မတိကျတဲ့ စီးပွားရေးမူဝါဒတွေနဲ့ အစိုးရသစ် ဘယ်လို ရှေ့ဆက်မလဲ

မတိကျတဲ့ စီးပွားရေးမူဝါဒတွေနဲ့ အစိုးရသစ် ဘယ်လို ရှေ့ဆက်မလဲ
November 22, 2016 Asian Fame

10:07 am
မတိကျတဲ့ စီးပွားရေးမူဝါဒတွေနဲ့ အစိုးရသစ် ဘယ်လို ရှေ့ဆက်မလဲ
In Articles
ဓာတ်ပုံ - အောင်ထက်( NYK )

ဓာတ်ပုံ – အောင်ထက်( NYK )

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရအဖွဲ့သည် ၄င်းအစိုးရ အဖွဲ့ တက်လာပြီး လေးလခန့်အ ကြာ ဇူလိုင် ၂၉ ရက်နေ့တွင် နိုင်ငံ တော် ၏ ရှေ့ဆက်သွားမည့် စီးပွား ရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန် လိုက်သည်။ အဆိုပါ စီးပွားရေး မူဝါဒ ၁၂ ချက်သည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်စေ ရန် ရည်ရွယ်ပြီး အမျိုးသားပြန် လည် သင့်မြတ်ရေးကို အထောက် အကူရ ရှိစေရန် ဦးတည်၍ သဘာ ဝ သယံဇာတ အရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းလျက်ပြည်နယ် နှင့် တိုင်းဒေသကြီးများ အကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင် မည့် စီးပွားရေး မူဘောင်ချ မှတ် ဆောင်ရွက်ရန် မျှော်မှန်းပါသည် ဟုဆိုသည်။

စီးပွားရေးမူဝါဒ ချမှတ်ခြင်း သည် နိုင်ငံတော်အတွက် အလွန် အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်သည်။ တိုင်းသူပြည်သားများ၏ ဆင်းရဲမှု၊ ချမ်းသာမှုတို့ကို ဆုံးဖြတ် ပေးသွားမည့် လုပ်ငန်းစဉ်ပင်ဖြစ် သည်။ မြန်မာပြည်သူအများစုသည် ခေတ်အဆက်ဆက် စီးပွားရေး မူဝါဒ အမှားများ၏အကျိုးဆက် အဖြစ် နှစ်ပေါင်းများစွာ ဆင်းရဲမှုဒဏ်ကိုခံစားခဲ့ရပြီးနောက် ၄င်း တို့ရွေးချယ်ခဲ့သော အစိုးရသစ်ပေါ် တွင် မျှော်လင့်ချက်အားလုံး စုပုံ ထားခဲ့သည်။

ယခုထုတ်ပြန်လိုက်သော အ စိုးရသစ်၏ စီးပွားရေးဆိုင်ရာမူဝါဒ များကို လေ့လာကြည့်ပါက  တိုင်း ဒေသကြီးနှင့်ပြည်နယ်များရှိ သယံ ဇာတများ မှန်ကန်စွာခွဲဝေသုံးစွဲခွင့် စသောအချက်များနှင့် အလုပ်အ ကိုင်ဖန်တီးရေးကို ပိုမိုအားပေးထား သောမူဝါဒများကို တွေ့မည်ရ မည် ဖြစ်သကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်း များကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်း လဲလုပ်ဆောင်ခြင်း စသော ယခင် အစိုးရလက်ထက်က လုပ်ကိုင်ခဲ့ သောမူဝါဒအတိုင်း ဆက်လက်လုပ် ဆောင်မှုများကိုလည်း မြင်တွေ့ရ မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင် ရာ ပြဿနာများစွာရှိနေရာ တန် ဖိုးမြှင့် ထုတ်ကုန်များ မထုတ်လုပ် နိုင်ခြင်း၊ ပြည်တွင်း အခြေခံအ ဆောက် အအုံအားနည်းခြင်း၊ ကျွမ်း ကျင်လုပ်သားရှားပါးခြင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ခိုင်မာမှုမရှိ ခြင်း၊ ဘဏ်လုပ်ငန်းများ အားနည်း   ခြင်း၊ ငွေကြေးမူဝါဒဆိုင်ရာပြဿနာ များရှိနေခြင်း စသော ပြဿနာများ နှင့်တကွ အခက်အခဲ များစွာရှိနေ မှာ ငြင်းဆို၍မရနိုင်ဖြစ်သည်။

