ဧရာဝတီလင်းပိုင်များ ဘေးအန္တရာယ် ကင်းစေသတည်း

ဧရာဝတီလင်းပိုင်များ ဘေးအန္တရာယ် ကင်းစေသတည်း
November 23, 2016 Asian Fame

8:28 am
ဧရာဝတီလင်းပိုင်များ ဘေးအန္တရာယ် ကင်းစေသတည်း
In Crime, Environment

dolphin

ဆောင်းမနက်ခင်းရဲ့ ဧရာဝတီဟာ ချမ်းအေးသလောက် တိတ်ဆိတ်နေပါ တယ်။ မော်တော်အင်ဂျင်စက်သံနဲ့ လေ တိုးသံရယ်၊ တစ်ချက် တစ်ချက်လျှံထွက် လာတဲ့ စကားသံတချို့ကလွဲပြီး ပတ်ဝန်း ကျင်တစ်ခုလုံး ငြိမ်သက်လျက် ရှိပါတယ်။

မော်တော်ဟာ မတ္တရာမြို့နယ်၊ ဆင် ကျွန်းကျေးရွာ ကမ်းခြေကို ဦးတည်နေပြီး ဒီခရီးစဉ်မှာပါလာသူတွေဟာ မန္တလေးအ ခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွ လှုပ်ရှားသူများ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ မရွှင်ပြတဲ့ မျက်နှာ တွေနဲ့ မော်တော်ဦးတည်ရာ အဲဒီဘက် ကမ်းဆီ ငေးမောနေပြီး အချို့တွေ့ရဲ့ မျက် လုံးအိမ် ထဲမှာတော့ မျက်ရည်များနဲ့ ဝေ့ သီနေပါတယ်။

ဒီခရီးဟာ လူသားအကျိုးပြုတိရစ္ဆာန် တွေအတွက် အောက်မေ့ခြင်း အထိမ်းအ မှတ် ပြုလုပ်ဖို့သွားတဲ့ခရီး ဖြစ်တာကြောင့် အားလုံးက ဝမ်းနည်းမှုနဲ့ ငြိမ်သက်နေကြ တာ ဖြစ်ပါတယ်။

မန္တလေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ ကိုမောင်မောင် ဦးက ဦးဆောင်ပြီး ဧရာဝတီမြစ်အတွင်း ဘက်ထရီလျှော့တိုက်မှုကြောင့် သေဆုံး သွားသော သားလောင်းမိခင် ဧရာဝတီ လင်းပိုင် (သားကြီး မ)နဲ့ ကျန်ရှိနေသော ဧရာဝတီလင်းပိုင်များအတွက် ဘေးအန္တ ရာယ်ကင်းစေကြောင်း ဆုတောင်းခြင်းဆို တဲ့ ခေါင်းစဉ်နဲ့ ဝမ်းနည်းခြင်း အထိမ်းအ မှတ် ဆုတောင်းပွဲကို သွားလုပ်တာပါ။

နိုဝင်ဘာ ၁၃ ရက်နေ့က ဝါယာရှော့ တိုက်ငါးဖမ်းသူတွေကြောင့် သက်တမ်းနှစ် တစ်ရာခန့်ရှိနေပြီဖြစ်တဲ့ သားလောင်းမိခင် ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့ရ ကြောင်း၊ သူနဲ့အတူ ဝမ်းဗိုက်အတွင်းရှိနေ တဲ့ သားလောင်းလည်း သေဆုံးခဲ့ကြောင်း သတင်းေ တွ တက်လာပါတယ်။ ဧရာဝတီ လင်းပိုင်ဆိုတာ ကမ္ဘာပေါ်မှာတောင် ရှား ပါးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရေနေ နို့တိုက်သတ္တဝါမျိုးစိတ် တစ်ခုဖြစ်တဲ့အ တွက် အားလုံးက ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။

”ကိုယ်လည်း သတင်းကြား ကြားခြင်း ယုံတောင်မယုံနိုင်ဘူး၊ ဟုတ်ရဲ့လားလို့ ဟို မေးဒီစမ်းနဲ့ပေါ့။ တကယ် သေချာပြီလည်း ဆိုရော နှမြောလိုက်တာလေ။ ဒါပေမယ့် လည်း ဘာမှ မတတ်နိုင်တာ။ သူ့အတွက် ဘာလုပ်ပေးရရင် ကောင်းမလဲ စဉ်းစား တယ်။
နောက်ဆုံးတော့ အဖြေတစ်ခုရ လိုက်တယ်၊ သူ့အတွက်ရောကျန်တဲ့သူတွေ အတွက်ပါ ကိုယ်တို့အကောင်းဆုံး အစီအ စဉ်တစ်ခု စီစဉ်ဖြစ်လိုက်တယ်။ ဒါနဲ့ပဲ ဒီ ခရီးစဉ်ဖြစ်လာတာပေါ့” လို့  မန္တလေးစိမ်း ရောင်စိုက ကိုမောင်မောင်ဦးက ဒီခရီးစဉ် နဲ့ ပတ်သက်ပြီး
ပြောပြတယ်။

