အိမ်အကူများအပါအဝင် အလုပ်သမားများအားအဓမ္မခိုင်းစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ကာကွယ်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်

အိမ်အကူများအပါအဝင် အလုပ်သမားများအားအဓမ္မခိုင်းစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ကာကွယ်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်
November 23, 2016 Asian Fame

9:25 am
အိမ်အကူများအပါအဝင် အလုပ်သမားများအားအဓမ္မခိုင်းစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ကာကွယ်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်
In Local, Parliament

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၇

အဓမ္မခိုင်းစေခံရသော အလုပ် သမားများတွင် ကလေးလုပ်သား အများဆုံးဖြစ်နေပြီး ထိုကိစ္စများ ကို အလုပ်သမားဥပဒေနှင့်အညီ စစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တန်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြည်သူ့လွှတ်တော်တွင် အရေး ကြီးအဆိုတင်သွင်းသည်။ နိုဝင် ဘာလ ၁၇ ရက်နေ့က ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်း အဝေးတွင် အိမ်အကူ အလုပ် သမားများအပါအဝင် အလုပ် သမားများခန့်ထားရာတွင် ပြဋ္ဌာန်း ထားသောဥပဒေနှင့်အညီ အလုပ် သမားမှတ်ပုံတင်ပြီးမှခန့်ထားရန် နှင့် အလုပ်ရှင်များမှ အလုပ်သမား များကို အဓမ္မခိုင်းစေခြင်း ညှဉ်း ပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်အောင် ကာကွယ်တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း ၎င်းက အရေးကြီးအဆိုတင်ခဲ့သည်။

”ကျွန်မတို့ဟာ ဖြစ်နေတာတွေကလည်းကြာပြီပေါ့လေ။ မဖြေရှင်းဘဲထားခဲ့လို့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဥပဒေတွေလည်း ရှိတယ်၊ မြို့နယ်တိုင်း မြို့နယ်တိုင်း မှာ ဖျန်ဖြေရေးအဖွဲ့ဆိုတာလည်း ရှိတယ်၊ မူအားဖြင့်ရှိပေမယ့်လည်း လက်တွေ့အားဖြင့် အလုပ်ကမဖြစ်တာရှိတယ်။ ဒီဥစ္စာကိုအသက်ဝင် အောင် ဥပဒေကိုလည်း အသက်ဝင်အောင်လုပ်ဖို့ စည်းမျဉ်းစည်း ကမ်းအတိုင်းလုပ်ဖို့ တာဝန်ရှိသူတွေကို သိစေချင်လို့ ဒီအဆိုတင်တာပါ” ဟု ဒေါ်အေးမြမြမျိုးကဆိုသည်။ ဥပဒေအရ အသက် ၁၄ နှစ် အောက်ကို အလုပ်မခန့်ရဟုဆို သော်လည်း နှိပ်စက်ညှဉ်းပန်းခံရ ၍ မီဒီယာများမှတစ်ဆင့်သိလာ သည့်အခါ အဆိုပါကလေးများမှာ အသက် ၁၄ နှစ်ပင် မပြည့်သည်ကို တွေ့ရကြောင်း၊ အလုပ်ရှင်များ ဥပဒေကို လိုက်နာခြင်းမရှိဘဲ ခန့် နေသည်မှာသိသာကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေး သူငယ်များခိုင်းစေခံရမှုတွင်အသက် ၁ဝ နှစ်မှ အသက် ၁၄ နှစ်အထိ ၁၃ သိန်းရှိပြီး အသက် ၁၂ နှစ်မှ အသက် ၁၇ နှစ်အထိ ကလေးသူ ငယ်များမှာ ၈ သိန်းခန့်အထိ အလုပ်ခွင်ထဲတွင် လုပ်ကိုင်နေကြောင်း ၎င်းက ထပ်မံဆိုသည်။ ”လယ်ယာမြေပြဿနာပြီးရင် ဒုတိယအရေးကြီးဆုံးက အလုပ် ရှင် အလုပ်သမားပြဿနာပေါ့ နော်၊ ဆက်စပ်မှုအများကြီး ရှိပါတယ်။ ဒီတောင်သူလယ်သမား တွေ လယ်ယာသိမ်းတော့ အလုပ် လက်မဲ့တွေဖြစ်ကုန်ပြီး အိမ်အကူ ဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်တွေမှာဖြစ်ဖြစ် ရောက်သွားတော့ ပညာမပြည့်စုံဘူး။ စီးပွားရေး မပြည့်စုံဘူး၊ ဗဟုသုတမပြည့်စုံ တဲ့နေရာမှာ အလုပ်သမားပြဿနာ တွေကို ပိုကြီးထွားလာစေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ဒေါ်အေးမြမြမျိုး၏ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*