အမှား ပြောနေရင် သမိုင်းက အမှားထဲက ဘယ်တော့မှ ထွက်မှာ မဟုတ်ပါဘူး

အမှား ပြောနေရင် သမိုင်းက အမှားထဲက ဘယ်တော့မှ ထွက်မှာ မဟုတ်ပါဘူး
December 8, 2016 Asian Fame

4:24 am
အမှား ပြောနေရင် သမိုင်းက အမှားထဲက ဘယ်တော့မှ ထွက်မှာ မဟုတ်ပါဘူး

sarpay

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

သမိုင်းကြောင်းဟူသည် လက် ရှိ ရောက်ရှိနေသည့် အကြောင်း အရာများနှင့်လည်း ဆက်နွှယ်နေ သောကြောင့် ပြည်သူများစိတ် ဝင်စားလေ့လာသင့်သည့် အကြောင်း အရာ တစ်ခုဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျင်းပခဲ့သည့် ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတော် တွင် ဖတ်ကြားခဲ့ကြသည့် စာတမ်း ရှင်များမှ စာတမ်းရှင်တချို့နှင့် တွေ့ဆုံ မေးမြန်းထား သည်များ ကို ဖော်ပြပေးလိုက်ပါသည်။

ဆရာသန်းစိုးနိုင်
စာပေသစ်လှုပ်ရှားမှု (တာရာကို ထွန်းညှိခြင်း)

ဒုတိယကမ္ဘာစစ် ပြီးခါစက ဖြစ်ပေါ်ခဲ့တဲ့ စာပေလှုပ်ရှားမှု ၁၉၄၅ ခုနှစ်ကနေ ၁၉၆ဝ ခုနှစ် ဝန်းကျင်အထိစာတမ်းပါ။ အခုက တော့ ၂၁ ရာစုဆိုတော့နည်းပညာ အကူအညီနဲ့ နိုင်ငံတကာအတွေ့ အကြုံတွေကို လူငယ်တွေလေ့လာ ခွင့်ရတာပေါ့။ လူငယ်တွေဆိုတာ ကလည်း အသစ်ကိုစိတ်ဝင်စားတာ ကိုး။ စိတ်ဝင်စားတော့ ၂ဝ ရာစု အစောပိုင်းမှာ မော်ဒန်စာပေ။ အခုဆိုရင်တော့ ပို့စ်မော်ဒန်စာပေတွေသူတို့ေ ထွးပွေ့ပြီးတော့ ရေး ဖွဲ့ကြတာကို တွေ့ရပါတယ်။ ကျွန်တော် ပြောချင်တာကတော့ စာပေသစ် လှုပ်ရှားမှုဆိုတာ နိုင်ငံ တကာစာပေေ တွက မဟုတ်ဘဲနဲ့ အမျိုးသားစာပေ ဖြစ်ပေါ်ထွန်း ကားမှု လမ်းကြောင်းအတွင်းမှာ စ ပြီးတော့ ဦးဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ဆရာဒဂုန်တာရာ၊ ဦီးသိန်းဖေမြင့်၊ ဆရာအောင်လင်းတို့က ဒီစာပေ သစ် ရေစီးကြောင်း ဖြစ်ထွန်းဖို့ အတွက် သူတို့တွေက ဆွေးနွေး ပြောဆိုရင်းနဲ့ တွန်း အားပေးခဲ့ ပညာပေးခဲ့တာတွေ။ အဲ့ဒီသမိုင်းကိုပြန်ပြီးမိတ်ဆက်ချင်လို့ ဒီ စာတမ်းကို ဖတ်ကြားတာပါ။ အသစ်လိုလားတဲ့ လူငယ်တွေ   နောက်ပြီးတော့ နိုင်ငံတကာမှာ သွားရောက်ပြီးတော့ ပညာသင် ကြားနေတဲ့ ကျောင်းသားတွေကနေ ပြီးတော့ အနောက်တိုင်းမှာ ခေတ် စားနေတဲ့ မော်ဒန် ပို့စ်မော်ဒန် စာပေတွေကို သူတို့မိတ်ဆက်ပေး ခဲ့ကြပါတယ်။ အဲဒါတွေက အသစ် ဖန်တီးချင်တဲ့ လူငယ်တွေ အတွက် အထောက်အကူ ပြုပါတယ်။ ဒါ ပေမယ့် မော်ဒန်၊ ပို့စ်မော်ဒန် အယူအဆတွေကို ကျွန်တော်က တော့ အမျိုးသားစာပေ ရေစီး ကြောင်း နဲ့ ပေါင်းစပ်ပြီးတော့  သွားစေချင်ပါတယ်။ ဆိုလိုတာက ဒီသီအိုရီ အယူအဆတွေနဲ့  ကျွန်တော်တို့ အမျိုးသားစာပေနဲ့ ဘယ်လို ပေါင်း စပ်ပြီးတော့ ဖန်တီး ကြမလဲဆိုတာကတော့ ကျွန်တော့် အနေနဲ့သူတို့အတွက် အကြံÓဏ် ပေးတိုက်တွန်းလိုက်တာပါ။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာစာပေရေစီး ကြောင်းဖြစ်တာကိုး။ အနောက် တိုင်း စာပေရေစီးကြောင်းမှ မဟုတ်တာ။ ဒီသဘောနဲ့ပြောတာ ပါ။