မှတ်တမ်းအထောက်အထားတွေအ ရ အေဒီ ၈ရာစုလောက်ကတည်းက ဧရာ ဝတီမြစ်အတွင်း လင်းပိုင်တွေ ကျက်စားနေ တာတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ လင်းပိုင်တွေဟာ ၁၉  ရာစုမှာတော့ ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက် ကချင်ပြည် နယ် ဗန်းမော် အနီးကနေ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့ကြားမှာ အများဆုံးတွေ့ခဲ့ရ တာမှာ အဲဒီကတည်းက (ဧရာဝတီလင်း ပိုင်)Irrawaddy Dolphin ရယ်လို့ ကျော် ကြားလာတာပါ။

ဒီဘက်ခေတ်မှာတော့ ဧရာဝတီလင်း ပိုင်တွေဟာ မျိုးသုဉ်းပျောက်ကွယ်တော့ မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတွက် ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး  မင်းကွန်းကနေ ကျောက် မြောင်းအထိ ၇၂ ကီလိုမီတာ အကွာ အဝေးကို ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ် မြေအဖြစ် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်မှာသတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာမှာ မြန်မာမှာပဲရှိတဲ့ ဧရာဝတီ လင်းပိုင်နဲ့ လက်ပစ်ကွန်ရေလုပ်သားတို့ ပူးပေါင်းပြီး ငါးဖမ်းဆီးတဲ့ ထူးခြားတဲ့ သဘာဝဓလေ့တွေ ကို ပြည်ပခရီးသွားဧည့် သည်တွေ တကူးတကလာရောက်လေ့ လာကြည့်ရှုတာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာတဲ့အတွက် ငါးလုပ်ငန်းဦးစီး ဌာနကလည်း ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထောက်အပံ့ တွေလုပ်ပေးနေပါတယ်။

   ဖွံ့ဖြိုးတိုးတက်လာတဲ့ ခရီးသွားလုပ် ငန်းကြောင့်လည်း ဧရာဝတီလင်းပိုင်ကြည့် ရှုခြင်း အစီအစဉ်တွေ တဖြည်းဖြည်းတွင် ကျယ်လာ ပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်လာပါတယ်။

”လင်းပိုင်နဲ့ တံငါ ငါးဖမ်းကြပုံမှာ လင်းပိုင်က အမြီးရိုက်အချက်ပေးရင် ပိုက် ကိုင်က အသင့်စောင့်နေရတယ်။ သူ့ကိုယ် လုံးနဲ့ ရေကို ရိုက်ချပြီး ငါးခြောက်ပေးလိုက် ရင် ပိုက်ပစ်ရပါတယ်၊ ဟန်ချက်ညီနေရပါ တယ်။ သူ့ကိုယ်နဲ့ ရိုက်ပြီးလို့မှ ပိုက်မပစ် ရင် လင်းပိုင်က စိတ်ဆိုးစိတ်ကောက်ပြီး ထွက်သွားရော၊ တော်တော်လေး ချော့ခေါ် မှ ပြန်လာပြီးဆက် ကူညီပေးတတ်တာပါ။ သတ္တဝါဖြစ်စဉ်တွေမှာ အနုပညာမှန်းဆ ချက်တွေသာမကဘဲ ပြတ်ပြတ်ထင်ထင် ပေါ်လွင်နေတဲ့ အရာဆိုတာက အပြန်အ လှန် မှီခိုရှင်သန်နေမှုပါပဲ၊
ဧရာဝတီလင်း ပိုင်မျိုးစိတ်အတွက် လုံလောက်တဲ့ အကာ အကွယ်ပေးမှု အထူးလိုအပ်နေပါပြီ” လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။

၂ဝဝ၅ ခုနှစ် သြဂုတ်လကစပြီး ဝါ ယာလျှော့တိုက်လို့ ဧရာဝတီလင်းပိုင်သေ ဆုံးမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ လင်း ပိုင်တွေကို မိသားစုဝင်လို စောင့်ရှောက်ခဲ့ တဲ့ ဦးမောင်လေးက ပြောပါတယ်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့  (WCS) က ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ် တမ်းကောက်ယူမှုအရ ဗန်းမော်နဲ့ မန္တလေး ကြားမှာ လင်းပိုင် ၆၃ ကောင်သာ ကျန် တော့တယ်လို့ သိရပါတယ်။

