မြန်မာ့နိုင်ငံရေးကို အခြားသောတံခါးပေါက်တစ်ခုမှ ကြည့်မိခြင်း

မြန်မာ့နိုင်ငံရေးကို အခြားသောတံခါးပေါက်တစ်ခုမှ ကြည့်မိခြင်း
November 30, 2016 Asian Fame

5:46 am
မြန်မာ့နိုင်ငံရေးကို အခြားသောတံခါးပေါက်တစ်ခုမှ ကြည့်မိခြင်း

hac

(၁)

”အရှင်မင်းကြီး၊ အကျွန်ုပ်တို့ သွန်းလောင်းသော ရေစက်ကို ခံယူတော်မူ၍၊ အကျွန်ုပ်တို့ဆိုသော စကားအတိုင်းကျင့်ဆောင်တော် မူ၍၊ ပြည်သူ့လုပ်ခွန် ဆယ်ဖို့တစ်ဖို့ ခံယူစားသုံးတော်မူ၍၊ မင်း၏စည်း စိမ်ကိုခံစံပြီးသော် ပြည်သူကို တရားသဖြင့် စောင့်ရှောက်တော်မူပါလော့။ အရှင်မင်းကြီး အကျွန်ုပ်တို့ဆိုသော စကားအတိုင်း ကျင့်တော်မူပါသော် ကား ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးတက်တိုးလေလျက်၊ တက် သစ်သောနေ၊ ဆန်းသစ်သောလ ကဲ့သို့၊ တစ်နေ့တစ်ပါး ကျက်သရေ တော်ပွင့်လင်း၍၊ ပြည်ထောင်မင်း ပေါင်း၊ ဦးခေါင်းညွှတ်လာ၊ သဒ္ဓါ ပြည့်ဖြိုး၊ သူခိုးဓားပြ၊ ငြိမ်းချမ်းသာယာ၊ သာသနာတော် တည်ထွန်း၊ ရေစာမရှား၊ မင်းအား ပြည်သူ၊ ဆုယူနေ့တိုင်း ကောင်းချီးပေးလျက်၊ သက်တော်ရာကျော် စံတော်မူရသည်ဖြစ်စေသောဝ်။

ယင်းသို့မဟုတ် ကျွန်ုပ်တို့ စကားအတိုင်းမတည်၊ မင်းကောင်း မင်းမြတ်တို့ ဝန်ခံသော ဘိသိက် သစ္စာပျက်ပချေသော်၊ ကမ္ဘာဆူ ဝေ၊ လေမုန်တိုင်းဆင်၊ ငလျင်တော် လည်း၊ မြေကြီးကွဲ၍၊ ငရဲမီးလျံ၊ ဝင်းဝင်းပြောင်ပြောင်၊ တောက် လောင်ကြေညက်၊ သူပျက်သူ လောင်၊ ထောင်ထောင်ထားထား၊ ခိုးသားတန္တ၊ စသည် ထွေထွေ၊ နေလတံခွန်၊ ငှက်ပျံငှက်ယုတ်၊ စုန်းဘုတ်တစ္ဆေ၊ နန်းထက်နေ၍၊ မွှေမွှေလှန့်ခြောက်၊ြေ>ွမဟောက် ငန်းကျား၊ တက်၍စားသည် ဖြစ် စေသောဝ်” ဟူသည့် ကတိပဋိ ညာဉ် စကားကို ရှေးမြန်မာမင်းတို့ ဘိသိက်မြှောက်သည့် အခမ်းအ နားတွင် တိုင်းသူပြည်သားထဲမှ နိုင်ငံ့မျက်နှာဖုံးဖြစ်သည့် သြူ<ွကယ် ကြီးများက ဘုရင်အားတင်လျှောက် ကြရသည်။ ယင်းသည် မဟာဝန် ကျမ်းလာ မဟာသမ္မတတင်မြှောက် ပုံမှ ဆင်းသက်လာသည့် ရှေးမြန် မာပဒေသရာဇ်စနစ်၏ မင်းနှင့် ပြည်သူ အညမညကတိကဝတ်ပဋိ ညာဉ်ပင်ဖြစ်ပြီး ထိုစနစ်နှင့်ထိုခေတ် ၏ လူ့အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးအတွေးအခေါ်လည်းဖြစ်သည်။