ဆရာထက်မြက်
(မြန်မာစာပေ လောကအပေါ် လက်ဝဲစာရေးဆရာများနှင့် လက်ဝဲ စာပေ လွှမ်းမိုးလာမှု)

ကျွန်တော်ဖတ်မယ့် စာတမ်း က လက်ဝဲစာပေ စာရေးဆရာ တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ စာပေမှာ အရင်ရော အခုအချိန် အထိလည်း အတိုင်းအတာတစ်ခု အထိပေါ့။ ဆရာသန်းစိုးနိုင် စာ တမ်းထဲမှာပါသလို အရင်တုန်းက တော့ မြန်မာစာပေမှာ လက်ဝဲ စာပေနဲ့ လက်ဝဲစာပေဆရာတွေရဲ့ သြဇာလွှမ်းမိုးလာတဲ့အနေအထား ပါပဲ။ ရည်ရွယ်ချက်ကတော့ မြန်မာ  စာပေမှာ တစ်ချိန်ကရှိခဲ့တဲ့ တကယ့်ထင်ရှားတဲ့ ဆရာကြီးတွေ ရဲ့စာက လက်ဝဲစာပေဖြစ်တယ်ဆို တဲ့အကြောင်းကို တင်ပြချင်တာပါ။ ဒီစာတမ်းကြောင့် စာပေရဲ့ သမိုင်း ကိုသိရမယ်။ အဲ့ဒီခေတ်ပြိုင်စာပေသမိုင်းကိုသိရမှာပါ။ အဲ့ဒီခေတ် စာပေသမိုင်းမှာ ဒါတွေရှိခဲ့တယ် ဆိုတာကို သိစေချင်တာပါ။ အခုခေတ်မှာတော့ အတိုင်းအတာ တစ်ခုထိပဲရှိတော့တယ်။ လွှမ်းမိုး မှုကတော့ အားနည်းသွားတယ်။

ဆရာ ဦးတင်ဝင်း
(မြန်မာနိုင်ငံ ပညာရေးသမိုင်း ၁၉၄၈-၆၂)     

ရေးထားတဲ့စာတမ်းက ပညာ  ရေးနဲ့ပတ်သက်ပြီးတော့ ၁၉၄၈ ခုနှစ်ကနေ ၆၂ ခုနှစ်အထိ ရေး ထားတာပါ။ လွပ်လပ်ရေးရပြီးတဲ့ အချိန်မှာ ယူနက်စကိုရဲ့ပံ့ပိုးမှုနဲ့ ပညာရေးအစီရင်ခံစာကို အခြေခံ ပြီး လုပ်ထားတယ်။ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေက စစ်ပြီးခါစဆို တော့ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးဘူး။ ကျောင်းအခက် အခဲ ရှိတယ်။ ဆရာအခက်အခဲရှိ တယ်။ အဲဒါတွေကို ဖြေရှင်းရင်းနဲ့ ဆရာ အတတ်သင်ကျောင်းတွေကို ဖွင့်ဖို့ ယူနက်စကိုက အစီရင်ခံသွား တယ်။ တက္ကသိုလ်မှာလည်း ဘီအီး ဒီ ဘွဲ့ပေးဖို့ လုပ်တဲ့အတွက်  အဲဒီ အတိုင်းလုပ်တဲ့အတွက် ၁၉၅၃မှာ မြန်မာနိုင်ငံရဲ့ပညာရေးက နာလန် ပြန်ထူလာပြီးတော့ ၆၂ ခုနှစ်ထိက မြန်မာနိုင်ငံမှာ ကျောင်းတွေလည်း အများကြီး တက်လာပါတယ်။ ဆရာတွေလည်း အများကြီးတက် လာပါတယ်။ အဲဒါကိုရေး ထား တာပါ။ ရည်ရွယ်ချက်ကတော့ သမိုင်းကို မှန်မှန်ကန်ကန် သိစေ ချင်လို့ လာဖတ်တာပါ။ သမိုင်း ဆရာ ဆိုတာ ဆွေမျိုးသားချင်း လည်း မရှိပါဘူး။ အမှန်ပဲပြော မှာပါ။ အမှားပြောနေရင် သမိုင်း ကအမှားထဲက ဘယ်တော့မှ ထွက် မှာ မဟုတ်ပါဘူး။ အဲဒီရည်ရွယ် ချက်ပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*