ရောက်ခဲ့ဖူးသည့် ရွာကလေးဆီက

ရောက်ခဲ့ဖူးသည့် ရွာကလေးဆီက
November 23, 2016 Asian Fame

5:58 am
ရောက်ခဲ့ဖူးသည့် ရွာကလေးဆီက
In Articles

thein-soe-article

ဖိုးမဲရွာတဲ့။ တနင်္သာရီတိုင်းဒေ သကြီး၊ တနင်္သာရီမြို့နယ်၊ ပဝကျေး ရွာအုပ်စု အပိုင်ထဲမှာပါ။ ရွာခံတွေ ကတော့ ဖိုးမဲခွင်လို့သုံးနှုန်းတာကို ပိုပြီးနှစ်ခြိုက်ကြပုံရတယ်။ ၂ဝ၁၃ မိုးတွင်းကြီးထဲမှာ အဲဒီရွာကလေးဆီ ကို စီမံကိန်းတစ်ခုနဲ့ပတ်သက်ပြီးလို့ တစ်ညအိပ်ရောက်ခဲ့ပါတယ်။ တ ကယ့်ကို တစ်ညအိပ်သာသာပါပဲ။ ရွာရောက်တော့ ညနေ ၄ နာရီကျော် ကျော်၊ ပြန်ထွက်တော့နောက် တစ် နေ့မနက် ၇ နာရီဝန်းကျင်လောက်။ သွားရတဲ့ခရီးကလည်း ကြည့်ဦးလေ။ တနင်္သာရီမြို့ကနေ တစ်နာရီကျော် ကျော်လောက် မော်တော်စီးပြီး ပဝ ရွာကြီးဆီရောက်၊ ခရီးတစ်ထောက် နား နေ့လယ်စာစား (ဟိုရောက်ရင် စားစရာမှမရှိတာ)။ ရိက္ခာခြောက်တို့၊ သောက်ရေတို့ မုန့်တို့ဝယ်။ စက်တပ် သမ္ဗန်ငှား၊ ပဝချောင်းတစ်လျှောက် ၃ နာရီခွဲလောက် ဆန်တက်ပြီးတော့ မှ အဲ့ဒီရွာကို ရောက်သွားတာပါ။

အဲဒီအချိန်ဟာ ရွာအဖြစ်ပြန် စုစည်းထားတာ ၆ နှစ်လောက်ပဲရှိ သေးတယ်တဲ့။ အိမ်ထောင်စု ၉၆ စု နဲ့ လူဦးရေ ၂ဝဝ ကျော်လောက်ရှိနေ ပါပြီ။ သူတို့တတွေရဲ့ အဓိက စီးပွား ရေးလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင် လယ်ယာဥယျာဉ် စိုက်ပျိုးကြပါတယ်။ ကွမ်းသီး၊ ငှက်ပျောသီးတို့ကတော့ အဓိကထွက်ကုန်တွေပေါ့။ စပါးက တော့ ဝမ်းစာအတွက်လောက်သာ စိုက်ပျိုးကြတဲ့သဘော ရှိပါတယ်။ မုဆိုး၊ တံငါ၊ မျှစ်ချိုး၊ သစ်ခွရှာသူတွေ လည်းရှိကြပါတယ်။ လူငယ်လူလတ် ပိုင်းတွေကတော့ သူတို့အခေါ် ရှမ်း ကမ်းဘက်ကိုသွားလိုက်လာလိုက်နဲ့ အလုပ်လုပ်ကြပါတယ်။

ရွာက ကလေးငယ်တွေရဲ့ ပညာ ရေးအတွက်ကတော့ ကိုယ့်အား ကိုယ်ကိုး မူလတန်းကျောင်းလေး တစ်ခု ဖွင့်ထားပြီးတော့ ကျောင်း သားအယောက် ၆ဝ လောက် ရှိပါ တယ်။ အဲ … သင်ကြားရေးအ တွက်ကတော့ ရွာခံစေတနာ့ဝန်ထမ်း ဆရာမတစ်ယောက်တည်းကပဲ တာ ဝန်ယူပေးနေရပါတယ်။ သူငယ်တန်း ကနေ တတိယတန်းအထိပဲရှိတယ်။ စာမေးပွဲကိုတော့ အခြားရွာကြီးက အစိုးရမူလတန်းကျောင်းမှာ သွား ဖြေကြရတာပေါ့လေ။ ဆရာမလေး ရဲ့လခ အနေနဲ့ကတော့ ရွာကနေ စားရေးသောက်ရေးကို တာဝန်ယူ ပေးထားပါသတဲ့။ ရွာမှာကျေးလက် ဆေးခန်း မရှိတာတို့ လျှပ်စစ်မီး မရ တာတို့ကတော့ မဆန်းပါဘူး။