မြန်မာပဒေသရာဇ်တို့က တိုင်းသူပြည်သားတို့အား သက်ဦးဆံပိုင်ဟူသည့် စိုးမိုးခွင့်ရခြင်းမှာ ယင်းကတိကဝတ် ပဋိညာဉ်အရ ပင်ဖြစ်သည်။ ”ရှင်ဘုရင်တို့အား အသက်ဦးဆံပိုင် ဟူသောအခွင့်အရေးကို ထာဝရဘုရားသခင်(သို့)ဒေဝတာများက အပ်နှင်းထားပြီး ဖြစ်သည်”ဟူသည့် Divine Right of Kings ဆိုသည့် အနောက်တိုင်း ပဒေသရာဇ်သက်ဦးဆံပိုင်အတွေးအခေါ်နှင့်မတူချေ။

မြန်မာနိုင်ငံဝယ် သက်တမ်းကြာရှည်စွာ တည်ရှိခဲ့သော ပဒေသရာဇ်စနစ်သည် အဆိုပါ အတွေးအခေါ်ကို အခြေခံထားသည်ဆိုလင့်ကစား အချို့သောမင်းဘုရင် တို့သည် မိမိတို့ကိုယ်မိမိ စန္ဒာလမင်း၏ အဆက်အနွယ်(စန္ဒြဝံသ)၊ သူရိန်နေမင်း၏ အဆက်အနွယ် (အာဒိစ္စဝံသ)စသည်ဖြင့် ခံယူလာကြပြီး ပညာဥာဏ်အရာဝယ် အတု မရှိသော ဗောဓိသတ် ဟူသည့် ဘွဲ့ အမည်နာမကိုပင် ခံယူကြကာ အနောက်တိုင်း ပဒေသရာဇ်သက်ဦး ဆံပိုင်အယူအဆနှင့် မနီးယိုးစွဲ ဖြစ်လာသည့်နှယ်ပင် ပြည်သူတို့ထံမှ အချုပ်အခြာအာဏာကို တစ်ချက်လွှတ် သိမ်းယူကြသည်တို့ လည်းရှိခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ ပဒေသရာဇ်စနစ်သည် မြန်မာနိုင်ငံဝယ် ၁၉ရာစု ကုန်ခါနီးကာလအထိပင် သက်တမ်းရှည်ကြာခဲ့ပါသည်။ မင်းဆိုးမင်းညစ်များ ရှိခဲ့သည့်တိုင် အောင်မင်းနှင့်ပြည်သူ အညမည ပဋိညာဉ်ကတိကဝတ်ကို အလေး ထားစောင့်ထိန်းကြသည့် အနော်ရ ထာ၊ ကျန်စစ်သား၊ အလောင်းစည် သူ၊ နရပတိစည်သူ၊ ဘုရင့်နောင်၊ သာလွန်မင်း၊ အလောင်းဘုရား ဦးအောင်ဇေယျ၊ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း အစရှိသည်ဖြင့် ပုဂံခေတ်၊ အင်းဝ-ဟံသာဝတီ ခေတ်၊ တောင်ငူ- ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အထိ နိုင်ငံနှင့် ပြည်သူအကျိုးသယ်ပိုးသော မင်း များအုပ်ချုပ်ခဲ့ကြပါသည်။ အဆိုး နှင့်အကောင်း ချိန်ဆကြည့်ပါက အကောင်းဘက်မှ အလေးသာသော မင်းများ ပေါ်ထွန်းခဲ့ကြခြင်းက ပို များပါသည်။

