9:37 am
လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၂၉
ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းက ခြေတု ၃ဝဝကျော်ကို လာမည့် နှစ်ဆန်း တွင် ရန်ကုန်မြို့၌ အခမဲ့တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၆ ရပ်ကွက်ရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်တွင် တပ်ဆင်ပေးသွားမည်ဖြစ်သည်။
”လူမျိုး ဘာသာမရွေး ဘယ်သူမဆို စာရင်းပေးထားတဲ့သူ အကုန်လုံးကို တပ်ဆင်ပေးပါတယ်။ လိုအပ်နေတဲ့သူတွေအတွက် လုပ်ပေးတာပါ။ ဒါဟာ ကျွန်မတို့ ဖောင်ဒေးရှင်းက ပထမဆုံးအနေနဲ့ ခြေတုတပ်ဆင်ပေးတာပါ” ဟု ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းမှ
အတွင်းရေးမှူးဒေါ်ယဉ်ယဉ်ညွန့်ကပြောသည်။
ခြေတုအခမဲ့တပ်ဆင်ပေးခြင်းကို အန္ဒိယနိုင်ငံမှ ခြေတုတပ်ဆင်ရေးအ ဖွဲ့တစ်ခုဖြစ်သည့် BMVSS နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ပြီး ခြေအတု များကို BMVSS မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခြေတုတပ်ဆင်ရန် စာရင်းပေးထားသူဦးရေ ၆ဝဝ ကျော်ခန့် ရှိနေပြီဖြစ်ပြီး BMVSS ၏ ခြေအတုထောက်ပံ့မှုအပေါ်မူ တည်ကာ နောက် ထပ် တပ်ဆင်လိုသူများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းကို ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်း သန်းနုက ၂ဝ၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနေသောအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းသိရသည်။
ခြေတုတပ်ဆင်လိုသူများအနေဖြင့် အမည်၊ အသက်၊ တပ်ဆင်လိုသည့် ခြေထောက်အစိတ်အပိုင်း (ဥပမာ ဒူးအထက်၊ ဒူးအောက်)၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာတို့အား ဒေါ်သန်းသန်းနု- ဝ၉၄၂၁ဝ၂၈၁ဝ၅ ဦးဇင်မောင်လင်း-ဝ၉၂၅၂၂၉၂ဝ၁ဝ၊ ဦးဘိုးမင်္ဂလာ- ဝ၉ ၄၂၁ဝ၇၈၆၆၆၊ ဦးစိုး လွင်- ဝ၉၃၁၅၄၆၈ဝ၈၊ ဒေါ်ယဉ်ယဉ်ညွန့်- ဝ၉၇၉၈၁၅၇၉၆၂ တို့ကို ဆက် သွယ်ပြီး စာရင်းပေးသွင်းနိုင်ေ ကြာင်း ဖောင်ဒေးရှင်းမှ သိရသည်။