ဝန်ကြီးတွေက အသစ်တွေများတယ်။ အခုမှစလုပ်ကြတာဆိုတော့ အချို့ဆိုရင် လေ့လာနေတုန်းပဲလားလို့ ထင်ရတယ်။ ပြီးတော့ အောက်က ရေးပေးလိုက်တဲ့ စာကိုပဲ ဖတ်နေသလားလို့ တွေးမိတယ် …

ဝန်ကြီးတွေက အသစ်တွေများတယ်။ အခုမှစလုပ်ကြတာဆိုတော့ အချို့ဆိုရင် လေ့လာနေတုန်းပဲလားလို့ ထင်ရတယ်။ ပြီးတော့ အောက်က ရေးပေးလိုက်တဲ့ စာကိုပဲ ဖတ်နေသလားလို့ တွေးမိတယ် …
November 30, 2016 Asian Fame

4:53 am
ဝန်ကြီးတွေက အသစ်တွေများတယ်။ အခုမှစလုပ်ကြတာဆိုတော့ အချို့ဆိုရင် လေ့လာနေတုန်းပဲလားလို့ ထင်ရတယ်။ ပြီးတော့ အောက်က ရေးပေးလိုက်တဲ့ စာကိုပဲ ဖတ်နေသလားလို့ တွေးမိတယ် …

daw-khin-saw-wai

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုတို့ကို လာရောက်ဖြေကြားကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့၏ ဖြေကြားမှုများ မရှင်းလင်းခြင်း၊ မပြည့်စုံခြင်း အစရှိသည် တို့နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များကရော ပြည်သူတို့ကပါ ဝေဖန်မှုများ ရှိနေကြသည်ကို အားလုံးအသိပင်ဖြစ်၏။ ထိုဖြစ်ရပ်မျိုးသည် ယခုအစိုးရ လက်ထက်မှပင် ဖြစ်လာသည်လော။ ယခင်အစိုးရလက်ထက်ကရော သည်လို မရေမရာ ဖြေကြားမှုမျိုးတွေ ရှိခဲ့သည်လော။ အဘယ်ကြောင့် ထိုသို့ ဖြစ်ကြရလေသနည်း။ အစရှိသည်တို့ကို ပြည်သူ့လွှတ်တော် ”အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ”အဖွဲ့ဝင် ဒေါ်ခင်စောဝေအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လွှတ်တော်ကို လာဖြေကြတဲ့ အစိုးရသစ် ဝန်ကြီးအချို့တွေရဲ့ အဖြေတွေနဲ့ ပတ်သက်လို့ လက်ရှိ မှာတော့ လွှတ်တော်ကိုယ်စားလှယ် တွေကရော၊ လူထုကပါ ဝေဖန်မှု တွေ ရှိနေကြပါတယ်။ ရှင်းလင်း ပြတ်သားတဲ့ အဖြေမပေးတာ၊ လိုရင်း မရောက်တာတွေကို ဖြေ နေကြတယ်။ ဒါတွေကို အခြေပြု ပြီးတော့ သူတို့က ဝေဖန်နေကြ တာပါ။ ဒါနဲ့ပတ်သက်လို့ ကော်မ တီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းကရော ခုလိုမျိုး လွဲချော်တဲ့အဖြေတွေကို လာဖြေတဲ့ ဖြစ်စဉ်တွေရော ရှိခဲ့ဘူးလားဗျ။