မြန်မာနိုင်ငံသမိုင်းကို လူတန်းစားအမြင်ဖြင့်သုံးသပ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံပဒေသရာဇ် ခေတ်ကာလများဝယ် အနောက်နိုင်ငံများတွင်ကဲ့သို့ အရင်းရှင်စနစ် ပေါ်ထွန်းမလာခဲ့။ ရှိခဲ့သော အ ရင်းရှင် သြူ<ွကယ်ကြီးများကလည်း ပဒေသရာဇ်စနစ်ကို တော်လှန်ခြင်း ဖျက်ဆီးခြင်းများ မပြုလုပ်ခဲ့။ ”ဓန ရှင်လူတန်းစားသည် ပဒေသရာဇ် ဆန်သော၊ အဖကြီးစိုးသော၊ ကျေး လက်ဆန်သော ဆက်ဆံရေးအား လုံးကို အဆုံးသတ်ပစ်လိုက်သည်။ ‘ဘုန်းရှင်ကံရှင်များ’ က တုပ်နှောင် ထားသည့် ပဒေသရာဇ် နှောင်ကြိုးများကိုလည်း အကြင်နာကင်းစွာ ပင် ဖြတ်တောက်လိုက်ကြသည်။ ‘လက်ငင်းငွေချေစနစ်’မှတစ်ပါး အ ခြားမည်သည့်အရာကိုမျှ ချန်မ ထားခဲ့” ဆိုသည့်ဖြစ်ရပ်မျိုး ရှေး မြန်မာသမိုင်းတွင်မရှိခဲ့။ ကိုလိုနီ ခေတ်ဦးပိုင်း တော်လှန်ရေးများသည်ပင် ပဒေသရာဇ်စနစ်ကို ပြန် လည်အသက်သွင်းလိုသောတော် လှန်ရေးများသာပင်ဖြစ်ခဲ့ကြသည်။

(၂)

သို့ရာတွင် အနောက်တိုင်းမှ အရင်းရှင်စနစ်သည် မြန်မာနိုင်ငံ သို့ သင်္ဘောစီး၍ ရောက်လာခဲ့လေသည်။ ”အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခြင်းနှင့် အာဖရိကတိုက်အား ကွေ့ပတ်သည့် ပင်လယ်လမ်းခရီး ကို ရှာဖွေတွေ့ရှိခြင်းတို့သည် ထွန်းသစ်စ ဓနရှင်လူတန်းစားအတွက် စားကျက်သစ် ဖွင့်လှစ်ပေးလိုက် သည်။ အရှေ့အိန္ဒိယနှင့် တရုတ် ပြည်ဈေးကွက်များ၊ အမေရိက တိုက်အား ကိုလိုနီအဖြစ်သွတ်သွင်းမှု၊ ကိုလိုနီများနှင့် ကုန်သွယ်မှု၊ ဖလှယ်ရေးနည်းလမ်းနှင့် ကုန်စည် အရေအတွက် ယေဘုယျတိုးများ လာမှုတို့က ကူးသန်းရောင်းဝယ်ရေး၊ ပင်လယ်ခရီးသွားလာရေးနှင့် စက်မှုလုပ်ငန်းတို့ကို မကြုံစဖူး တွန်းအားပေးလိုက်သည်” ဟူ၍ ဆိုကြသည့်အတိုင်းပင်လျှင် မြန်မာ နိုင်ငံအပါအဝင် အာရှတိုက်ကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာရေပြင် များသို့ ဥရောပတိုက်သားများသည် ၁၃ ရာစုခန့်ကတည်းကပင်လျှင် ရောက်ရှိလာခဲ့ကြသည်။

”မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်လာသူများလည်း ရှိသေး၏။ တစ်ဆယ့်သုံး ရာစုကုန်ခါနီးက မာကိုပိုလိုသည် မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်မ ရောက်သော်လည်း ယူနန်ကနေ၍ သတင်းစကားမေးကာ ပုဂံမြို့တော် အကြောင်းကို မှတ်တမ်းရေးခဲ့၏။ တရုတ်နှင့် မြန်မာတို့ နယ်စပ်၌ ၁၂၇၇ ခုနှစ်တင် တိုက်ခိုက်ကြပုံ (ငဆောင်ချမ်းစစ်ပွဲမဟုတ်) ကို အသေးစိတ်ဖော်ပြခဲ့၏။ နီကိုလိုဒီ ကွန်တီခေါ် ဗဲနစ်မြို့သားသည် မြန်မာနိုင်ငံသို့ ၁၄၃၅ ခုနှစ်၌ ရောက်လာ၏။ ရခိုင်၊ တနင်္သာရီ၊ အဝ၊ သထုံနှင့် ပဲခူး စသောမြို့များ သို့ ရောက်ခဲ့သည်။ ဂျီနီဝါမြို့သား ဟာရိုနီမိုဒေစန်တို စတီဖင်နိုသည် မြန်မာနိုင်ငံသို့ ၁၄၉၆ ခုနှစ်က ရောက်လာ၏။ ပဲခူးမင်းကို အလွန် ချီးမွမ်း၍ရေးသည်။ အဝသို့သွား နေသော်လည်း ပဲခူး၊ အဝ စစ်ဖြစ် နေ၍ မရောက်နိုင်ခဲ့ချေ။ ဗိုလုံးနား မြို့သား လုဒိုဗိကိုဒိဗာသေမသည် ၁၅ဝ၅ -၁၅ဝ၆ ခုနှစ်များ၌ မြန်မာ နိုင်ငံသို့ရောက်လာကာ တနင်္သာရီ နှင့် ပဲခူးသို့ဝင်သွားသည်။ စည်ပင် သာယာဝပြောသည်ကို မြင်တွေ့ သွားရ၏။ အင်္ဂလိပ်အမျိုးသားထဲမှ မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက် လာသူကား ရက်ဖ်ဖိုက်ခ်ျ ဖြစ်ပါသည်။ နန္ဒာဘုရင်လက် ၁၅၈၆ ခုနှစ်၌ရောက်လာသည်။ ပုသိမ်၊ မြောင်းမြ၊ ဒလ၊ သန်လျင်၊ ဒဂုံ၊ ပဲခူး စသည့်အရပ်များသို့ရောက်၍ အရောင်းအဝယ်များကို မှတ်သား ရေးသားခဲ့သည်။ သြဂတ်စတင် ရဟန်းဂိုဏ်းမှ ပေါ်တူဂီ ရဟန်း တော် ဆီဗက်စတီယန် မင်နရစ် သည် ရခိုင်သို့ ၁၆၃ဝ ပြည့်တွင် ရောက်လာ၍ ထိုနိုင်ငံ၌ ငါးနှစ်ခန့် နေခဲ့သည်။ ရခိုင်၌ သီရိသုဓမ္မ (၁၆၂၂-၃၈) အုပ်စိုး၍ မြန်မာဘက်၌ သာလွန်(၁၆၂၉- ၄၈) အုပ် စိုးသောခေတ်ဖြစ်သည်။ မြို့ ဟောင်းအကြောင်းကို သိကောင်း စရာများစွာရေးခဲ့သည်။ မြန်မာ နိုင်ငံရောက် အခြား ဥရောပတိုက် သားတို့ကား ၁၄၇ဝ ပြည့်နှစ်က ရောက်သော နီတီကင်၊ ၁၅၆၈ ခုနှစ်ကရောက်လာသော ဆီဇာဖ ရက်ဒရစ်နှင့် ၁၅၈၃ ခုနှစ်ရောက် ဂက်စပါရိုဗာလဗ် တို့ဖြစ်သည်” ဟူ၍ မြန်မာနိုင်ငံသို့ရောက်ခဲ့ကြ ဖူးသော ဥရောပသားတို့အကြောင်း ကို ဒေါက်တာသန်းထွန်းက သူ၏ ‘ခေတ်သစ်ရာဇဝင်’ တွင် ရေးသား ခဲ့သည်။

