ပြည်ပဝယ်လိုအားများသဖြင့် ရော်ဘာဈေးနှုန်း အနည်းငယ် ပြန်ကောင်းလာ

ပြည်ပဝယ်လိုအားများသဖြင့် ရော်ဘာဈေးနှုန်း အနည်းငယ် ပြန်ကောင်းလာ
December 1, 2016 Asian Fame

4:53 am
ပြည်ပဝယ်လိုအားများသဖြင့် ရော်ဘာဈေးနှုန်း အနည်းငယ် ပြန်ကောင်းလာ

rubber-copy

HEZ
ရန်ကုန်၊ နိုဝင်ဘာ ၂၈

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ရော် ဘာတင်ပို့မှု ကောင်းမွန်နေပြီး ယခင် ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့ထား နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ပြည်ပမှ ရော်ဘာ ဝယ်လိုအား ကောင်းမွန်လျက်ရှိပြီးရော်ဘာ ဈေးနှုန်းမှာလည်း ပြန်လည်မြင့်တက်လျက် ရှိကာRSS 1  တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၅၅ဝ-၁၆၅ဝ၊RSS 2  တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁၅ဝဝ-၁၆ဝဝ ၊ RSS 3 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၅ဝ-၁၅၅ဝ စသောဈေးနှုန်းများ ရရှိ လျက်ရှိကြောင်း သိရသည်။

”ရော်ဘာအထွက်များတဲ့ အချိန်နဲ့ ဝယ်လိုအားများတဲ့အချိန် ပြန်ကိုက်တော့ နည်းနည်းတော်သေးတာပေါ့။ ဒီဘက်တွေ မှာက သုံးလေးနှစ်ဆက်တိုက်ရော်ဘာ ဈေးကျခဲ့တော့ ရော်ဘာလုပ်တဲ့သူတွေ တောင် ဆက်မလုပ်ကြတာတွေ ရှိခဲ့တယ်” ဟု မွန်ပြည်နယ်မှ   ရော်ဘာခြံပိုင်ရှင် တစ်ဦးဖြစ်သူ ကိုသီဟက ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာပထမပတ်အထိ ပြည်ပသို့ ရော် ဘာတန်ချိန် ခြောက်သောင်းကျော် တင်ပို့ ထားနိုင်ပြီး ယင်းတင်ပို့မှုပမာဏမှ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၇ဝ ကျော် ရရှိ ထားကြောင်း သိရ သည်။

ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့နိုင်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုပမာဏထက် ရော်ဘာ တန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့ထား နိုင်ခြင်းဖြစ်သည်။

လက်ရှိမှာ မြန်မာနိုင်ငံ၏  ရော်ဘာအ ရည်အသွေးပိုင်းတွင် လိုအပ်ချက်များရှိ နေဆဲဖြစ်ပြီး ရော်ဘာအရည်အသွေး ပိုမို ကောင်းမွန် လာမည် ဆိုပါက ဈေးနှုန်း ရရှိ မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ များအသင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများက ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှုများကိုလည်း ယခုလအတွင်းက ပြုလုပ်ခဲ့ ကြသည်။

ရော်ဘာကဏ္ဍသည် အမျိုးသား ပို့ ကုန်ဦးစားပေးကဏ္ဍများထဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံမှ ရော်ဘာများကို ဂျပန်၊ မလေးရှား၊ တရုတ်နိုင် ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။ ပြည်ပသို့ နှစ်စဉ် ရော်ဘာတန်ချိန် ရှစ်သောင်းကျော် တင်ပို့ လျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*