်း တွင် ကျွန်ပြုခိုင်းစေခံရပြီး မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသော လုပ် သားများအလုပ်အ ကိုင်အတွက် အခက် အခဲများ ရှိနေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေလုပ်သားများ သည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီးနားကျွန်းမှ ပြန်လည်ရောက်ရှိလာသူ များဖြစ်ပြီး ၄င်းတို့ကို အစိုးရအလုပ်သမားဝန်ကြီး ဌာနနှင့် အလှူရှင်များက သွားရောက် ခေါ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားမှပြန်လာသော ရေလုပ် သားများထဲမှ တစ်ဦးဖြစ်သည့် ကိုလှိုင် မင်းက ”ကျွန်တော်ပြန်ရောက်တာ တစ် နှစ်ကျော်ပြီ။ ကျွန်တော့်လို လပိုင်းပဲကွာ ပြီး ပြန်ရောက်တဲ့သူတွေလည်း အဲ့ဒီ လိုပဲ။ တစ်နှစ်ကျော်ကြာတဲ့ ဒီနေ့ထိ အ လုပ်အကိုင် တစ်စုံတစ်ရာ
မရရှိသေး ဘူး။ ကျွန်တော်တို့ကို ပြန်ခေါ်လာတုန်း က မြန်မာနိုင်ငံပြန်ရောက်ရင် အားလုံး အဆင်ပြေအောင်လုပ်ပေးမယ်၊ အလုပ် အကိုင် အားလုံးအဆင်ပြေအောင် လုပ် ပေးမယ်ပြောပြီး ဒီနေ့ထိ အဆင်မပြေ သေးဘူး”ဟု ပြော သည်။ ယင်းအတွက် အင်ဒိုနီးရှားမှ မြန် မာနိုင်ငံသို့ ပြန်လာ သည့် တိုင်းနှင့်ပြည်နယ်အလိုက် အ လုပ်သမားများကိုစုထားပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွား မည်ဖြစ် ကြောင်း ဧရာဝတီတိုင်းနေ အင်ဒိုနီးရှား မှ ပြန်လာသည့် ရေလုပ်သားတစ်ဦးဖြစ် သူ ကိုအောင်စိုးက ဆိုသည်။

အလုပ်အကိုင်ရရှိရန် အခက်အခဲ ဖြစ်နေကြောင်း ယခုနှစ် အောက်တိုဘာ လအတွင်းက အလုပ်သမားဝန်ကြီးဌာန သို့ အကြောင်းကြား ထားသော်လည်း ယနေ့တိုင် တစ်စုံတစ်ရာထူးခြားမှု မရှိ သေးသည့်အတွက် ယခုကဲ့သို့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်   ကြောင်း ၄င်းကဆိုသည်။

”ကျွန်တော်တို့ ပထမဒီဇင်ဘာ ဒုတိယအပတ်ထဲ လုပ်မလို့ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာနေတဲ့ အလုပ်သမားတွေက ရန်ကုန်ကိုလာ ရောက်ဖို့ လောလောဆယ် အခက်အခဲ ဖြစ်နေလို့ သတင်းစာရှင်းလင်းပွဲကို ဒီ ဇင်ဘာ နောက်ဆုံးအပတ်ထဲရွှေ့လိုက်ရ တာပါ” ဟု ၄င်းကဆိုသည်။ သတင်းစာ ရှင်းလင်းပွဲကို ဒေသအလိုက် အင်ဒိုနီး ရှားမှ ပြန်လာသော အလုပ်သမား ၅ဝ ကျော်  စုပေါင်းပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားမှ ပြန်လာသောအလုပ် သမားများကို သွားခေါ်စဉ်က အစိုးရက အလုပ်သမားများပြန်လည်ရောက်ရှိ လာပါကတိုင်းဒေ သကြီး အစိုးရအစီအ စဉ်ဖြင့် ဒေသရှိ အလုပ်သမားရုံးများ အကူအညီဖြင့် အလုပ်ရှာဖွေပေးမည် ဟု ကတိပေး ပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သား ရေးရာဌာနမှညွှန်ကြားရေးမှူး ဦးသိန်း ဝင်းက”သူတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်မှုက ပြဿနာဖြစ်နေတာပေါ့ နော်။ ပြီးတော့သက်ဆိုင်ရာအလုပ်သမား ရုံးမှာ မှတ်ပုံတင်ပြီး အလုပ်အကိုင် လို အပ်တဲ့အကြောင်း အကြောင်းကြားဖို့က လည်းလိုသေးတယ်။ ဒီကိစ္စကို ပြောရ ရင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ က တာဝန် ယူဆောင်ရွက်တာဖြစ်တော့ ကျွန်တော်တို့ ပြောရခက်ပါတယ်” ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ကျွန်း များတွင် ရေလုပ်သားများ ကျွန်ပြုနှိပ် စက်ခိုင်းစေခံနေရကြောင်းကို AP သတင်းဌာနက ထုတ်ဖော်ရေး သားပြီး နောက်ပိုင်းတွင် အဆိုပါရေလုပ်သား ထဲမှ မြန်မာရေလုပ်သားများကို အစိုးရ က သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*