အဲဒီ ဆရာမလေးရဲ့ ပုံမှန်ဝင် ငွေ ဘယ်လောက်များရှိလိမ့်မလဲဆို တာ တွက်ဆရခက်သလို အရွယ် ရောက်ပြီး ရွာသားတစ်ဦးချင်းစီရဲ့ ပုံမှန်လစဉ်ဝင်ငွေဆိုတဲ့ မေးခွန်းက လည်း မထင်မှတ်ထားဘဲ ခက်ခဲတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ရပြန်ပါတယ်။ သူတို့ရဲ့ လူမှုစီးပွားအခြေခံကို အဲဒီလောက် မှတ်သားခဲ့ပေမယ့် လည်းအခုအချိန်မှာ ပြန်ပုံဖော်ကြည့် မိတဲ့အခါမှာ သူတို့တတွေဟာ လူမှုဝန်းကျင်အပြင် (Social Exclusive) များရောက်နေခဲ့သလားလို့ ခံစားမိ ပြန်ပါတယ်။ သူတို့ တတွင်တွင်သုံး နေကြတဲ့ ဖိုးမဲခွင်ဆိုတာကိုက သူတို့နဲ့ ကျန်တဲ့သူတွေရဲ့ကြားထဲမှာ စည်းဘောင်တစ်ခု တားထားသလား လို့။ သူတို့ကိုယ်တိုင်ကပဲ အဲဒီစည်း ဘောင်ရဲ့တစ်ဖက်မှာ ဖဲ့ထွက်ပြီးနေ ခဲ့ကြတာလား၊ ဒါမှမဟုတ် ဖဲ့ထွက် ခံလိုက်ရတာလား ဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်ကပဲ သိနိုင်မှာပါ။

အိမ်ထောင်စု ၉၆ စုဆိုရင် အ နည်းဆုံးအိမ်ခြေ ၅ဝ၊ ၆ဝ လောက် ရှိလိမ့်မယ်လို့ခန့်မှန်းမိတယ်။ ကျွန် တော်တို့ရောက်ခဲ့တဲ့ ရွာအလယ်ဆို တဲ့နေရာမှာတော့မှာ ရွာအကြီးအကဲ ရဲ့ ခြေတံရှည်အိမ်ရယ်၊ အခြားမြေ စိုက်တဲ ၂ တဲရယ်၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းစီရယ် နဲ့ ရွာသားတွေ ဆုံလေ့ဆုံထရှိကြတဲ့ လက်ဖက်ရည်ဆိုင်လေးရယ် ဒါပဲ တွေ့ခဲ့တယ်။ ကျန်တဲ့အိမ်တွေက ရောလို့မေးကြည့်တော့၊ ဥယျာဉ်ထဲ မှာပဲ နေကြတယ်တို့၊ ၄၅ မိနစ် ၁ နာရီလောက် လမ်းလျှောက်ရင် ရောက်တယ်တို့ (သူတို့တောပေါက် တဲ့ ခြေလှမ်းတွေနော်)နဲ့ ဖြေကြပါ တယ်။ အတူပါလာတဲ့ဒေသခံတစ်ဦး ကတော့ သူတို့တွေက ဟိုနား သုံး လေးအိမ်၊ ဒီနားသုံးလေးအိမ် စုနေ တတ်ကြတယ်၊ ကိစ္စရယ်လို့ရှိမှ ဒီရွာ လယ်ကိုလာကြတာလို့ ပြောပြပါ တယ်။ ရွာပုံစံချထားပုံက စုစုစည်း စည်းမဟုတ်ဘဲ ပြန့်ကျဲကျဲသဘော လိုဖြစ်လို့နေတယ်။ တမင်သက်သက် အဲ့ဒီလိုနေနေကြတယ်ဆိုရင်တောင် မှသူတို့ လူမှု သိုက်မြုံလေးကရော သူတို့ချင်း ဘယ်လောက်များ ထဲထဲ ဝင်ဝင်ရှိကြသလဲ (Internal Inclusive) လို့ ဆန်းစစ်ကြည့်ချင်စရာပါပဲ။

ကျွန်တော် မှတ်သားထားဖူးတဲ့ စာပိုဒ်လေးတစ်ခုရှိပါတယ်။ ‘ဆင်းရဲ မွဲတေနေကြသူများ ကြုံတွေ့ခံစား နေကြသော အကြောင်းအရာများ တွင် လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံ ရသလိုဖြစ်နေခြင်းသည်လည်း ပါဝင် ၍နေပါသေးသည်။ ထိုဖယ်ကြဉ်ထား မှု၊ ဖယ်ကြဉ်သလိုဖြစ်သွားမှုနှင့် ဖယ် ကြဉ်ခံထားရသည်ဟု ခံစားနေကြရ မှုများ အမြစ်တွယ်နေသရွေ့ ၎င်းတို့ ကိုဆင်းရဲမှုသံသရာမှ ဆွဲထုတ်၍ ရနိုင်မည်မဟုတ်သလို ၎င်းတို့ အတူ ရှိနေသော လူ့အသိုင်းအဝိုင်းကြီးတစ် ခုလုံးကိုလည်း တည်တံ့သောတိုးတက် ဖွံ့ဖြိုးစေမှုဆိုသည့် လမ်းကြောင်း ပေါ်သို့ တွန်းတင်ရန်မှာ မဖြစ်နိုင်ဟု ထင်မြင်မိပါသည်။

