တွံတေးရှိ အုတ်ဖုတ်စက်ရုံကြောင့် ဒေသခံများ ရင်ကျပ်ရောဂါ အပါအဝင် နောက်ဆက်တွဲရောဂါများ ခံစားနေရ

တွံတေးရှိ အုတ်ဖုတ်စက်ရုံကြောင့် ဒေသခံများ ရင်ကျပ်ရောဂါ အပါအဝင် နောက်ဆက်တွဲရောဂါများ ခံစားနေရ
November 22, 2016 Asian Fame

4:29 am
တွံတေးရှိ အုတ်ဖုတ်စက်ရုံကြောင့် ဒေသခံများ ရင်ကျပ်ရောဂါ အပါအဝင် နောက်ဆက်တွဲရောဂါများ ခံစားနေရ
In Local

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ်အတွင်းတွင် ကျောက်မီးသွေးအသုံးပြုကာ အုတ်ဖုတ်သည့်စက်ရုံကြောင့် စက်ရုံအနီးဝန်းကျင်ရှိ ဒေသခံများ ရင်ကျပ် ရောဂါအပါအဝင် နောက်ဆက်တွဲ ရောဂါများ ခံစားနေရကြောင်းသိရသည်။

တွံတေးမြို့နယ် ကုန်းဝက် ချောင်းကျေးရွာအပိုင်တွင်ရှိသော အဆိုပါစက်ရုံသည် လည်ပတ်နေခဲ့ သည်မှာ ၄ နှစ်ဝန်းကျင်ရှိပြီး ဒေသခံများတွင် အရေပြားရောဂါ၊ ရင်ကျပ်ရောဂါများ ခံစားလာခဲ့ရ သဖြင့် ယခုနှစ် အောက်တိုဘာလ အတွင်း တိုင်းဒေသကြီး ဝန်ကြီး ချုပ်ထံ တိုင်ကြားစာပို့ခဲ့ပြီး တရားရေးဌာနသို့ တိုင်ကြားခဲ့ခြင်း တို့ကြောင့် စက်ရုံပိတ်သွားပြီဖြစ် ကြောင်း၊ သို့သော်လည်း ဒေသခံများမှာ နောက်ဆက်တွဲရောဂါများ ခံစားနေကြရကြောင်း အုတ်ဖိုအနီး တွင်နေထိုင်သူ ဦးကြည်ဝင်းက ပြောသည်။

”စက်ရုံကတော့ ပိတ်ထားပြီး ပြီ။ ဒါပေမယ့် ကလေးတွေကတော့ ရင်ကျပ်ရောဂါ မကြာခဏဖြစ်တယ်၊ မကြာခဏဖျားတယ်၊ အဲဒါ ကိုလည်းတာဝန်ယူပြီး ကုသပေးတာမျိုးမရှိပါဘူး။ မေးတာမျိုးလည်း မရှိဘူး။ ဒါကြီးရပ်သွားတာကိုပဲ ကျွန်တော်တို့မှာ ကျေးဇူးတင်နေရတာပါ” ဟု ၎င်းက ပြောသည်။ စက်ရုံမှထွက်သည့် အငွေ့များကို နှစ်ရှည်ရှူရှိုက်ခဲ့ရသဖြင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိခဲ့သည့်အပြင် ကွမ်းစိုက်ရာတွင်လည်း ယခင်နှစ်များကထက် အ ထွက်လျော့ခဲ့ကြောင်း ၎င်းက ပြောသည်။ စက်ရုံမှထွက်သည့် အမှုန်အမွှားများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ပြီး စက်ရုံမှထွက်သော အမှုန်များတွင် ဓာတုပစ္စည်းများ ပါပါက အရေပြားရောဂါများပါ ဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့် စက်ရုံပိုင်ရှင်များသည် လူမှုဘဝ ဖွံ့ဖြိုးရေး ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာ (CSR) ကို သေချာလုပ်ဆောင်သင့်ကြောင်း ရောင် ခြည်သစ် အခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောသည်။

အဆိုပါစက်ရုံ စဖွင့်ပြီး ၂ နှစ် ခန့်ကတည်းက ဒေသခံများ နောက် ဆက်တွဲရောဂါများ စတင်ခံစားခဲ့ ရခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာန များသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူမှု မရှိခဲ့ကြောင်း၊ ယခုနှစ်အောက် တို ဘာလအတွင်းတွင် ဒေသခံများစု ပြီး တိုင်ကြားရာမှ စက်ရုံအပြီးပိတ် သိမ်းကြောင်း စာပို့ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများထံမှ သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*