မူဆယ်မှတစ်ဆင့် ဝင်ရောက်လည်ပတ်ကြမည့် တရုတ်ဧည့်များကို လုံခြုံရေး အခြေအနေအရ ၄င်းတို့နိုင်ငံက သွားခွင့်မပြုသဖြင့် ခရီးသွားလုပ်ငန်းထိခိုက်မှုရှိလာ

မူဆယ်မှတစ်ဆင့် ဝင်ရောက်လည်ပတ်ကြမည့် တရုတ်ဧည့်များကို လုံခြုံရေး အခြေအနေအရ ၄င်းတို့နိုင်ငံက သွားခွင့်မပြုသဖြင့် ခရီးသွားလုပ်ငန်းထိခိုက်မှုရှိလာ
December 1, 2016 Asian Fame

8:19 am
မူဆယ်မှတစ်ဆင့် ဝင်ရောက်လည်ပတ်ကြမည့် တရုတ်ဧည့်များကို လုံခြုံရေး အခြေအနေအရ ၄င်းတို့နိုင်ငံက သွားခွင့်မပြုသဖြင့် ခရီးသွားလုပ်ငန်းထိခိုက်မှုရှိလာ

travel-photo-ko-myo-copy

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက် ခိုက်မှုကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိ လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

မူဆယ်ခရိုင်/လားရှိုးခရိုင်အတွင်း နို ဝင်ဘာ ၂ဝ ရက်မှစ၍KIA ၊  TNLA နှင့်MNDAA အဖွဲ့များ ဝင်ရောက်တိုက်ခိုက် မှုများ ဖြစ်ပွား လျက်ရှိရာ လုံခြုံရေးအခြေ အနေအရ မူဆယ်နယ်စပ် ဝင်ပေါက်မှ ပြည်ပခရီးသွားများဝင်ရောက်မှုကို နိုဝင် ဘာလ ၂၁ ရက်မှ
စတင် ပိတ်ထားရ ကြောင်း မူဆယ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ကြိုတင်ခွင့်ပြုချက်ယူကာ မူဆယ် နယ်စပ်မှတစ်ဆင့် မြန်မာပြည်တွင်းသို့ ဝင် ရောက်လည်ပတ်ကြမည့် ဧည့်သည်များကို လည်း တရုတ်ပြည်ဘက်သို့ ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း၊ နေ့ချင်းပြန် လာရောက်သည့် တရုတ်နိုင်ငံသား ဧည့်သည်များကိုလည်း လုံခြုံရေး
အခြေအနေအရ ၄င်းတို့နိုင်ငံက သွားခွင့်မပြုသဖြင့် ခရီးသွားလုပ်ငန်းအ ပေါ် ထိခိုက်မှုရှိလာကြောင်း မူဆယ်ဟို တယ်နှင့် ခရီးသွားညွှ န်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”ကြိုတင်ခွင့်ပြုချက်ယူရတဲ့ ခရီးစဉ် တွေက ခရီးသွားလုပ်ငန်းတွေက ကြို လျှောက်ပြီး ခွင့်ပြုချက်ကျပြီဆိုမှ လာရ တာလေ။ ခွင့်ပြုချက် ကျလာပြီဆိုပေမယ့် ခုလိုမျိုးတွေဖြစ်လာတော့ ခရီးသွားလုပ် ငန်းအပေါ် ထိခိုက်တာပေါ့။ ခုက ခရီး သွားရာသီစတဲ့အချိန်မှာ၊ ခရီးသွား များတဲ့ အချိန်မှာ ဒီလိုမျိုးတွေဖြစ်တာ။ တရုတ် ဘက်ကလည်း သူ့နိုင်ငံသားတွေကို မလွှတ်တော့ဘူး။ မူဆယ်နယ်စပ်က တစ် ဆင့်ဝင် လာတဲ့ တရုတ်အပြင် အခြားနိုင်ငံ သားတွေကိုလည်း လုံခြုံရေးအရ ကျွန် တော်တို့မလွှတ်ဘူး” ဟု ၄င်းကပြောသည်။

လက်ရှိတွင် မူဆယ်မြို့ပေါ်၌ လုံခြုံ ရေးအပြည့်ယူထားပြီး တည်ငြိမ်လျက်ရှိ သော်လည်း အချို့နေရာများတွင် ထိတွေ့ မှုများ ဖြစ်ပွားနေ သဖြင့် လုံခြုံရေး တည် ငြိမ်စိတ်ချရပြီဆိုမှသာ ပြည်ပဧည့်သည် များကို သွားခွင့်ပြုမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

မူဆယ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် မူဆယ်-နမ့်ခမ်းသို့ သွားရောက်လည်ပတ် မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် လျှောက် စရာမလိုဘဲ လည်ပတ်နိုင်ပြီး အခြားဒေသ များသို့ သွားမည်ဆိုလျှင် ကြိုတင်ခွင့်ပြု ချက်တင်ပြီးမှသာ သွားရောက်ရခြင်းဖြစ် သည်။

ပုံမှန်အားဖြင့် မူဆယ်နယ်စပ်ပေါက် မှတစ်ဆင့် ဝင်ရောက်သည့် ပြည်ပဧည့်နေ့ စဉ် တစ်ရာကျော်ရှိနေပြီး နှစ်သစ်ကူးပွဲ တော်နှင့် ပိတ်ရက်များတွင် ပိုများလေ့ရှိ ကြောင်း မူဆယ်ဟိုတယ်နှင့်ခရီးသွား ညွှန် ကြားမှု ဦးစီးဌာနမှသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*