တိကျသောသတ်မှတ်ချက် မရှိခြင်း

ယခုထုတ်ပြန်လိုက်သော မူ ဝါဒများတွင် အစိုးရလက်ထက်နှင့် ရေရှည်တွင် နှစ်အပိုင်းအခြား အ လိုက် မည်သည့်ကဏ္ဍကို ဦးစား   ပေးပြီး ဆောင်ရွက်မည်ဆိုသော အချက်နှင့် မည်မျှတိုးတက်မည်ဆို သောအချက် ပါဝင်ခြင်းမရှိပေ။ ဥပမာအားဖြင့် တစ်နှစ်အတွင်း မြန် မာနိုင်ငံသို့ နိုင်ငံခြားရင်နှီးမြှုပ် နှံမှုမည်မျှဝင်ရောက်စေပြီး နိုင်ငံ သား မည်မျှကို အလုပ်အကိုင်ရစေ မည်ဆိုသော ယေဘုယျအချက် အလက်များပင် မတွေ့ရ ခြင်းဖြစ် သည်။ စီးပွားရေးတိုးတက် စေရန် လုပ်ဆောင်မည်ဆိုသည်မှာ ၁ ရာ ခိုင်နှုန်းတိုးတက်စေမည်လား ၁ဝဝ ရာခိုင်နှုန်း တိုးတက်စေမည်လား စသဖြင့် ရည်မှန်းချက်ရှိရန်လိုအပ် မည်။ အလုပ်အကိုင်ရရှိရေးကို ဦး စားပေးသော ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးမည်ဟု ပြောဆိုထားချက် အရ လုပ်သားများ ပိုမို၍အလုပ် အကိုင်အခွင့်အလမ်း ရရှိစေမည် ဖြစ်သော်လည်း နည်းပညာနှင့်ကျွမ်း ကျင်မှုနည်းသော မြန်မာလုပ်သား များကို အမှန်တကယ်နေရာပေးခန့် ထားမည်လောဟူသည့်အချက်ကို အထူးအလေးပေး စဉ်းစားသင့် သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း၊ ကျွမ်းကျင်လုပ် သားနှုန်း၊ အခွန်ကောက်ယူရေးနှင့် ငွေကြေးမူဝါဒအတွက် အရေးကြီး သော Formal နှင့် Informal စီး ပွားရေးလုပ်ငန်းများ စသည့် အ ချက်အလက်များမရှိဘဲ အသေး စိတ်မူဝါဒများ ချမှတ်ရန် လွယ်ကူ မည်မဟုတ်ပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဖြစ်သော ဦးဇော်ဇော်က ”တိုး တက်နေတဲ့ နိုင်ငံတွေအကုန်လုံးက တိုင်းပြည်ရဲ့Development Rate က ဘယ်လောက်ရှိလို့ တက်လာတဲ့ အစိုးရက ဘယ်လောက်အထိချ မှတ်ရမယ်ဆိုတာရှိ တယ်။  နောက် တစ်ခုက ကျောင်းပြီးသွားတဲ့ ကလေး တွေ အလုပ်လက်မဲ့နှုန်း ဘယ် လောက်ရှိတယ်ဆိုတာ သိချင်ပါ တယ်။ ပြည်ပေ ရာက်နေတဲ့သူတွေ ဘယ်လောက်ရှိနေလဲဆိုတာ စာရင်း တိတိကျကျ ကောက်သင့်ပါတယ်။ ဒါမှ စာရင်းဇယားတွေ တိတိကျကျ သိရပြီး
ဘာဆက်လုပ်ရမယ်ဆိုတာ တိတိကျကျလုပ်မှ အဖြေကောင်း တွေ ထွက်မယ်ဆိုတာ ပြောချင်ပါ တယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တစ်ခုလုံးရှိ ကိန်ဂဏန်းများသည် တိကျမှုမရှိဘဲ အချက်အလက်လွဲ မှားမှု များစွာရှိနေသောကြောင့် အချက်အလက်များ ကောက်ယူ ခြင်းကို ပြန်လည်လုပ်ဆောင်သွားရန်လိုအပ်နေပြီဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာနဝန်ကြီး
ဦးကျော် ဝင်းကလည်း ဝန်ခံပြောဆို ထား သည်။

လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍

မြန်မာနိုင်ငံသည် ခေတ်အ ဆက်ဆက်ကပင် လယ်ယာစိုက်ပျိုး ရေးကိုဦးတည်သော စီးပွားရေးမူဝါဒ ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် အဆိုပါ လယ်ယာစိုက်ပျိုးရေးကို ဦးတည်၍ သွားခြင်းထက် လယ်ယာစိုက်ပျိုး ရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ်ပြီး စက်မှုလုပ်ငန်းစနစ်ဖြင့် ပေါင်းစပ် ကာ ကုန်ထုတ်တင်ပို့လုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း စီးပွား ရေးပညာရှင်များက ထောက်ပြသ ကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများအ တွက် ဘဏ်စနစ်သည် အသုံးဝင်မှု နည်းနေကြောင်းလည်း ပါဝင်သည်။

”စိုက်ပျိုးရေးကဏ္ဍကို နည်း မှန်လမ်းမှန်လုပ်မယ်ဆို ဖွံ့ဖြိုးတိုး တက်မယ့်အလားအလာတွေ ရှိ တယ်။ အရင်အစိုးရတွေ လက် ထက်မှာ စိုက်ချင်တာ မစိုက်ရဘဲ စိုက်ခိုင်းတာစိုက်ရတယ်။ စိုက် ပျိုးရေးဘဏ်ကပေးတဲ့ ချေးငွေက လည်း ဆန်စိုက်တဲ့ လူတွေကိုပဲပေး တာရှိ တယ်။ မြန်မာနိုင်ငံမှာ ပံ့ပိုး မှုတွေ၊ သုတေသနနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုက အင်မတန်နည်းခဲ့ တယ်။ တိုးတက်လာတဲ့တိုင်းပြည် တွေ ကိုကြည့်မယ်ဆို လယ်သမား တွေက ဈေးကွက်ဝယ်လိုအား ရှိ တာတွေကို ရွေးချယ်စိုက်ပျိုးနိုင်ခွင့် ရှိတယ်။ လိုအပ်တဲ့ပံ့ပိုးမှုတွေကို လည်းပေးတယ်။ မြန်မာပြည်မှာ အဲ့ဒါက မရှိဘူး။ လယ်သမားလို့ ပြောတဲ့ အခါသီးနှံတွေကိုပဲစိုက်ပြီး ထုတ် လုပ်တာ မဟုတ်ဘူး။ ကုန် ကြမ်းပဲ ရောင်းတာထက် ကုန်ကြမ်း ကနေ မုန့်လေးဘာလေးလုပ် ရောင်း တာမျိုးက ပိုရတယ်။ တခြား ဒေသ တွေကို လွယ်လွယ်ကူ ကူ ရောင်း နိုင်မယ့် လမ်းကြောင်းတွေဖွံ့ဖြိုးဖို့ လည်းလိုအပ်တယ်။ မြန်မာမှာ မရှိ တာတော့ မဟုတ်ဘူး။ ရှိတယ်။ တခြားတိုင်းပြည်နဲ့ စာရင် ဈေးကွက် ချိတ်ဆက်မှုက နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ မျိုး၊ ပေါ်လစီတွေ ပြောင်းလဲဖို့လိုတာ မျိုး၊ သုတေသနတွေ၊ လယ်သမား တွေကို ပံ့ပိုးပေးတာတွေ၊ စိုက်ပျိုး ရေးအတွက် လိုအပ်တဲ့ အသိပညာ တွေပေးတာမျိုး လိုအပ်တယ်”Nathan Associates  ၏ စီးပွား ရေးပညာရှင် Lynn Salinger  က ဆိုသည်။

ထိုသို့သော စိုက်ပျိုးရေး အ ခြေခံစက်မှုဖွံ့ဖြိုးရေးနှင့် ပတ်သက် ၍ NLD က ၄င်းတို့ မူဝါဒတွင် ထည့်သွင်း ရေးဆွဲထားသော်လည်း အစိုးရ၏ ပါဝင်ကူညီမှု မည်သို့ ပြုလုပ်မည်ကို ထည့်သွင်းဖော်ပြ ထားခြင်းမရှိပေ။ ထို့အပြင် စိုက် ပျိုးရေး ထွက်ကုန်များပေါ်တွင် မှီ တည်နေရခြင်းထက် သဘာဝသယံ ဇာတများဖြစ်သော ကျောက်စိမ်း၊ သစ်၊ သဘာဝဓာတ်ငွေ့ စသောအ ရင်းအမြစ်များပေါ်တွင် ကုန်ချော များ မထုတ်လုပ်ဘဲ တင်ပို့နေခြင်း က မြန်မာ့စီးပွားရေးကို နှောင့်နှေး စေမည်ဖြစ်ကြောင်း ဝေဖန်မှုများ လည်းရှိသည်။

