လမ်းဘေးရှိ လက်ဖြစ်ဗုံး ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်သမ္မတ ကိုယ်ရံတော် ၇ ဦး ဒဏ်ရာရရှိ

လမ်းဘေးရှိ လက်ဖြစ်ဗုံး ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်သမ္မတ ကိုယ်ရံတော် ၇ ဦး ဒဏ်ရာရရှိ
November 30, 2016 Asian Fame

7:18 am
လမ်းဘေးရှိ လက်ဖြစ်ဗုံး ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်သမ္မတ ကိုယ်ရံတော် ၇ ဦး ဒဏ်ရာရရှိ

manila-copy

PN-002
မနီလာ၊ နိုဝင်ဘာ ၂၉

လမ်းဘေးတွင် ထောင်ထား သော ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်သမ္မ ဒူတာတေ၏ ကိုယ် ရံတော်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိ သွားသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဝယ် အစ္စလာမ်မစ် လက်နက်ကိုင် များနှင့် အစိုးရတပ်များတိုက်ပွဲဖြစ် ပွားလျက်ရှိသည့်နေရာကို သမ္မတ ဒူတာတေသွားရန် တစ်ရက်အလို တွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ် သည်။

သမ္မတ ဒူတာတေသည် သူ့ အကြံပေးအဖွဲ့၏တားမြစ်မှုကို ဆန့် ကျင်ငြင်းဆန်၍ တိုက်ပွဲများရှိ ဘူ တစ်မြို့ဝယ် ဒဏ်ရာရရှိနေသည့် ရဲဘော်များကို နိုဝင်ဘာ ၃ဝရက် ဗုဒ္ဓဟူးနေ့တွင် သွားရောက်အား ပေးရန် စီစဉ်ထားသည်။

”လမ်းဘေးမှာထောင်ထားတဲ့ လက်ဖြစ်ဗုံးတစ်လုံးပေါက်ကွဲမှုက  သမ္မတကိုယ်ရံတော်တွေစီးလာတဲ့ ထရပ်ကားကို ထိမှန်ပြီးခု လိုဖြစ်တာ ပါ။ ရင်ဆိုင်တိုက်ပွဲမဟုတ်ပါဘူး” ဟု ကာကွယ်ရေးဝန်ကြီး ဒယ်လ် ဖင် လိုရန်ဇာနာက သတင်းထောက် များအား မနီလာမြို့ တွင် ပြောပါ သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသည့် ကိုယ်ရံတော်တပ် ဖွဲ့ဝင်များကို အနီးဆုံးမြို့ရှိဆေးရုံသို့ လေကြောင်းမှ သယ်ယူပေးခဲ့သည်။ ယခုခရီးစဉ်ဝယ် သမ္မတ၏ တရား ဝင် မီဒီယာအဖွဲ့ပါရှိသော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ချေ။

ref: Roadside bomb hits Philippine president’s security team ahead of visit

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*