သို့ရာတွင် အရင်းရှင်စနစ် သည် ဥရောပတိုက်တွင် ၁၅ ရာစု အကုန်ပိုင်းခန့်မှသာလျှင် တိုးတက် ဖြစ်ထွန်းသော အခြေသို့ ရောက် သဖြင့် ကုန်ထုတ်လုပ်ငန်း ဖြစ်ပေါ် တိုးတက်မှုအရ ဓနရှင်လူတန်းစား သည် ကုန်ထုတ်ကိရိယာများကို အဆက်မပြတ် အသစ်ရှာဖွေပြောင်း လဲမှု၊ ကုန်လုပ်ဆက်ဆံရေးကို အ ဆက်မပြတ် အသစ်ရှာဖွေပြောင်း လဲမှုမလုပ်ဘဲ မတည်တံ့နိုင်လေရ ကား ပင်လယ်ရပ်ခြား တိုင်းတစ်ပါး တို့နှင့် ကုန်သွယ်ရောင်းဝယ်မှုပြု ရန်အတွက် ရှေးက လှည့်လည်ခဲ့သူ တို့၏ မှတ်တမ်းမှတ်ရာများကိုအမှီ သဟဲပြု၍ သမုဒ္ဒရာအသီးသီးကို သင်္ဘောအစီးစီးတို့ဖြင့် စွန့်စားဖြတ် သန်းကာ ဈေးကွက်သစ် နယ်မြေ သစ်များကို သည်းသည်းမည်းမည်း ရှာဖွေကြလေတော့သည်။ ဥရောပတိုက်သားတို့ အာရှ နိုင်ငံများသို့ ကနဦးရောက်ရှိလာ ကြခြင်းမှာ အာရှထွက်ကုန်များကို မက်မောစွာလိုချင်ကြခြင်းကြောင့် ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ အာရှနိုင်ငံများ၏ ရာသီဥတုနှင့် သယံဇာတြ<ွကယ်ဝမှုများကို တွေ့ လာ မြင်လာ သိလာကြသည်တွင်မူ ကိုလိုနီပြုရန်အတွက်ကို ပိုမိုအ လေးထားလာခဲ့ကြသည်။

ထိုနည်းတူစွာပင်လျှင် ၁၇ ရာ စုတစ်ဝက်နီးပါးအထိ မြန်မာနိုင်ငံ ကို စိတ်ဝင်စားမှုမရှိခဲ့သော ဗြိတိ သျှတို့သည်လည်း ထိုနှစ်များ နောက်ပိုင်းဝယ် မြန်မာနိုင်ငံအပေါ် အထူး စိတ်ဝင်စားလာခဲ့တော့ သည်။ ကုန်းဘောင်ခေတ်ဦးပိုင်းမှ စတင်၍ မြန်မာနိုင်ငံသို့ နည်းအ မျိုးမျိုးဖြင့် ဝင်ရောက်လာကာ၊ နည်းအမျိုးမျိုးဖြင့်လည်း ဝင် ရောက် ခြယ်လှယ်စွက်ဖက်လာကြ သော ဗြိတိသျှတို့သည် ကုန်း ဘောင်ခေတ် နှောင်းပိုင်းသို့ရောက် သည်တွင် မြန်မာနိုင်ငံကို စည်း မျဉ်းခံဘုရင်စနစ်သို့ ပြောင်းစေပြီး အရင်းရှင်နိုင်ငံ ထူထောင်စေရန် ဖိအားအမျိုးမျိုးပေးလာခဲ့သည်။

(၃)