အစိုးရသစ် ဝန်ကြီးတွေနဲ့ အစိုးရဟောင်း ဝန်ကြီး ဒီနှစ်ခု ဘာကွာလဲဆိုရင် အစိုးရဟောင်း ဝန်ကြီးတွေက ခေတ်အဆက်ဆက် ကို အုပ်ချုပ်ခဲ့ကြတယ်။ ဒီတော့ လုပ်ရည်ကိုင်ရည် ရှိတယ်။ အတွေ့ အကြုံများတယ်။ ဥပမာပြောရရင် တချို့ ဝန်ကြီးတွေက ခေတ်အ ဆက်ဆက် ဒါပဲ လုပ်လာခဲ့ကြ တယ်။ ဒီတော့ သူတို့က နောကျေ နေကြတယ်။ ပြီးတော့ သူတို့ အောက်မှာ ဒုဝန်ကြီးတွေကလည်း မနည်းမနော ရှိနေကြတယ်။ အဲဒီ တော့ အချိန်ပိုထွက်လာတယ်။ မေးခွန်း လာဖြေမယ်ဆိုရင် အ ချိန်ပေးပြီး လေ့လာလို့ရတဲ့ အား သာချက်တွေလည်း ရှိတယ်။ ဒီ တော့ မှားမှားယွင်းယွင်း ဖြစ်တာ နည်းတယ်။ အမှားအယွင်း မရှိ ဘူးလို့တော့ မပြောဘူးနော်။ နည်း နည်းတော့ ရှိခဲ့ဖူးတယ်။ အခုက တော့ ဝန်ကြီးတွေက အသစ်တွေ များတယ်။ အခုမှ စလုပ်ကြတာ ဆိုတော့ အချို့ဆိုရင် လေ့လာနေ တုန်းပဲလားလို့ ထင်ရတယ်။ ပြီး တော့ အောက်က ရေးပေးလိုက်တဲ့ စာကိုပဲ ဖတ်နေသလားလို့ တွေးမိ တယ်။ လေ့လာဖို့အချိန် မရှိအောင် ပဲ အလုပ်တွေ များနေလို့လား။ အောက်က ရေးပေးတဲ့သူတွေပဲ တော်တော်ညံ့လို့လားတော့ မသိ ဘူး။ ဝေဖန်ခံရမှုတွေနဲ့ ကြုံနေရ ပါတယ်။ ဝန်ကြီးအားလုံး မဟုတ် ပါဘူး။ တချို့ဝန်ကြီးတွေဆို လွှတ် တော်မှာ ဖြေတာ ကြားတာတွေ တော်တော်လေး ကောင်းပါတယ်။ ဒါတွေက အတွေ့အကြုံနဲ့ အများ ကြီး သိပ်ဆိုင်နေပါတယ်။

လက်ရှိ အစိုးရအနေနဲ့ လွှတ်တော် ကို လာပေးထားတဲ့ ကတိတွေ၊ အာမခံချက်တွေနဲ့ ပတ်သက်လို့ ပြောစရာ စကားများ ရှိပါသလား ခင်ဗျ။

သိပ်တော့ မရှိဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဒီအစိုးရဟာ ပထမ လွှတ်တော်က ဆွဲပေးတဲ့ ဘတ်ဂျက် နဲ့ သွားနေပါတယ်။ ဖြည့်စွက်ရန်ပုံ ငွေ
ထပ်ထည့်တယ်ဆိုတာကလည်း ပထမဆွဲထားတဲ့ ဟာကိုပဲ ပြန် ထည့်တာ။ အသစ်တွေ သိပ်မလုပ် ဘူး။ ဒါ့ကြောင့် ဒီအစိုးရရဲ့ ဝန် ကြီးတွေ လွှတ်တော်ကို အခု လာ ပေးနေတဲ့ ကတိတွေ၊ အာမခံချက် တွေ လာမယ့်နှစ် ပါ မပါ စောင့် ကြည့်ဖို့ဆိုတဲ့ အချက် တစ်ချက်ကို အဓိကထားပြီး ကျွန်မတို့ ကော်မ တီလုပ်ရမယ်။ အခုနေတော့ သိပ် ပြီး ဘာမှပြောလို့ မရသေးဘူး။ အခု လွှတ်တော်ကိုယ်စားလှယ် တွေ တောင်းနေကြတာတွေက တိုက်နယ်ဆေးရုံတွေ ဆောက်ပေး ဖို့၊ စာသင်ကျောင်းတွေ ဆောက် ပေးဖို့၊ တံတားထိုးပေးဖို့၊ လမ်းခင်း ပေးဖို့ ဒါတွေပဲ များနေတာပါ။ ဒီ အချက်တွေကိုပဲ လာမယ့်နှစ် လုပ် ပေး မပေး စောင့်ကြည့်ရမယ်။

လက်ရှိ အစိုးရအဖွဲ့ ဆောင်ရွက် နေမှုတွေကို ကော်မတီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကျေနပ်မှုရှိလားခင်ဗျ။