ငွေရေးကြေးရေးမူဝါဒဆိုင်ရာ တိကျမှုမရှိခြင်း

အခြားထူးခြားသည့် မူဝါဒ တစ်ရပ်ဖြစ်သော အိမ်ထောင်စု များ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူပြုနိုင်မည့် ငွေရေးကြေးရေး စနစ်ဖြင့် တည်ငြိမ်မှုရရှိလာစေရေး ဆောင်ရွက်ရန်ဆိုသော
အချက်နှင့် ပတ်သက်၍ မည်သို့ ထိန်းသိမ်း မည်ဆိုသော အချက်ကိုဖော်ပြထား ခြင်းမရှိသောကြောင့် မည်သို့ လုပ် ဆောင်နိုင်မည်ကို စီးပွားရေးအ ဝန်းအဝိုင်းမှ သိလိုနေကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ AGD  ဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ”ဥပမာ အားဖြင့် ပြောရလို့ရှိရင် Fiscal နဲ့ ပတ်သက်တဲ့ အပိုင်းမျိုးမှာ အစိုးရ က ဘယ်လို င်္Fiscal ပေါ်လစီကို ကျင့်သုံးမှာလဲ။ Employment  တွေ ဖန်တီးတယ်ဆိုတာ ဘဏ္ဍာရေး မူဝါဒနဲ့ ဘယ်လိုချိတ်မလဲ။ နောက် တစ်ခုက ဘဏ္ဍာရေးမူဝါဒနဲ့ ငွေ ရေးကြေးရေးမူဝါဒကို ဘယ်လို အသေးစိတ်ချိတ်မလဲ။ အသေးစိတ် အချက်အလက်တွေက ပိုပြီးနက် ရှိုင်းပါတယ်”ဟု စီးပွားရေးမူဝါဒ များရှင်းလင်းပွဲအတွင်း ပြောကြား ခဲ့သည်။

လတ်တလောတွင် ဘဏ္ဍာရေး နှင့် ငွေကြေးကဏ္ဍ၏အဓိကအရေး ကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လွတ် လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များတွင် ယခုပြောသည်ထက် အသေးစိတ် ပို၍ ပြောဆိုသင့်သည်။ ဗဟိုဘဏ် တွင် ငွေကြေးမူဝါဒဆိုင်ရာကျွမ်း ကျင်မှုများ အားနည်းနေကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင် သူများက ထောက်ပြသည်။ ဥပမာ အားဖြင့် ငွေကြေးကျပ်တည်းချိန် များတွင် ငွေစက္ကူများ ရိုက်ထုတ်၍ ကျပ်တည်းမှုကို လျှော့ချရသော် လည်း ငွေစက္ကူ ရိုက်ထုတ်သင့်၊ မသင့် မည်သူဆုံးဖြတ်သည်ကို မသဲကွဲခြင်း၊ ပြည်တွင်းချေးငွေ တက်လာစေရန် ဗဟိုဘဏ်မှအတိုး နှုန်းမကစားသောကြောင့် ဗဟို ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် များ ဘဏ်လုပ်ငန်းစနစ်ရှေ့မတက် နိုင်ခြင်း စသော အချက်များကို မည်သို့လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း သိရှိလိုကြသည်။