ထိုအချိန်တွင် မြန်မာနိုင်ငံ တွင်လည်း တိုင်းပြည်ကို ခေတ်မီ တိုးတက်စေလိုသော အနောက် တိုင်းခေတ်ပညာတတ် လူငယ် လူ ကြီးများ ပေါ်ပေါက်နေလေပြီဖြစ် ရကား လက်ရှိ ပဒေသရာဇ်စနစ် ကို စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းမှသာလျှင် မိမိတို့ မြန်မာ နိုင်ငံသည်လည်း ခေတ်နှင့်အမီ ရင်ပေါင်တန်း တိုးတက်နိုင်မည် ဖြစ်ကာ နယ်ချဲ့ဝင်ရောက်ထား သော ဗြိတိသျှတို့ကိုလည်း ပြန် လည်မောင်းထုတ်နိုင်မည်ဟု ယုံ ကြည် ယူဆခဲ့ကြသူများ ရှိခဲ့ကြ သည်။ ထိုပုဂ္ဂိုလ်များအနက် ကင်း ဝန်မင်းကြီး ဦးကောင်း၊ ယောမင်း ကြီးဦးဘိုးလှိုင်တို့မှာ အထူးထင်ရှား ခဲ့ပြီး ဦးဘိုးလှိုင်သည် သီပေါမင်း လက်ထက်တွင် ၁၄ ဌာန အုပ်ချုပ် ရေးကိုအစပြုခဲ့ကာ စည်းမျဉ်းခံ ဘုရင်စနစ် လက်စွဲကျမ်းဟု ဆိုနိုင် သော ‘ရာဇဓမ္မသင်္ဂဟကျမ်း’ကို ပြုစုခဲ့သည်။ ဦးဘိုးလှိုင်၏ ၁၄ ဌာနအုပ် ချုပ်ရေးဆိုသည်မှာ လစ္ဆဝီမင်းသား တို့ကို အကြောင်းပြု၍ မြတ်စွာ ဘုရားဟောကြားတော်မူသော သုတ်မဟာဝါ ပါဠိတော်၊ မဟာပရိ နိဗ္ဗာန သုတ်လာ အပရိဟာနိယ တရားခုနစ်ပါးကို အခြေခံ၏။

အပရိဟာနိယတရား ၇ ပါး တို့မှာ –

၁။ စည်းဝေးတိုင်ပင်ခြင်း
၂။ အညီအညွတ်ဆောင်ရွက်ခြင်း
၃။ ဥပဒေအတိုင်းကျင့်ခြင်း
၎။ လူကြီးသူမတို့၏ အဆုံးအမ ၌တည်ခြင်း
၅။ အမျိုးသမီးအား မနှိပ်စက်ခြင်း
၆။ မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း
၇။ ရဟန္တာတို့အား စောင့်ရှောက် ခြင်း ဟူ၍ဖြစ်လေသည်။

ထိုတရားတို့ကို အခြေခံ၍ မင်းတုန်းမင်းလက်ထက်က လေး ဌာနအုပ်ချုပ်ရေးကို ၁၄ ဌာနအုပ် ချုပ်ရေးဖြင့် အစားထိုးလိုက်သည်။ မှတ်တမ်းများအရ ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်နှင့် တန်ဆောင်မုန်း လများတွင် တောင်ဥယျာဉ်အစည်း အဝေးဆုံးဖြတ်ချက်အရ ဝေပုံကျ ၁၄ရပ်ကို ပိုင်းခြားသတ်မှတ်ခဲ့ ကြောင်းသိရသည်။ ဝေပုံကျဆို သည်မှာ ယခုခေတ်အခေါ်ဝန်ကြီး ဌာနများပင်ဖြစ်ပြီး ဝေပုံကျ ၁၄ ဌာနမှာ –