ခုတော့ သူတို့တွေ လုပ်နေကြ တယ်။ ဒါပေမယ့် အစိုးရသစ်ရဲ့ ဘတ်ဂျက်က အင်မတန်မှ နည်း နေတယ်။ တစ်ဖက်ကလည်း ကျွန်မဆိုလိုတဲ့ဟာက လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့ဒေသ အတွက် တောင်းတဲ့ တောင်းဆို ချက်တွေက အများကြီး ဖြစ်နေ တယ်။ ဒီတော့ မမျှတဘူး။ အဓိက စိန်ခေါ်မှု ငွေရေးကြေးရေးပဲ။ ဘာ မှ ပြည့်စုံမှုမှ မရှိတာ။ ဒီတော့ ဆောင်ရွက်ချက်တွေက လိုအပ်မှု တွေ ရှိနေဦးမှာ။ ဒီ့အပြင် ဒီအစိုး ရရဲ့ သက်တမ်းဟာ အင်မတန်မှ နုနေသေးတယ်။ သူတို့အတွက် အကြီးမားဆုံး အားနည်းချက်က အတွေ့အကြုံ မရှိတာပဲ။ စာတွေ့ တွေ ဘယ်လောက်ပဲ များများ လက်တွေ့ မလုပ်ကြည့်ရင် အဆင် မပြေဘူး။ နိုင်ငံရေးဟာ ဒီ့ထက်ပို ပြီးလေးနက်တယ်။ လိုအပ်ချက် တွေ ရှိနေတဲ့ လက်ရှိနိုင်ငံအတွက် သူတို့တွေရဲ့ အတွေ့အကြုံဟာ ဒီ နေရာမှာ အဓိကစိန်ခေါ်မှုဖြစ်နေ တယ်။ ရှင်းရှင်းပြောရရင် ခုချိန်မှာ လူထုထဲ အသံတော်တော် ထွက် လာတယ်။ သူတို့ဟာ ဒီအစိုးရ အပေါ် အများကြီး မျှော်လင့်ထား ကြတယ်။ သိပ်ပြီး ဖြစ်မလာတော့ အားမလို အားမရတွေ ဖြစ်လာ တယ်။ အန်တီတို့ တိုင်းရင်းသား တွေတောင်မှ ဒီလိုပဲ ဖြစ်နေတယ်။ အစိုးရကိုလည်း ကိုယ်ချင်းစာပါ တယ်။ သူတို့လည်း လုပ်ပေးချင်မှာ ပဲ။ လုပ်နည်းကိုင်နည်းလေးတွေ က မတည့်မတ်သေးတော့ ပြည်သူ တွေအနေနဲ့ နည်းနည်းစိတ်ရှည်ဖို့ တော့ ပြောချင်တယ်။ ကျွန်မတို့ တောင်မှ မှန်တာပြောရရင် ဒီအစိုး ရအပေါ်မှာ ထားတဲ့ ယုံကြည်မှု ဟာ ခုနောက်ပိုင်း မှေးမှိန်လာပြီ။ ကျွန်မတို့ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်ဝန်ကြီးချုပ် ခန့်အပ်ရေးကိစ္စ နဲ့ ပတ်သက်ပြီး အဆင်လည်း မပြေဘူးလေ။ ဒါကလည်း အချက် တစ်ချက်အနေနဲ့ ပါတာပေါ့။

ပြီးခဲ့တဲ့ လွှတ်တော်တုန်းကလည်း အန်တီက လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရတယ်။ အခုလည်း ထပ်ပြီး ရွေးချယ်ခံရ တယ်။ ဒီတော့ ရှေ့မီ နောက်မီလို့ ပြောလို့ရတယ်။ အရင်လွှတ်တော် နဲ့ အခုလွှတ်တော် ကွာခြားမှု ဒါ တွေကို ပြောပြပေးလို့ရမလား ခင်ဗျ။

