ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူ ၇ဝဝ ကျော်ဖြင့် အရပ်ဘက်အဖွဲ့ အစည်း PACE က စောင့်ကြည့်မည်

ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူ ၇ဝဝ ကျော်ဖြင့် အရပ်ဘက်အဖွဲ့ အစည်း PACE က စောင့်ကြည့်မည်
November 23, 2016 Asian Fame

5:23 am
ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူ ၇ဝဝ ကျော်ဖြင့် အရပ်ဘက်အဖွဲ့ အစည်း PACE က စောင့်ကြည့်မည်
In Election

intermission-election-copy

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၁

လာမည့် ကြားဖြတ်ရွေးကောက် ပွဲကို လေ့လာစောင့်ကြည့်သူ ၇ဝဝ ကျော်ဖြင့် စောင့်ကြည့်လေ့လာသွား မည်ဖြစ်ကြောင်း   ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ် ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် PACE အဖွဲ့က ပြောသည်။

၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲကို ကာလတိုလေ့လာ စောင့်ကြည့်သူ ၆ဝဝ ကျော်၊ ဆန်း စစ်လေ့လာသူ ၈ဝ ကျော်၊ ကာလ ရှည် လေ့လာစောင့်ကြည့်သူ ၅ဝ ကျော်တို့ဖြင့် PACE အဖွဲ့က စောင့်ကြည့်လေ့လာသွားမည်ဖြစ်   ကြောင်း  ယင်းအဖွဲ့ မှ အမှုဆောင် ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်က ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal  ဟိုတယ် တွင် ယင်းအဖွဲ့က သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲ ဆွယ်စည်းရုံးရေးကာလ၊ ကိုယ်စား လှယ်လောင်းအမည်စာရင်း တင် သွင်းခြင်း၊ မဲဆန္ဒရှင်စာရင်းကြေ ညာပြသမှုဖြစ်စဉ်၊ ကြိုတင်မဲပေး ခြင်း၊ ရွေးကောက်ပွဲနေ့ မဲပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ကြား ဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့ နယ်ပေါင်း ၂၂ မြို့နယ်လုံးတွင် ခြုံငုံ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့မှ ဒေါ်နေခြည်ကဆိုသည်။

”ဒီကြားဖြတ် ရွေးကောက်ပွဲ ဟာ မဲဆန္ဒနယ်အရေအတွက်အရ နည်းပါးတယ်ဆိုပေမယ့်လည်း နိုင် ငံရေးဖြစ်စဉ်အတွက် အထူးသ ဖြင့် ဒီမိုကရေစီ ကူးပြောင်းမှုအ တွက်ကို အရေးကြီးတဲ့အတွက် အစိုးရအသစ် အတွက်ကော ရွေး ကောက်ပွဲ ကော်မရှင်အသစ်အ တွက်ကော အရေးကြီးတဲ့ မှတ်တိုင် တစ်ခုဖြစ်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် မြို့နယ်အားလုံးကို စောင့်ကြည့်သွားမယ်။ စေတနာ့ ဝန်ထမ်း ၇ဝဝ လောက်နဲ့ စောင့် ကြည့်မယ်” ဟု ဦးစိုင်းကျော်စွာ မြင့်က ဆက်ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျက်ရှိနေသော မဲဆန္ဒ နယ် ၁၉ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂ဝ၁၇ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပြီးခဲ့သည့် အောက် တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းထုတ်ပြန် ချက်တွင် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း )၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး၊ ထန်တလန်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ် ကမ်း၊ လသာ၊ လှိုင်၊ လမ်း မတော်၊ အလုံ၊ ဖရူဆို၊ ကျိုင်းတုံ၊ ညောင်ရွှေ မြို့နယ် စသဖြင့် ၂၂ မြို့နယ်ပါဝင် သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လာမည့်ကြား ဖြတ်ရွေးကောက်ပွဲကျင်းပ ပြုလုပ် မည့် မြို့နယ်များတွင် မဲစာရင်းများ ကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် နို ဝင်ဘာလ ၁ ရက်နေ့မှ ၃ဝ ရက် နေ့ထိ ကောက်ခံဆောင်ရွက်နေ ပြီး ၂ဝ၁၇ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကပ်ထား ကြေညာပေး သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်က ကြားဖြတ်ရွေးကောက် ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက် နေ့က ကျင်းပခဲ့ပြီး ပြည်သူ့ လွှတ် တော်မဲဆန္ဒနယ်အတွက် (၄ဝ) နေ ရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အတွက် (၆)နေရာနှင့် တိုင်း ဒေသကြီးမဲ ဆန္ဒနယ်(၂ )နေရာ စုစုပေါင်း (၄၈)နေရာအတွက် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ သို့ သော်လည်း ရွေးကောက်ပွဲမကျင်းပ မီ တစ်ပတ်အလို ၂ဝ၁၂ ခုနှစ် မတ် လ ၂၃ ရက်နေ့က ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်၃ခုမှာ လုံခြုံရေးအရ ရွှေ့ဆိုင်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ကြေညာခဲ့၍ ၄၅ နေရာသာ ကျင်းပဖြစ်ခဲ့သည်။ အ ဆိုပါ ကြားဖြတ်ရွေးကော်ပွဲတွင် မဲ ဆန္ဒနယ် (၄၅)နေရာအနက် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၄၃)နေရာ၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက (၁)နေ ရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက် တစ်ပါတီမှ (၁)နေရာစီ အ နိုင်ရရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*