”Monetary Policy  မှာ Check Fiscal Policy  ဆိုတာ ရှိတာကိုး။ အပြန်အလှန်ထိန်းချုပ် တဲ့စနစ်ပေါ့။ ဗဟိုဘဏ်ကလည်း အစိုးရ ရဲ့အသုံးစရိတ်ကို ထိန်းချုပ် ဖို့လိုတယ်။ ဘဏ်အသီးသီးရဲ့လိုအပ်ချက်တွေကိုလည်း အစိုးရပိုင်း ကနေ ပြန်ပြီးကြည့်ရမယ်။ ဗဟို
ဘဏ်ကလည်း အကန့်အသတ် ထားရမယ်။ အစိုးရအနေနဲ့လည်းMoney Supply Budget   များနေ ရင် လျှော့သင့်ရင် လျှော့ရမယ်။ အဲ့ဒီ Check & Balance   စနစ်ကို ပြန်ပြီးဖော်ထုတ်ဖို့ လိုတယ်”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးသန်းလွင်က အကြံပြုပြောကြား
ခဲ့သည်။

ကုန်ထုတ်လုပ်မှုကျဆင်းနေသော နိုင်ငံပိုင်လုပ်ငန်းများ

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များ ပိုမိုအောင်မြင်စေရန် ဆောင် ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲလုပ်ကိုင် နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ် ဆောင်ခြင်းဟူသော မူဝါဒနှင့် ပတ်သက်၍ အမှန်တကယ် ကြိုဆို ရမည်ဖြစ်သည်။

သို့သော်လည်း အဆိုပါ မူဝါဒသည် ယခင်အစိုးရ လက်ထက်တွင် မအောင်မြင်ခဲ့ သော မူဝါဒသာဖြစ်ပြီး မည်သို့ မည်ပုံစီမံ ခန့်ခွဲမည် ဆိုသည်မှာ စိတ် ဝင်စားစရာပင် ဖြစ်သည်။

”နိုင်ငံပိုင် လုပ်ငန်းများပြုပြင် ပြောင်းလဲမှုဆိုတာ ၁၉၉ဝ ပြည့်နှစ် လောက်ကတည်းက ပြုပြင်ပြောင်း လဲမှု လုပ်ခဲ့ပေမယ့် ဒီနေ့အထိ အရာ မထင်ပါဘူး။ အဲ့လိုအခြေအနေမျိုး ကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါက တကယ်လက်တွေ တကယ့် လုပ်လို့ မဖြစ်တာတွေ အများကြီး ကြုံရပါတယ်။ ဘာကြောင့်လဲဆို တော့ ဥပမာအားဖြင့် နိုင်ငံပိုင် လုပ်ငန်းတွေ လျှော့ပစ်မယ်ဆိုရင် စက်ရုံတွေရပ်ပြီး အလုပ် သမား တွေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ချပြဖို့လိုပါမယ်”ဟု AGD ဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုး သိန်းကပြောဆိုခဲ့သည်။

လက်ရှိ နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်သော ဆေးဝါး၊ မြေသြဇာ၊ ချည်မျှင်၊ အချိုရည်၊ ဘီယာနှင့် စီး ကရက်ထုတ်လုပ်သော လုပ်ငန်း များတွင် ဘီယာနှင့် စီးကရက်ထုတ် လုပ်သည့် လုပ်ငန်းမှလွဲ၍ ကျန် သည့် လုပ်ငန်းများအားလုံး၏ ကုန် ထုတ်လုပ်မှုများမှာ ၂ဝ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ကျဆင်းမြဲ ကျဆင်းနေသည်။ ထိုသို့သော လုပ် ငန်းများကို ဆက်လက်ကိုင်တွယ် ထားသင့် မသင့်ဆိုသောအချက်မှာ လည်း အရေးကြီးသောအချက်ဖြစ် သည်။

သဘာဝသယံဇာတများ မှန်ကန်စွာ ခွဲဝေသုံးစွဲရေး

တိုင်းဒေသကြီးနှင့် ပြည်နယ် များအကြား ဘဏ္ဍာငွေနှင့် အရင်း အမြစ်များ မျှဝေသုံးစွဲခွင့်သည် စီး ပွားရေးမူဝါဒနှင့် နိုင်ငံရေးမူ ဝါဒ နှစ်ခုလုံးတွင် အရေးပါသောအချက် များဖြစ်သည်။ ပြည်နယ်အစိုးရများ အတွက် ဆောင်ရွက်စရာလုပ်ငန်း များ ပို၍များလာမည်
ဖြစ်သည်။ သို့သော် မျှဝေသုံးစွဲခြင်းဟူသော စကားတွင် မည်သို့မျှဝေသုံးစွဲမည် ဆိုသည်မှာ ပို၍အရေးကြီးပေမည်။ အချို့သာ အခွန် အကောက်ကိစ္စ များကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရတို့က တိုက်ရိုက်လုပ်ကိုင်စေ ခြင်းလော၊ အခွန်များအား ယခင် စနစ်အတိုင်း
ပြည်ထောင်စုမှတစ် ဆင့် ပြန်လည်ခွဲဝေခြင်းလောဟူ သည့်အချက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု အစိုးရတို့အကြား စီးပွားရေးလုပ် ငန်းများအတွက် ဒေသအတွင်းရင်း နှီးမြှုပ်နှံမှုများဖိတ်ခေါ်မှုတွင် ပြည် နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်နိုင်မည် လောဟူသောအချက်တို့မှာ အလွန် အရေးကြီးသောအချက်ပင် ဖြစ် သည်။