အရင်တုန်းကတော့ အားလုံး သိကြတဲ့ အတိုင်းပဲလေ။ အရင် တုန်းကတော့ ပြည်ခိုင်ဖြိုးပါတီက သူတွေများတယ်။ ခုတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က သူ တွေ များလာတယ်။ ဒါက ပထမဦး ဆုံးပြောင်းလဲမှုတစ်ခုပေါ့။ နောက် ထပ် ပြောင်းလဲမှုတစ်ခုကို ပြောပါ ဆိုရင် အခုရောက်လာတဲ့ လွှတ် တော်ကိုယ်စားလှယ်တွေဟာ ပြည် သူတွေကိုယ်တိုင် တစ်ခဲနက် မျှော် လင့်တကြီး တင်မြှောက်လိုက်တဲ့ သူတွေ ဖြစ်နေတယ်။ ဒီတော့ သူ တို့တွေရဲ့တာဝန်က အရင်ကလွှတ် တော်ကိုယ်စားလှယ်တွေထက် ပို ပြီး တာဝန်ကြီးသွားတယ်။ ဒါတွေ လည်း ပြောင်းလဲတာပဲ။ နောက် တစ်ခုက ပြောင်းလဲတာကတော့ အခုနောက်ပိုင်းပေါ့လေ။ သူတို့ တွေ လုပ်ချင်တာ လုပ်လို့ မရတော့ ဘူး။ ဆိုလိုတဲ့ သဘောတရားက တော့ မေးခွန်း မေးမေး၊ အဆိုတင် တင် သူတို့ ပါတီကို ဖြတ်ရတယ်။ ဒါ့ကြောင့် အချို့လွှတ်တော်ကိုယ် စားလှယ်အချို့ဆိုရင် သူတို့ရဲ့ မေး ခွန်းတွေ အတားအဆီးခံနေရတယ် လို့ ပြောကြတယ်။ အဲဒီလို အချက် တွေ ရှိနေတဲ့အတွက် ထင်သ လောက် ခရီးမပေါက်တာတွေတော့ ရှိနေတယ်။ ပထမလွှတ်တော်တုန်း က လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ သူတို့တာဝန် သူတို့ကျေခဲ့ကြ တယ်။ အခုလွှတ်တော်လည်း ကျေ ကြမယ်လို့ ထင်တာပဲ။

အခုအစိုးရသစ်က ရလဒ် ကောင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ဆောင် ကြဉ်းပေးလာနိုင်သလား ခင်ဗျ။

ကျွန်မအထင် ပြောရရင် ရှေ့ နှစ်လောက်က စပြီး နိုင်ငံအတွက် ရလဒ်ကောင်းတွေ စတင်ဖန်တီးပေး လိမ့်မယ်လို့မြင်တယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ပြည်ပသွားတိုင်း အကူအညီတွေ အမြဲရရလာတယ်။ ဥပမာ ဂျပန်သွားတယ်။ ဂျပန်ရဲ့ အကူအညီ အများကြီးရလာတယ်။ ဒီလိုပဲ အခြား နိုင်ငံသွားတဲ့အခါမှာ အခြားနိုင်ငံရဲ့ အကူအညီတွေ ရရ လာတယ်။ ဒါ့ကြောင့် ဒီအကူအညီ တွေရဲ့ အကျိုးရလဒ်တွေကို ပြည် သူလူထုဟာ လတ်တလော မခံစား ရသေးဘူး။ ရှေ့လာမယ့်နှစ်တွေ ကိုမှ ခံစားရပါမယ်။ ဒါ့ကြောင့် လာမယ့်နှစ်ကစပြီး ရလဒ်ကောင်း တွေ စခံစားရမယ်လို့ ကျွန်မ မြင် တယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရသစ်အနေနဲ့ အရေးတကြီး ဘာတွေ လုပ်သင့်တယ်လို့ အကြံ ပြုချင်ပါလဲ ခင်ဗျာ။

အစိုးရသစ် အနေနဲ့ကတော့ သူလုပ်မယ့် အလုပ်တွေကို သူလုပ် မှာပေါ့။ ဒီ့အတွက် ထွေထွေထူးထူး အကြံပြုစရာ မရှိပါဘူး။ ဒါပေမယ့် လည်းပဲ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ သွက်သွက်လက်လက် ခုထက် ပို ပြီး လုပ်စေချင်တယ်။ ဘတ်ဂျက်က နည်းရတဲ့အထဲ ခုဆိုရင် မူဆယ် ဘက်တွေမှာ တံတားတွေ ကျိုး၊ လမ်းတွေပျက် ဖြစ်ကုန်ပြီ။ ဒီအခြေ အနေတွေကိုလည်း ထိန်းဖို့ လိုပါ တယ်။ ကျွန်မ ပြောချင်တာ ဒီ လောက်ပါပဲ။

ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*