ဘုရင့်အကြံပေးကောင်စီတစ်ခုကို ထိုင်းဘုရင်သစ် ဖွဲ့စည်းတာဝန်ပေး ခန့်အပ်

ဘုရင့်အကြံပေးကောင်စီတစ်ခုကို ထိုင်းဘုရင်သစ် ဖွဲ့စည်းတာဝန်ပေး ခန့်အပ်
December 7, 2016 Asian Fame

4:46 am
ဘုရင့်အကြံပေးကောင်စီတစ်ခုကို ထိုင်းဘုရင်သစ် ဖွဲ့စည်းတာဝန်ပေး ခန့်အပ်

thai-king-copy

PN-002
ဘန်ကောက်၊ ဒီဇင်ဘာ ၆

အဖွဲ့ဝင် ၁၁ ဦး ပါဝင်သော ဘုရင့်အကြံပေးကောင်စီတစ်ခုကို ထိုင်းဘုရင်သစ် မဟာဝဇီရလောင် ကွန်းက ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းကာ တာဝန်ပေးခန့်အပ်လိုက် ကြောင်း သိရသည်။

ယင်းအကြံပေးအဖွဲ့သည် သူ့ ဖခင်ဘုရင်ကြီးလက်ထက်က ဖွဲ့စည်း ခဲ့သော ဘုရင့်အကြံပေးကောင်စီ ဝင်ဦးရေထက်နည်းပါးပြီး၊ လက်ရှိ အာဏာပိုင်များထဲမှ နှစ်ဦး၊ တပ် မတော်ဗိုလ်ချုပ်အငြိမ်းစားတစ်ဦး နှင့် လက်ရှိစစ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး ပါဝင်သည်။
ထိုင်းဘုရင်သစ် မဟာဝဇီရ လောင်ကွန်းသည် ယခင်ဘုရင့်အကြံ ပေးအဖွဲ့ခေါင်းဆောင် ပရင်မ် တင်ဆူလာနွန်ဒါ အပါအဝင် ပုဂ္ဂိုလ် ၇ ဦးကိုမူ အကြံပေးအဖွဲ့ တွင် ဆက်လက်ထားရှိသည်။

ယခု ကောင်စီဝင်အသစ်ခန့်အပ်လိုက်သူများမှာ တပ်မတော် ဗိုလ်ချုပ်ကြီးအငြိမ်းစား သီရာချိုင်း နက်ကဝါနစ်ခ်ျ၊ တရားရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပိုင်ဘွန်း ကွန်မ်ချာရာ နှင့် ပညာရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဒါပွန် ရတနာဆူဝမ်တို့ဖြစ်ကြပြီး ဝန်ကြီးနှစ်ဦးမှာ လက်ရှိစစ်အစိုးရ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။

ယခုနှစ် အောက်တိုဘာလ ၁၃ ရက်က နတ်ရွာစံခဲ့သော ထိုင်း ဘုရင် ဘူမိဘောအဓူရာဒက်ဂ်ျ လက်ထက်က ဘုရင့်အကြံပေး  ကောင် စီမှာ အဖွဲ့ဝင် ၁၆ ဦးရှိခဲ့ သည်။

ref: Thailand’s New King Appoints a Smaller Council of Advisers

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*