ပြည်သူ့လွှတ်တော်ဘဏ်နှင့် ငွေကြေးများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်သက်သက်ခိုင်ကမူ ”လော လော ဆယ်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးကိစ္စတွေကို မျှမျှတ တဖြစ်အောင် ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒါဟာ စီး ပွားရေးဆိုင်ရာ ဖက်ဒရယ်ပါပဲ”ဟု ပြောဆိုခဲ့သည်။

စီးပွားရေး မူဝါဒအလွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရ ချမှတ်သော စီးပွားရေး မူဝါဒအားလုံးကို ခြုံငုံကြည့်ပါက ဈေးကွက်စီးပွားရေးစနစ်ကိုပင် ပို မို အားကောင်းစေရန်လုပ်ဆောင် မည့်မူဝါဒဖြစ်ပြီး နိုင်ငံသားအားလုံး ကို လွှမ်းခြုံသက်ရောက်မှုရှိနိုင်မည့် မူဝါဒပင်ဖြစ်သည်။

ကုန်ထုတ်လုပ် ငန်းတိုးတက်ရေးနှင့် ပို့ကုန်ပိုမိုတင် ပို့နိုင်ရေးဆိုသော အချက်ထက် ပြည်တွင်းသို့ ရင်းနှီးဖိတ်ခေါ်မှု များနှင့် နည်းပညာများ ဝင်ရောက် လာစေရန် ဦးစားပေးချမှတ်ထား သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင် အခွင့် အလမ်းကို
ဦးစားပေးလိုသည့် သဘောများလည်း တွေ့ရသည်။ မည်သို့ပင်ဖြစ်စေကာမှု ယခုချမှတ် သော မူဝါဒများမှာ ကောင်းမွန် သည်ဟု ဆိုရမည်ဖြစ်သည်။ သို့ သော်လည်း အဆိုပါမူဝါဒများအ တိုင်း အမှန်တကယ်ဆောင်ရွက် နိုင်ခြင်းရှိ၊ မရှိကိုမူ ဆက်လက် စောင့်ကြည့် ရမည် ဖြစ်သည်။ ယခင်အစိုးရ၏ စီးပွားရေးမူဝါဒ များသည်လည်း သူ့ခေတ်သူ့အခါ တွင် ကောင်းမွန်သည်ဟုဆိုကာ ထောက်ခံမှုများ ရရှိခဲ့ကြသော် လည်း အချိန်ကြာလာသည်နှင့် အမျှ နိုင်ငံရေးရည်မှန်းချက်များ၊ ကိုယ်ကျိုးစီးပွားများ ခြယ်လှယ် မှုနောက် စနစ်တစ်ခုလုံး ကျဆုံးခဲ့ ရသည့် သာဓကများစွာရှိခဲ့သည်။ သို့အတွက်ကြောင့် ယခုချမှတ် သော မူဝါဒများ၏ မူလရည်ရွယ် ချက်ဖြစ်သော အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် မျှဝေသုံးစွဲရေးဟူ သော မူဝါဒအတိုင်းတကယ်လက် တွေ့ အကောင်အထည်ပေါ်မည် လားဆိုသည်မှာ ဆက် လက်စောင့် ကြည့်ရမည်ပင် ဖြစ်သည်။ ထို့ အပြင် ယေဘုယျဆန်လွန်းသော မူဝါဒများမှသည် စီမံကိန်းတစ်ခု ချင်းစီအတွက် အသေး စိတ်မူဝါဒ များ မကြာမီထွက်ပေါ်လာမည်ဟု လည်း မျှော်လင့်ရပေသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*