ကျောက်တံတားမြို့နယ်ရှိ လမ်းဘေးဈေးသည်များ ညဈေးသစ်သို့ အေးအေးဆေးဆေးပြောင်းရွှေ့နိုင်ရန် အချိန်စောင့်ပေးမည်

ကျောက်တံတားမြို့နယ်ရှိ လမ်းဘေးဈေးသည်များ ညဈေးသစ်သို့ အေးအေးဆေးဆေးပြောင်းရွှေ့နိုင်ရန် အချိန်စောင့်ပေးမည်
November 30, 2016 Asian Fame

8:17 am
ကျောက်တံတားမြို့နယ်ရှိ လမ်းဘေးဈေးသည်များ ညဈေးသစ်သို့ အေးအေးဆေးဆေးပြောင်းရွှေ့နိုင်ရန် အချိန်စောင့်ပေးမည်

15181242_910333422434547_6904139011632371483_n-copy

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်မြို့တွင်း လေးမြို့နယ် အတွင်းရှိ လမ်းဘေးဈေးသည်များ ကို ဒီဇင်ဘာလ ၁ ရက်နေ့ အပြီး ပြောင်းရွှေ့ကြရန် ရန်ကုန်စည် ပင်က သတိပေးထားသော်လည်း ကျောက်တံတားမြို့နယ် အတွင်းမှ ဈေးသည်များမှာမူ ယင်းနေ့အမီ အပြီးပြတ် ပြောင်းရွှေ့ပေးရန် မလို ဘဲ စောင့်ဆိုင်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဈေးသည်များ ရုတ်တရက် ပြောင်းရွှေ့ရသည့် အခက်အခဲများ ရှိနေသည့်အတွက် စောင့်ဆိုင်းပေး မည်ဖြစ်ကြောင်း၊ နို့တစ်စာ ၃ ကြိမ် ပေးသွားမည်ဖြစ်ကြောင်း  ကျောက် တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် ၁  တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဒေါ်ကြည်ပြာ က ပြော သည်။

”မြို့တော်ဝန်ကြီး ကိုလည်း ကျွန်မတို့ မေတ္တာရပ်ခံထားပါတယ်။ ကျွန်မမြို့နယ်ထဲက ဈေးသည်တွေ ကို ဝရုန်းသုန်းကားဖြစ်အောင် မပြောင်းရွှေ့ပါနဲ့လို့။ သူတို့မှာ လတ်တလောကျ ပြောင်းရွှေ့ဖို့ အ ခက်အခဲလေးတွေ ရှိနေသေးတာ ကြောင့်ပါ။ ဒီဇင်ဘာလ ၁ရက်နေ့   နောက်ဆုံးလို့ ပြောထားပေမယ့် ရပါတယ် အေးဆေးပြောင်းပါ။ နို့ တစ်စာသုံးကြိမ်အထိ စည်ပင်က ပေးသွားမှာပါ အဲဒီအချိန်ထိရပါ တယ်”ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ စီမံဌာနမှ တာ ဝန်ရှိသူများ၊  ကျောက်တံတား မြို့ နယ်ကိုယ်စားလှယ်နှင့် အဖွဲ့ သည် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း က မဟာဗန္ဓုလပန်းခြံ အရှေ့ဘက် တွင်နေရာချထားပေးသော ညဈေး တန်းကို လှည့်လည် စစ်ဆေးကြည့် ရှုရာ ဆိုင်ခန်းအကျယ်အဝန်း မလောက်ငမှု၊ ဆိုင်ခန်းမရရှိမှုနှင့် အခြားသော အဆင်မပြေမှုများကို ဈေးသည် များက တင်ပြခဲ့ကြသည်။

”အဓိက တင်ပြကြတာတော့ ဆိုင်ခန်း ၄ ပေနေရာက မလောက် ဘူး။ ဒီထက်ပိုလိုတယ်လို့ ပြောကြ တယ်။ တချို့ဆိုင်တွေကျတော့ လည်း ဟုတ်တယ်။ ဒီအတွက်တော့ တာဝန်ရှိသူတွေကို ကျွန်မတစ်ခါ တည်း သူတို့ကိုပြောလိုက်ပါတယ်။

ပြီးတော့ ဓာတ်ပုံသွားရိုက်တုန်းက သူတို့က ဘာမှန်းမသိလို့ အရိုက် မခံတာတို့ဘာတို့ ရှိခဲ့ကြပြီး အခု ဆိုင်ခန်းပေးဖို့ဆိုတော့မှ ပြန်လာ ပြီး သူတို့ မရကြသေးဘူးလို့ ပြော ကြတာတွေရှိတယ်။ သူတို့အတွက် ကတော့ နောက်တိုးထဲ  ထည့်ထား ပေးပါတယ်။  နောက်တစ်သုတ် မဲ ဖောက်ပေးမှာပါ။ အချိန်တော့မသိ ရသေးပါဘူး” ဟု ဒေါ်ကြည်ပြာက ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့ လယ် ၁၂ နာရီခန့်ကလည်း ရန် ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ကို လသာ မြို့နယ်မှလမ်းဘေးဈေးသည် ၂ဝဝ ကျော်က မူလနေရာများတွင်သာ ဆက်လက်ရောင်းချခွင့်ပြုရန် အသနားခံစာတင်ခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*