ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ် ထောင်နှင့်ချီ၍ ISIS တို့ ကြံစည်ထားကြောင်းသိရ

ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ် ထောင်နှင့်ချီ၍ ISIS တို့ ကြံစည်ထားကြောင်းသိရ
November 30, 2016 Asian Fame

7:23 am
ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ် ထောင်နှင့်ချီ၍ ISIS တို့ ကြံစည်ထားကြောင်းသိရ

isis-copy

PN-002
လန်ဒန်၊ နိုဝင်ဘာ ၂၉

ဆီးရီးယားနိုင်ငံဝယ် ဖမ်းဆီး ရရှိသော အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ (့ISIS)၏ စာရွက် စာတမ်းများအရ ဥရောပနှင့် အ ခြားသော ကမ္ဘာ့နိုင်ငံများဝယ် အ ကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထား ခြင်းတို့ကို ထောင်ချီတွေ့ရှိရကြောင်း ဆီးရီးယားဒေသကို တာဝန်ယူကိုင် တွယ်နေရသည့်ဗြိတိန်နိုင်ငံမှ ထိပ် တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ပြော သည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မန်ဘစ်ဂ်ျ ဒေသတွင် ဖမ်းဆီးရမိ သော ISIS  အကြမ်းဖက်အဖွဲ့ထံမှ ရရှိသည့်  ဒစ်ဂျစ်တယ်သတင်းအ ချက်အလက် တစ်သောင်းထက် မနည်းကို လေ့လာဖတ်ရှုကြည့်ခြင်း အားဖြင့် ထိုသို့သိရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ရူးပတ်ဂျုန်းစ်က ပြော ပါသည်။

ထို့ကြောင့်ပင်လျှင် လန်ဒန်မြို့ လမ်းများပေါ်ဝယ် အကြမ်းဖက်နှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များကို အသစ် စီစဉ်ချထားခြင်းဖြစ်သည်။

”အဲဒီ အင်မတန်များပြားတဲ့ သတင်းအချက်အလက်တွေအရ အကြမ်းဖက်သမားတွေဟာ ပင် လယ်ရပ်ခြားကွန်ရက်တွေနဲ့ စီမံကိန်း   တွေချထားတာကို တွေ့ရတယ်”ဟု ဗိုလ်မှူးချုပ် ရူးပတ်ဂျုန်းစ်က ပြော ပါသေးသည်။

ယင်းစီမံကိန်းများ၏  အသေး စိတ်အချက်အလက်များကိုမူ ဗိုလ် မှူးချုပ်ဂျုန်းစ်က သတင်းထောက် များအား မပြောလိုသေးကြောင်း အီရတ်နိုင်ငံ အယ်လ်အာဆတ် လေ တပ်စခန်းတွင်ပြုလုပ်သော  သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။

ဗြိတိန် လုံခြုံရေးတပ်ဖွဲ့များ သည် ဖမ်းဆီးရမိသော သတင်းအ ချက်အလက်များအား စိစစ်သုံး သပ်လျက်ရှိသည်။

ref: Seized documents reveal thousands of planned ISIS attacks around world

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*