ရေဆိုးစွန့် စက်ရုံများအား အရေးယူပေးရန်အဆိုကို ရန်ကုန်တိုင်း လွှတ်တော် အတည်ပြု

ရေဆိုးစွန့် စက်ရုံများအား အရေးယူပေးရန်အဆိုကို ရန်ကုန်တိုင်း လွှတ်တော် အတည်ပြု
December 5, 2016 Asian Fame

8:38 am
ရေဆိုးစွန့် စက်ရုံများအား အရေးယူပေးရန်အဆိုကို ရန်ကုန်တိုင်း လွှတ်တော် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံများအတွင်းမှ ထွက်ရှိသော ရေဆိုးစွန့်ပစ်မှုများ အား အရေးယူဆောင်ရွက်ပေးပါ ရန်အဆိုကို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှဒီဇင်ဘာလ ၁ ရက်နေ့ ကအတည် ပြုလိုက်ပြီဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၈)ရက်မြောက်နေ့ တွင် ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးကလည်း ထောက်ခံကြောင်းဆွေးနွေးခဲ့သည်။” ဥပဒေ၊ နည်းဥပဒေတွေအရ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း ရှိမရှိဆိုတာနဲ့ ဥပဒေပါပြစ်ဒဏ် တွေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ပါ၊ လူတွေက ကိုယ့်အခွင့်အရေးပဲရချင်ကြတယ် တာဝန်ပိုင်းတွေကျ ပျက်ကွက်နေတယ်။ ဘာတာဝန်လဲဆိုတော့ ကိုယ့်ဆီကထုတ်လွှတ်လိုက်တဲ့ ရေဆိုးတွေကို သဘာဝ ပတ်ဝန်းကျင် ကိုမထိခိုက်ဖို့သူတို့မှာ တာဝန်ရှိပြီးသားပါ” ဟု ယင်းအဆိုကို တင်သွင်းခဲ့သူ လှိုင်မြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောသည်။

အဆိုတင်သွင်းမှုတွင် ရေထုကို အဓိကထားပြောကြားသွားသည်ဟုဆိုသော်လည်း လက်တွေ့သဘာဝ ပတ်ဝန်းကျင်အကြောင်း စဉ်းစား သည့်အခါတွင် လေထု၊ မြေထု ညစ်ညမ်းမှုများကိုပါ ထည့်သွင်းစဉ်း စားရန်လိုကြောင်း၊ ကမ္ဘာကြီး၏ကျန်းမာရေးဖြစ်သောကြောင့် ယင်းအဆိုကို ထောက်ခံကြောင်း သင်္ဃန်းကျွန်းမြို့ နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောသည်။

ဆက်လက်၍ ဦးကျော်ကျော်ထွန်းက ” အရက်ချက်စက်ရုံတွေဆိုရင် ပမာဏအများကြီး ထုတ်လွှတ်နေတယ် ဂါလန်သိန်းနဲ့ ချီပြီးထုတ်လွှတ် နေတယ် အရက်ဆိုတာက လူတွေ ကိုဆိုးကျိုးသာပေးနိုင်ပြီး လူတွေ အတွက်မရှိမဖြစ်လည်း မဟုတ်ဘူး သူတို့ မှာအမြတ်တွေလည်း အများ ကြီးရတယ်။ ဒါကို ဒီလိုစွန့်ထုတ်မှု အပိုင်းတွေမှာ ဒီလောက်အများကြီး ကုန်ကျမှာ မဟုတ်ဘဲ အရေးယူခြင်း မရှိလို့ သာမလုပ်ကြတာ” ဟု ဆက် ပြောသည်။

အဆိုကို ယင်းနေ့က လွှတ်တော်တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၁၂ ဦးစလုံးက ထောက်ခံခဲ့ပြီး မြို့ တော်ဝန် ဦးမောင် မောင်စိုးကလည်း ” စိစစ်ကြပ်မတ်အရေးယူဆောင်ရွက်နိုင်ဖို့ အတွက် စက်ရုံတွေရဲ့ လုပ်ငန်းဆောင်ရွက် ခွင့်လိုင်စင်တွေကို နှစ်စဉ်သက်တမ်း တိုးတဲ့နေရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့် ရှင်းရေးဌာနမှာ အဲဒီစက်ရုံတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားမှုရှိမရှိ၊ ဆောင်ရွက်ထားရင်လည်း သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီမညီ စိစစ်ပြီးမှ အဲဒီစက်ရုံ အတွက် သက်တမ်းတိုးဆောင်ရွက်စေပါတယ်” ဟုဆိုသည်။ရန်ကုန်တိုင်းအတွင်းတွင် စက်မှုဇုန်၂၄ ဇုန်ရှိပြီး စက်ရုံပေါင်း ၃၂၆ဝ ကျော်ရှိကြောင်းသိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*