ထိုင်း လိပ်ကျွန်း လူသတ်မှု အပြီးသတ် ပြီးပြတ်ရန် အချိန် ကြာမြင့်ဦးမည်

ထိုင်း လိပ်ကျွန်း လူသတ်မှု အပြီးသတ် ပြီးပြတ်ရန် အချိန် ကြာမြင့်ဦးမည်
December 14, 2016 Asian Fame

6:51 am
ထိုင်း လိပ်ကျွန်း လူသတ်မှု အပြီးသတ် ပြီးပြတ်ရန် အချိန် ကြာမြင့်ဦးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ထိုင်းလိပ်ကျွန်း လူသတ်မှု အ ပြီးသတ် ပြီးပြတ်ရန် အချိန်ကြာမြင့် ဦးမည်ဖြစ်ကြောင်း အဆိုပါအမှု တွင် ကူညီဆောင်ရွက်နေသော တာဝန်ရှိသူများက ဆိုသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုသည် ယနေ့ဆိုလျှင် ၂ နှစ်ကျော် ကြာမြင့် ခဲ့ပြီဖြစ်သည်။

အဆိုပါ လိပ်ကျွန်းလူသတ်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံခဲ့ရသော မြန်မာလုပ်သား ‘ဝင်း’နှင့် ‘ဇော်’ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ထိုင်းနိုင်ငံတရားရုံးကသေ ဒဏ်ချမှတ်ခဲ့ပြီး အယူခံအဆင့်ဆင့် တက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါအမှုမှာ ယနေ့ ထိ ၂ နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း အမှုအတွက် အပြီးသတ်အမိန့်ချ နိုင်ရေး အချိန်ကြာမြင့်နေ ဦးမည် ဖြစ်ကြောင်း ယင်းအမှုတွင် ကူညီ ဆောင်ရွက်နေသည့် ထိုင်းအခြေ စိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”သူတို့ တရားရုံးတွေရဲ့ လုပ် ထုံး လုပ်နည်းက အဲလောက်မမြန် ဘူး။ အယူခံတရားရုံးဘက်က အ ထောက်အထားတွေ၊ အမှုတွဲတွေ၊ စာရွက်စာတမ်းတွေ ပြန်စစ်ရဦးမှာ၊ အယူခံတရားရုံးက အနည်းဆုံး ၆ လတစ်နှစ်လောက်ကြာတယ်။ အဲ ဒီကပြီးရင်အမြင့်ဆုံးကတော့ တ ရားလွှတ်တော်ချုပ်ပေါ့။ တရား လွှတ်တော်ချုပ်က စီရင်ချက်ကျမှ အတည်ဖြစ်တာ။ အမှုတစ်ခုက အ နည်းဆုံး ၃ နှစ်နဲ့အထက်ကြာတယ်၊ ငါးနှစ်လောက်ကြာတာလည်း ရှိ တယ်။ အဲဒီတော့ အယူခံတရား ရုံးဘက်က စီရင်ချက်ချဖို့ကကြာဦး မှာပါ”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ‘ဝင်း’ နှင့် ‘ဇော်’ ကို ထောင်ဝင်စာတွေ့ဆုံရန်အတွက် ၄င်းတို့၏ မိဘများ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

   လိပ်ကျွန်းအမှုအတွက် လက်ရှိ တွင် အယူခံတရားရုံးမှ ချမှတ်မည့် နောက်ဆုံးအမိန့်ကို စောင့်လျက်ရှိ ပြီး လာမည့် ၂ဝ၁၇ ခုနှစ် နှစ်ဆန်း ပိုင်းတွင် အယူခံတရားရုံးအမိန့်ချနိုင်ဖွယ်ရှိကြောင်း  မြန်မာသံရုံးအ ထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် က ပြောသည်။

အယူခံတရားရုံးသို့ တင်ပြသည့် အယူခံလွှာသည် စာမျက်နှာ ၁၉၈ မျက်နှာပါရှိပြီး သေဒဏ်ချမှတ်ခံ ထားရသော မြန်မာလုပ်သားနှစ်ဦး ကို ပြစ်ဒဏ်မှလျှော့ပေါ့ပေးရန်DNA နှင့်ပတ်သက်၍ အားနည်း ချက်၊ ကွဲလွဲချက်များကို အများဆုံး ရေးသားခြင်းဖြစ်သည်။

”လိုချင်တဲ့ အဖြေမရရင် အန် ကယ်တို့ဘက်က တရားလွှတ်တော် ကိုတက်မှာပါ။ ဥပဒေအရ အပြစ် မရှိသူကို တရားရုံးက အပြစ်မှ လွှတ် ပေးဖို့သာ အန်ကယ်တို့က ကြိုးစား မှာပါ”ဟု ဦးအောင်မျိုးသန့်က ဆို သည်။

ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ် မှုဖြင့် သေဒဏ်ပေးခံထားရသောမြန် မာလုပ်သားနှစ်ဦးကိစ္စနှင့် ပတ်သက် ၍ မြန်မာ့တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြီးခဲ့သည့် နိုဝင် ဘာလ ၂၂ ရက် နေ့က ထိုင်းတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာပေါင် ဆုရဖုံ ဆု ဝမ်နအပ်နှင့် တွေ့ဆုံစဉ် ‘ဝင်း’ နှင့်  ‘ဇော်’ကို တရားရုံးမှ အပြစ်မရှိ ကြောင်း အမိန့်ချပါက အမြန်ဆုံး   ပြန်လွှတ်ပေးရန်၊ အပြစ်ရှိသည်ဆို ပါကလည်း ကြီးလေးသော အပြစ် ဒဏ်ဖြစ်ပါက လျှော့ပေါ့စဉ်းစားပေး စေရန်၊ သေးငယ်သော အပြစ်ဒဏ် ဖြစ်ပါက ပပျောက်ပေးစေရန်အ တွက် အလေးထားစဉ်းစားပေးရေး မေတ္တာရပ်ခံ ပြောကြားခဲ့သည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*