၁။ လယ်ယာဌာန
၂။ လက်အလုပ်ဌာန
၃။ ကုန်းကြောင်းစစ်ဌာန
၎။ အကောက်ခွန်ဌာန
၅။ သာသနာပညာဌာန
၆။ ပူရိသမေဓဌာန
၇။ သဿမေဓဌာန
၈။ ရာဇဝတ်ဌာန
၉။ တရားဌာန
၁ဝ။ ရေကြောင်းစစ်ဌာန
၁၁။ နိုင်ငံခြားဌာန
၁၂။ တွဲဖက်ရုံးဌာန
၁၃။ မြို့ရေးရွာမှုဌာန
၁၄။ စက်အလုပ်ဌာန ဟူ၍ဖြစ် ကြလေ၏။

အနောက်တိုင်းပါလီမန်တွင် လွှတ်တော်နှစ်ရပ်ဖြင့်စည်းဝေးဆုံး ဖြတ်ကြခြင်းကိုလည်း ”နိုင်ငံတွင်း မြို့ကျေးရွာလူတို့က သဘောတူပေးသည့် လူကြီးစုတစ်သင်း ( House of Commons )၊ အရိုးအစဉ်အတိုင်းလာသော မှူးမတ်စုတစ်သင်း (House of Lords)… ဤမှူး မတ်နှစ်သင်းတို့သည် တိုင်းရေး ပြည်မှုကို လုပ်ဆောင်မည်ဟု ညှိ နှိုင်းကြသည်ကာလ၊ သတင်းစာ ဆရာတို့ကိုလည်း ညှိနှိုင်းရာသို့ ဝင်၍ နားထောင်စေပြီးလျှင်၊ ညှိ နှိုင်းပြောဆိုသမျှစကားကို သတင်းစာ၊ ကြော်ငြာစာရိုက်၍ နေ့စဉ် နိုင်ငံကိုထုတ်သည်” စသည်ဖြင့် ဦးဘိုးလှိုင်က ထည့်သွင်းရေးသားထားသည်။

မဆုတ်မယုတ် မပျက်စီးနိုင် ခြင်းဟု အဓိပ္ပာယ်ရသော အပရိဟာနိယ တရားခုနစ်ပါးကိုအခြေခံ ၍ ”တိုင်းပြည်နိုင်ငံကို တစ်ယောက် နှစ်ယောက်၏ သြဇာနှင့်သာ အုပ် စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအ ယွင်းများရန်ရှိသောကြောင့် တစ် ယောက်နှစ်ယောက်၏ သြဇာနှင့် မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေး ပြုလုပ်လျှင် အမှားအယွင်းရှိရန် မရှိ”ဟူသည့် သဘောတရားဖြင့် ယောမင်းကြီး ဦးဘိုးလှိုင်သည် ရာဇဓမ္မသင်္ဂဟကျမ်းကို ပြည့်စုံစွာ ပြုစုခဲ့ခြင်းဖြစ်ပြီး ၁၂၄ဝ ပြည့်နှစ် နတ်တော်လဆန်း ၇ရက်(၁၈၇၈ နိုဝင်ဘာ ၃ဝ)တွင် ကျမ်းပြု၍ ပြီး စီးခဲ့ကာ သီပေါမင်းထံ ဆက်သခဲ့သည်။ သို့ရာတွင် ရာဇဓမ္မသင်္ဂဟ ကျမ်းကို သီပေါမင်းကလက်မခံခဲ့ ချေ။ ကျမ်းတွင် တင်ပြထားသည့် ငွေတိုက်စနစ်အရ ရွှေပြည်ဝန်ကြီး က ရှင်ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို လခနှင့်ထားရန်၊ ငွေကို ငွေတိုက်မှသာလျှင် ထုတ် ယူသုံးစွဲရန် အစရှိသည်တို့ကိုလည်း အတွင်းတော်က ရွှေနားတော်ကြား သောအခါ ”ခက်ကုန်ပြီ၊ ငါတို့ပိုင် တဲ့ ငွေကို ငါတို့သဘောအတိုင်းမှ မသုံးရ၊ သုံးလိုလျှင် ရွှေပြည်မင်းကြီး ထံ အမိန့်ခံ၍ သုံးရတော့မည်။ သည်အတိုင်းမှန်လျှင် ငါတို့ကို ရှင်ဘုရင်အဖြစ်မှ ချတာပဲ”ဟူ၍ အ မျက်ထွက်လေသည်။

