လူထု ဒေါ်အမာ၏ ၁ဝ၁ နှစ်မြောက်သို့ အမှတ်တရစကား

လူထု ဒေါ်အမာ၏ ၁ဝ၁ နှစ်မြောက်သို့ အမှတ်တရစကား
December 1, 2016 Asian Fame

8:03 am
လူထု ဒေါ်အမာ၏ ၁ဝ၁ နှစ်မြောက်သို့ အမှတ်တရစကား

tma

ယခုနှစ်၏ နိုဝင်ဘာ ၂၉ ရက်သည် လူထုဒေါ်အမာ၏ ၁ဝ၁ နှစ်မြောက် မွေးနေ့ရက်မြတ်ဖြစ်သည်။ လူထုဒေါ်အမာဟုဆိုလျှင် စာပေ အသိုင်းအဝိုင်း သတင်းစာအသိုင်းအဝိုင်းက ချစ်ခင်စွာဖြင့် ဒေါ်ဒေါ်၊ အမေ စသည်ဖြင့် လေးစားစွာခေါ်ဝေါ်ခဲ့သူဖြစ်သည်မို့ ၁ဝ၁ နှစ်ြေ မာက် အမှတ်တရအဖြစ် စာပေအသိုင်းအဝိုင်း နယ်ပယ်မှ ချစ်ခင်စွာပြောကြားပေးသည့် သတိတရ..အမှတ်တရ စကားအချို့ကို   ဖော်ပြပေးလိုက်ပါသည်။
 
ဒေါ်သန်းမြင့်အောင်

ကျွန်မတို့ စာပေလောကမှာ တော့ လူထုဒေါ်အမာဆိုတာ ကျွန်မတို့ရဲ့အမေဆိုလည်း ဟုတ် တယ်။ ဆရာသမား ဆိုလည်း ဟုတ်တယ်။ ကျွန်မတို့ စာရေး ဆရာတွေတင်မက မြန်မာနိုင်ငံ အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ နိုင် ငံရေးသမား ရဟန်းရှင်လူ ပြည်သူအားလုံးရဲ့ ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ပုဂ္ဂိုလ်တစ်ယောက် လည်းဖြစ်တယ်။ အမေဟာ ကျွန်မ အတွက်တော့ စံပြသူရဲကောင်း တစ်ယောက်ပါပဲ။

မသီတာ (စမ်းချောင်း)

ကျွန်မအတွက်တော့  လူထု ဒေါ်အမာဆိုတာက ကျွန်မတို့ ဆီမှာ ရှားရှားပါးပါး အများကြီး မရှိနိုင်တဲ့  အမျိုးသမီးစာရေးဆရာ သတင်းစာဆရာ တစ်ဦးပါ။ သူ့ရဲ့ ဖြတ်သန်းမှုတစ်လျှောက်လုံး ဆို ရင် စာပေလောကအတွက် အများ ကြီး အာရုံစိုက်ခဲ့တဲ့သူဖြစ် တယ်။  မြန်မာစာပေလောက အတွက် လုပ်ခဲ့တဲ့အပေါ်မှာတော့ မြန်မာ စာပေလောကက ပြန်ပြီး တုံ့ပြန် မှုက အင်မတန်အားနည်းခဲ့ တယ်။ အထူးသဖြင့်  အမျိုးသားစာပေဆု လိုမျိုးတွေ မရခဲ့ဘူးဆိုတာက အမျိုးသား စာပေဆုရွေးချယ်ရေး အဖွဲ့က နစ်နာသွားတာပေါ့။ သူက တော့ ဘာမှနစ်နာသွားစရာ မရှိ ဘူး။ သို့သော် အဲဒါမျိုးကို အမြဲ တမ်း သတိပေးနေတာပေါ့။ ကျွန်မ တို့ဆီမှာ အင်တန်ကောင်းတဲ့  အင်မတန်တော်တဲ့ ပညာရှင်တွေရှိ ခဲ့ပေမယ့် သူတို့ကိုလုံလုံလောက် လောက် ကျွန်မတို့နိုင်ငံက အသိ အမှတ်ပြုခဲ့ရဲ့လားဆိုတဲ့ မေး ခွန်းကို လူထုဒေါ်အမာက မေးနေသလို ပါပဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*