”အခုဒီရွာလေးမှာ တွေ့ရတာ ကတော့ သူတို့တစ်တွေ အတူပါလာ အောင် ဆွဲခေါ်ဖို့ဆိုရာမှာ အပြန်အ လှန်ယုံကြည်ကြမှု (Mutual Trust) စစ်စစ်ကို အရင်တည်ဆောက်နိုင်ကြ ဖို့လိုကြောင်းကို အဲဒီညကတည်းက ကောင်းကောင်း သဘောပေါက်ခဲ့ တယ်။ ကျွန်တော်တို့အဖွဲ့ရယ် ရွာ ကလူကြီးတချို့နှင့် တာဝန်ရှိသူတွေ ည ၇ နာရီလောက်ကနေ စပြီး စကားထိုင်ပြော ဆွေးနွေးလိုက်ကြတာ၊ ၉ နာရီခွဲလောက်ကျမှပဲ ကျွန် တော်တို့ကိုလက်ခံတဲ့ အမူအယာကို စတွေ့ခဲ့ရပါတယ်။

ဒီနေရာမှာလည်း ဖယ်ကြဉ်ခံ ရသလိုဖြစ်ခဲ့တယ်လို့ ခံစားမိကြလို့ ယုံကြည်မှုကိုရှာမတွေ့၊ မယုံကြည် နိုင်ခဲ့သလိုဖြစ်ခဲ့လို့ ဘေးထွက် ဖယ် ကြဉ်ခဲ့ကြနဲ့ လုံးလည်ခြာလည်လိုက် နေလို့ အားလုံးပါဝင် အတူလက် ချင်းချိတ်ပြီး ဆောင်ရွက်သင့်တာတွေ မဆောင်ရွက်နိုင်ကြသေးတာလား လို့ အဲဒီရွာခရီးစဉ်လေးနဲ့ ဆက်စပ် ပြီးတော့ ဆင်ခြင်မိပါတယ်။ ဘယ် သူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် လူရာ သွင်းခံရရင် လူရာ ဝင်ဆံ့ရင် ဝမ်းသာကြ မှာပါ။ အပယ်ခံရရင်၊ ကျဉ်ထားကြရင် ဝမ်းနည်းကြ မှာပါ၊ ကြိတ်ပြီးတော့ငိုရှိုက်နေကြ မှာပါ။ ဒါပေမယ့်လည်း ဘယ်သူမှ မဖြစ်ချင်တဲ့ အရာတစ်ခုဟာ မရည် ရွယ်ဘဲနဲ့ပဲဖြစ်ဖြစ်၊ တချို့နေရာတွေ မှာ တမင်တကာ လုပ်ယူလို့ပဲဖြစ်ဖြစ် ဖြစ်ပျက်နေတတ်တဲ့ သဘောသဘာဝ ရှိပါတယ်။

အဲဒါလေးတွေကို မြင်အောင် ကြည့်၊ ဇာစ်မြစ်ကိုတွေ့အောင်ရှာ၊ အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် ဖြေ ရှင်းနည်းနဲ့ချဉ်းကပ်၊ ဆိုလိုတာက ဖယ်ကြဉ်ထားမှုတွေကို ယုံကြည်မှု တွေနဲ့ လျော့နည်းစေပြီး အားလုံး အတူပါလာအောင် လက်တွဲခေါ်ကြ ပါစို့ဟုဆိုလျှင် အပြောကတော့လွယ် ပါတယ်။ လူမှုသုခရိပ်မြုံတစ်ခုကို ဖန်တီးဖို့ဆိုရာမှာတော့ လက်တွေ့ မှာ ခက်ခဲလှပါတယ်။ သို့ပေသော် လည်း ဖိုးမဲရွာလို တကယ့်ကို မြှင့် တင်ပေးဖို့လိုအပ်နေသည့် အသိုက် အဝန်းလေးတွေအတွက်ကိုတော့ စနိုင်သည့်နေရာ၊ ဖြစ်နိုင်သည့်နေရာ ကနေ စဝိုင်းပေးကြဖို့တော့ လိုအပ် နေပါတယ်။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*