”ဒီနှစ်ထဲမှာတော့ အကောင်ကြီးနှစ် ကောင်နဲ့ အကောင်လေးတစ်ကောင် သေ သွားတယ်ပေါ့နော်။ ရှေ့က တစ်ကောင်က တော့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ သွား ပြီး စုံစမ်းတဲ့အကောင်ပါ။ သူက ပိုက်ငြိပြီး တော့ပါလာတယ်ပြောတယ်။ တစ်ကောင်က အကောင်ေ သးပေါ့။ သူက ပုပ်ပွပြီးသေတာ ပါ။ အခုဒီတစ်ကောင်က လျှော့တိုက်ပြီး တော့ သေတာပါ”လို့ WCS  ရဲ့ စီမံကိန်း မန်နေဂျာ ဦးကျော် လှသိန်းကပြောပါတယ်။

သားကြီးမလို့ခေါ်ကြတဲ့ အဲဒီကိုယ်ဝန် သည် ဧရာဝတီလင်းပိုင်ကြီးက အရှည် ၇ ပေခန့်ရှိပြီး နိုဝင်ဘာ ၁၃ ရက်က စစ်ကိုင်း တိုင်းဒေ သကြီး စစ်ကိုင်းမြို့ ခိုတောင်ရွာအ ရှေ့ဘက်ဧရာဝတီမြစ်ရေပြင်အတွင်း သေ ဆုံးနေတာကို ဒေသခံတွေကစသိခဲ့တာပါ။

သူသေဆုံးချိန်မှာ ဝမ်းဗိုက်အတွင်း သားလောင်းတွေ့ရပေမယ့်လည်း အဲဒီ သားလောင်းပါ မိခင်နဲ့အတူ သေဆုံးခဲ့ရပါ တယ်။

”လင်းပိုင်လေ့လာရေး ခရီးစဉ်သွား တိုင်း လှေဦးထိပ်ကနေပြေးပြနေတဲ့ လင်းပိုင် ကြီးပါ။ သားကြီးမဆိုတာက မူရင်းအမည် ပါ။ လင်းပိုင်တွေကိုတွေ့ချင်လို့ ဧရာဝတီ ထဲလာတဲ့အခါတိုင်း သူကပဲဦးဆောင်ခေါ် သွားပေးတယ်။ အင်မတန်ဝမ်းနည်းစရာ ကောင်းပါ တယ်” လို့လည်း ကိုမောင်မောင် ဦးက ဝမ်းနည်းနေဟန်နဲ့ပြောပါတယ်။

လူ့အသိဥာဏ်နီးပါးရှိတဲ့ လင်းပိုင်တွေ ဟာ နှစ်သက်တမ်း ၁ဝဝခန့်အထိ အသက် ရှင်နေနိုင်ကြတယ်လို့သိရပြီး အရေပြား ထူတဲ့အ တွက်လည်း တော်ရုံလောက်နဲ့ အ သက်အန္တရာယ် ထိခိုက်နိုင်ဖွယ်မရှိတဲ့အ တွက် သားကြီးမသေဆုံးမှုဟာ သဘာဝ လွန် ငါးဖမ်းဆီးမှု စနစ်ကြောင့်သာ ဖြစ် တယ်လို့ လင်းပိုင်အကြောင်း အစဉ်တစိုက် လေ့လာသူတွေက ဆိုပါတယ်။

၂ဝ၁၅ ခုနှစ်တစ်နှစ်တည်း ဧရာဝတီ လင်းပိုင်ကြည့်သူ ပြည်ပခရီးသွားဧည့်သည် တွေဆီက နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ပေါင်း ၆ဝဝ ကျော်ရရှိခဲ့တဲ့အတွက် ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက် ကျန်ရှိနေ သေးတဲ့ ဧရာဝတီလင်းပိုင် ကာကွယ်ထိန်း သိမ်းရေးအစီ အစဉ်တွေကို နိုင်ငံတော်အ ဆင့်နဲ့ အဆင့်မြှင့်တင်ဆောင်ရွက်ဖို့လိုတယ် လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ က ပြောပါတယ်။

တံငါသည်တွေအတွက် ဝင်ငွေရှာပေး ရုံတင်မကဘဲ တိုင်းပြည်အတွက်ပါ နိုင်ငံ ခြားဝင်ငွေ အမြောက်အမြား ရှာပေးနေတဲ့ ဧရာဝတီ လင်းပိုင်တွေဟာ သဘာဝလွန် ငါးဖမ်းမှုတွေကြောင့် မျိုးသုဉ်းလုနီးပါး ပျောက်ကွယ်သွားတော့မှာ ဖြစ်တဲ့အတွက် လည်း အဲဒီ သဘာဝ လွန်ငါးဖမ်းနေသူတွေ ကို ပိုက်စိပ်တိုက်ဖမ်းဆီးပြီး ပြင်းပြင်းထန် ထန် အရေးယူပေးဖို့လိုတယ်လို့ ကိုမောင် မောင်ဦးကဆိုပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*