စာကြည့်တိုက်ဆိုင်ရာသတင်းအချက်အလက်များ Save the Library App တွင် တစ်စုတစည်းတည်း ရရှိနိုင်မည်

စာကြည့်တိုက်ဆိုင်ရာသတင်းအချက်အလက်များ Save the Library App တွင် တစ်စုတစည်းတည်း ရရှိနိုင်မည်
December 8, 2016 Asian Fame

4:28 am
စာကြည့်တိုက်ဆိုင်ရာသတင်းအချက်အလက်များ Save the Library App တွင် တစ်စုတစည်းတည်း ရရှိနိုင်မည်

အိမ်စည်
ရန်ကုန်၊ ဒီဇင်ဘာ ၂

စာကြည့်တိုက်များနှင့်စာပေချစ်မြတ်နိုးသူများအတွက် စာအုပ် စာပေများနှင့်စာကြည့်တိုက်များ ဆိုင်ရာ သတင်းအချက်အလက်များ သိရှိရယူလိုပါကတစ်စုတစည်းတည်း ရရှိနိုင်မည့်Save the Library Application  ရရှိပြီဖြစ်သည်။

Save the Library Application တွင် မြန်မာနိုင်ငံတစ်ဝန်း လုံးရှိစာကြည့်တိုက်များအကြောင်း အသေးစိတ်အချက်အလက် များ နှင့်တကွ ဆက်စပ်အကြောင်းအရာ များကို အချိန်နှင့်တပြေးညီသိရှိ၍ လွယ်ကူလျင်မြန်စွာ ချိတ်ဆက် အသုံးပြုနိုင်သွားစေရန် ဖော်ပြ   ပေးထားသည့် အက်ပလီကေးရှင်း ဖြစ်သည်။ ၄င်းတွင် စာကြည့်တိုက် များ၊ သတင်းများ၊ စာအုပ်အညွှန်း များ၊ Resource Center၊ ဗီဒီယို များနှင့် Save the Library ဟူ၍ ပါရှိသည်။

စာကြည့်တိုက်များတွင် ပြည် တွင်းရှိ စာကြည့်တိုက်များနှင့် ပတ် သက်သည့် အကြောင်းအရာများ ကို စာကြည့်တိုက်အမည်၊ လိပ်စာ ဖုန်းနံပါတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထည့်သွင်း ဖော်ပြပေးထားသည်။ သတင်း များတွင် စာကြည့်တိုက်ဆိုင်ရာနှင့် စာပေဆိုင်ရာ ပွဲအခမ်းအနားများ ကို ကြိုတင်ဖော်ပြပေးထားသည်။ စာအုပ်အညွှန်းများတွင် စာအုပ် အမည်၊ စာရေးသူ၊ စာအုပ်တိုက် အမည်နှင့် စာအုပ်ပါအကြောင်း အရာအချို့ကိုပါ စာဖတ်ညွှန်း အနေဖြင့် ထည့်သွင်းဖော်ပြပေး ထားသည်။ ထို့ပြင် စာပေအမျိုး အစားအလိုက်နှင့်စာရေးသူ အမည် အလိုက်ကိုလည်း ထည့်သွင်းဖော် ပြပေးထားသည်။ ဗီဒီယိုများမှာ မကြာမီကာလတွင်ရရှိရန် လုပ် ဆောင်လျက်ရှိပြီး ဖြစ်သည်။

”ဒီထက်ပိုပြီး အဆင့်မြင့် အောင်လုပ်သွားဖို့လည်းရှိပါ တယ်။ နောက်ဆိုရင် သတင်းတွေ အနေနဲ့အပြင် ဗီဒီယိုဖိုင်တွေကနေ စာပေေ ဟာပြောပွဲတွေပါရအောင် လုပ်သွားမယ်” ဟု စာကြည့်တိုက် များကွန်ရက်မှ ကိုမောင်မောင်စိုး က ပြောသည်။

အဆိုပါSave the Library Application ကို ရယူလိုပါက ဖုန်း တွင်ပါရှိသော Play Store Application ပေါ်တွင်  Save the Library Application  ကိုရိုက်နှိပ် ပြီး  ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။ ထို့အပြင့် https://m.facebook.com/savethelibrary­inmyan­mar/ တွင်လည်း ဝင်ရောက်လေ့လာ နိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*