ဒီဇင်ဘာလမှစ၍ ပြည်ဝင်ဗီဇာကြေးများ တိုးကောက်ပြီ

ဒီဇင်ဘာလမှစ၍ ပြည်ဝင်ဗီဇာကြေးများ တိုးကောက်ပြီ
December 8, 2016 Asian Fame

4:42 am
ဒီဇင်ဘာလမှစ၍ ပြည်ဝင်ဗီဇာကြေးများ တိုးကောက်ပြီ

မေဇင်
နေပြည်တော်၊ ဒီဇင်ဘာ ၂

ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားအလိုက်စည်းကမ်းချက်များပြင်ဆင်ခဲ့ပြီး  ဗီဇာကြေး တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ဗီဇာကြေးမှာ နိုင်ငံတကာနှင့် ယှဉ်ပါကနည်းနေ သည်ဟု အခြားနိုင်ငံမှသံတမန်များ နှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်း အကြံပြုခြင်းကြောင့်တိုး ကောက်ရခြင်းဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အ မြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောသည်။

ယခင်က ဗီဇာကြေးများကို လျှော့ကောက်ခဲ့ပြီး ယခုအခါတွင် တခြားနိုင်ငံများတန်းတူ ကောက်ခံ ခြင်းလည်း ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန်က ထပ်ပြောသည်။

ကမ္ဘာလှည့်ဗီဇာအတွက် ယခင် က နေထိုင်ခွင့် ၂၈ ရက်အတွက် ဗီဇာကြေး ဒေါ်လာ ၂ဝ ကောက်ခံ ခဲ့ပြီး ယခုအခါနေထိုင်ခွင့်၂၈ ရက် အတွက် ဒေါ်လာ ၄ဝ ကောက်ခံ မည် ဖြစ်ကြောင်း သိရသည်။

”တခြား နိုင်ငံတွေသွားရင် ကျွန်တော်တို့ထက် ပိုပေးရတာတွေ ရှိတယ် ။ ကျွန်တော်တို့ နိုင်ငံက ဈေးပေါတဲ့အနေအထား ဖြစ်နေ တယ်။  အဲဒါကြောင့် လက်ရှိအနေ အထားမှာ အရင်တုန်းက စီးပွား ရေးပိတ်ဆို့တာတွေ ဘာတွေ ဖြစ် တော့ ဈေးနှုန်းတွေကို ချပေးထား တာ၊ အခုကတော့ ဘာပဲပြောပြော  အသွားအလာလည်း များလာပြီး စီးပွားရေး ပိတ်ဆို့တာတွေလည်း မရှိတော့လို့ သူများနဲ့ တန်းတူ   ကောက်တာ။ ကိုယ့်နိုင်ငံသားတွေ လည်း သူများနိုင်ငံသွားရင်ပေးရ တဲ့ အနေအထားတွေရှိတယ်” ဟု ၄င်းက ပြောသည်။

ဖြေလျှော့မည့် ပြည်ဝင်ခွင့်ဗီဇာ များတွင် နေထိုင်ခွင့်သက်တမ်း အ နည်းဆုံး ၂၈ရက်ကို အများဆုံး တစ် နှစ်အထိတိုးမြှင့်ထားကြောင်း အမြဲ တမ်းအတွင်းဝန်က ပြောသည်။

”နေထိုင်ခွင့်သက်တမ်း တိုးရင် တိုးသလောက် ဒေါ်လာလည်း တိုး မြှင့်ကောက်ခံသွားမှာပါ။ ဥပမာ ၃ လနေထိုင်မှာဆိုရင် ဒေါ်လာ ၂ဝဝ၊   ၆လဆိုရင် ဒေါ်လာ ၄ဝဝ၊ တစ်နှစ် ဆိုရင် ဒေါ်လာ ၆ဝဝ ပေးသွင်းရမှာ ပါ”ဟု ဦးမြင့်ကြိုင်ကထပ်မံဆိုသည်။

ဗီဇာများဆိုင်ရာ စည်းကမ်း ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာဝန် ကြီး ဌာနများနှင့် သံရုံးများသို့ စာ ပို့ အကြောင်းကြားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုးရှိပြီး ၄င်းတို့အနက် သံတမန်ဗီဇာ တစ် မျိုးတည်းသာ ယခင်ကရော  ယခု ပါ ဗီဇာကြေးပေးသွင်းစရာ မလို ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*