ထို့ကြောင့် ရာဇဓမ္မသင်္ဂဟကျမ်းကို သီပေါမင်းထံ တင်ဆက် ပြီး ရက်ပေါင်း ၅ဝ မျှကြာသော် ဦးဘိုးလှိုင်သည် ရွှေပြည်ဝန်ရာထူး မှ ပြုတ်လေတော့သည်။ နောက် ၃ လခန့်ကြာလေသော် သူတီထွင် စီစဉ်ခဲ့သည့် လွှတ်တော်အစည်း အဝေးကိုလည်း ကျင်းပခြင်းမပြု တော့။ ဤတွင် ဘုရင်ကို ဂုဏ်ထူး ဆောင်အဖြစ် ထိုက်သင့်သော အခွင့်အာဏာများပေးပြီး နိုင်ငံ ရေး အာဏာအဝဝကို ပါလီမန်က ချုပ်ကိုင်မည့် စည်းမျဉ်းခံ ဘုရင် စနစ်သည်လည်း မြန်မာနိုင်ငံတွင် ဖြစ်ထွန်းမလာတော့။ ထိုစဉ်က မြန်မာဘုရင်နှင့် အတွင်းတော် အသိုင်းအဝိုင်းသည် ပဒေသရာဇ် စနစ်ကို ဆက်လက်ထိန်းသိမ်းထား လိုသော ကွန်ဆာဗေးတစ်များ ဖြစ် ကြသည်။ အာဏာကို အထိပါး မခံ။ ထို့ကြောင့် ဗြိတိသျှတို့ဖြစ်စေ ချင်သည့် အရင်းရှင်ပါလီမန်ပုံစံဖြင့် အုပ်ချုပ်သော စနစ်ကိုထူထောင် ရန် မအောင်မြင်ခဲ့။ ထို့ကြောင့်ပင် လျှင် မြန်မာနိုင်ငံကို ပဒေသရာဇ် နိုင်ငံမှ အရင်းရှင်နိုင်ငံအဖြစ် ပြောင်းလဲလိုသော ဗြိတိသျှတို့ သည် စစ်သည်လက်နက်အင်အား ဖြင့် ဘုရင်ကို နန်းချကာ နိုင်ငံကိုပါ သိမ်းလိုက်လေတော့သတည်း။ မြန်မာနိုင်ငံ၏ ပဒေသရာဇ် စနစ်သည် ထိုအခါတွင် နိဌိတံခဲ့ပြီး အရင်းရှင်စနစ်ကို ဗြိတိသျှတို့က စတင်ထူထောင်လေတော့သည်။

ဆက်လက်ဖော်ပြပါမည်

ဖိုးနိုင်လင်း

ကိုးကား –
၁။ ခေတ်ဟောင်းရာဇဝင်၊ ခေတ် သစ်ရာဇဝင် – ဒေါက်တာသန်းထွန်း
၂။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း – ဒေါက်တာ ကျော်သက်
၃။ မြန်မာနိုင်ငံတော်သမိုင်း – ဗန်း မော်တင်အောင်
၎။ ယောမင်းကြီး ဦးဘိုးလှိုင် အထ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း – မောင်ထင်
၅။ ရှေးမြန်မာတို့၏ ရာဇဝင်တွင် ခဲ့သည့် ဆုံးဖြတ်ချက်များ – တင်နိုင်တိုး
၆။ ကွန်မြူနစ်ဋီကာ – ဆက်နိုင်မင်း
၇။ The History of Democracy: A Marxist Interpretation – Brian S. Roper

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*