တိုင်းရင်းသား လူမျိုးစုများ၏စာပေများ ဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာပေပွဲတော် ကျင်းပမည်

တိုင်းရင်းသား လူမျိုးစုများ၏စာပေများ ဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာပေပွဲတော် ကျင်းပမည်
December 8, 2016 Asian Fame

4:30 am
တိုင်းရင်းသား လူမျိုးစုများ၏စာပေများ ဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာပေပွဲတော် ကျင်းပမည်

book-publishing-eain-si-copy

အိမ်စည်
ရန်ကုန်၊ ဒီဇင်ဘာ ၂

တိုင်းရင်းသား လူမျိုးစုများ၏စာပေများ ဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာပေပွဲတော်တစ်ရပ်ကို လာမည့် နှစ်အတွင်း ကျင်းပသွားနိုင်ရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ယင်းသို့ ကျင်းပနိုင်ရန် အတွက် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသားစာပေဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် လျက်ရှိ သည့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ တာဝန်ရှိသူများနှင့် ဆွေးနွေး လုပ်ဆောင် လျက် ရှိ သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ခေတ်ပြိုင်သမိုင်းဆိုင် ရာ စာပေစာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးေ ရာင်းပွဲ တော် ဖွင့်ပွဲအခမ်းအနားတွင် ပြော ကြားခြင်းဖြစ်သည်။

”တိုင်းရင်းသား လူမျိုးစုများ ရဲ့စာပေများ ဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲတွေနဲ့ စာပေပွဲတော်တစ်ရပ်ကို စည်စည် ကား ကား  ကျင်းပဖို့ စီစဉ်ဆောင် ရွက်နေတာ ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ စာပေနဲ့ ဘာသာစကားအကြောင်း ဆွေးနွေး တာတွေလည်း ရှိပါလိမ့် မယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဘာသာစကားပါမယ်။ စာပေပါ မယ်။ အဲ့ဒီအခါကျရင်လည်း ပုံမှန် ရှိတဲ့ စာပေအသိုင်းအဝိုင်း သာမက တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေးကို ဆွေးနွေးနေတဲ့ အခြားအဖွဲ့အစည်း တွေ နဲ့လည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီအတွက် သက်ဆိုင် ရာဝန်ကြီးဌာန အသီးသီး၊ ပြည် နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အသီးသီးက သက်ဆိုင် ရာပုဂ္ဂိုလ်များနဲ့ ဆွေးနွေးပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိတွင် ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၂ဝဝ ကျော်မှ စာအုပ်များလာရောက် ရောင်းချ ခြင်း သာမက  ၁၉၄၈ ခုနှစ်မှ မျက်မှောက်ကာလအထိ ခေတ် ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်း များကို နိုင်ငံရေး စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက် စာတမ်း ၁၄ စောင် ဖတ်ကြားခဲ့ကြသည်။

”ဒါတွေအားလုံးရဲ့ ရည်ရွယ် ချက်ကတော့ တစ်ခွန်းတည်းပြော ရရင်  မြန်မာစာပေ ဖွံ့ဖြိုးတိုးတက် ဖို့အတွက်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ လူကြီးတွေ လူငယ်တွေ စာဖတ်ကြ မယ်။ စာဖတ်တဲ့ အလေ့အထ ဝါ သနာ ပိုပြီးတော့ ဖွံ့ဖြိုးတိုး တက်လာ ဖို့ အတွက်ပါ။ ပြီးတော့ ဆွေးနွေးပွဲ တွေကနေ အသိအမြင်တွေဖလှယ် ပြီးတော့ ပိုပြီး အသိအမြင်တွေပြန့် ပွားအောင်ပါ။ အဲဒီထဲကနေအမှန် တရားကို ပြန်ပြီးရှာဖွေတဲ့ အလေ့အထ ထွန်းကားလာဖို့ စာဖတ် ခြင်း၊ ဆွေးနွေးနားထောင်ခြင်း၊   ပြန်လည်ရေး သားခြင်းကနေ ကြီးကြီးကျယ်ကျယ်ပြောရရင် မြန်မာတွေရဲ့လူသားအရင်းအမြစ် တွေ အရည်အသွေးပိုမြင့်မားလာဖို့လို့ပြော ချင်ပါတယ်”ဟုဦးဖေမြင့် က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် လာမည့်နှစ်အတွင်း၌ တိုင်းရင်းသား လူမျိုးစုများနှင့်ပတ် သက်သည့် စာပေပွဲတော်အပြင် မန္တလေး တိုင်းဒေသကြီးတွင်  ကလေးစာပေပွဲတော်တစ်ရပ် ကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ စာပေအသိုင်းအဝိုင်းနှင့် ဆွေးနွေး လုပ်ဆောင်သွားရန် စီစဉ် နေသည်ဟုလည်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*