တို့များ ခေတ်ဆီက (၁၇)

တို့များ ခေတ်ဆီက (၁၇)
November 18, 2016 Asian Fame

4:38 am
တို့များ ခေတ်ဆီက (၁၇)
In Articles

mg-swe-thet-article

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလွတ်လပ်ခဲ့တာ ၆၈ နှစ်ရှိပြီ။ လွတ်လပ်ရေး ကြီးရဖို့ နှစ်ပေါင်း ရာချီကြိုးစားခဲ့ရသည်။သူ့ကျွန်ဘဝက သခင်ကြီးတွေက အာဏာရှင်တွေမို့ သူတို့ကို လက်အုပ်ချီခဲ့ကြရသည်။ နယ်ချဲ့ဗြိတိသျှနှင့် အတူပါလာသော ကုလားချစ်တီးတွေကို ဆလံပေးခဲ့ရသည်။ြေ<ွကးယူပြီးြေ<ွကးထူသူတို့ အတိုးမဆပ်နိုင်သောအခါ ရှစ်ခိုးဦးတင်တောင်းပန်ရသည်။ အတိုးလေးလျှော့ဖို့ တစ်နှစ်တာဆိုင်းဖို့ တောင်း ပန်ရသည်။

တစ်နှစ်မှနှစ်နှစ်သီးနှံပျက်၍ အတိုးရော အရင်းပါထပ်လာသောအခါ ခိုင်းနွားကိုဆွဲသွားသည်။ လယ်မြေကို ထိုးအပ်ရသည်။ မပြေကျေ ကျန်သေြာေ<ွကးတို့ နှစ်ထပ်တိုး နှင့် တက်၍တက်၍ လာသောအခါ ဗိုက်ပူပူအင်္ကျီဗလာ ဘာဘူကြီးထံ သမီးပျိုလေးတွေ ထိုးအပ်ရသောဖြစ်စဉ်တွေသည် မှတ်တမ်း မှာရှိသည်။ မှတ်တမ်းက ကြာလာသောအခါ သမိုင်းဖြစ်လာသည်၊ ငွေကိုယူသည်၊ မြေကိုယူသည်။ ပြီးတော့ လူကိုပါယူသည်ဟူသော မှတ်တမ်းသည် ကမ္ဘာတည်သရွေ့ မြန်မာတို့ မေ့မရသော မှတ်တမ်းဖြစ်သည်။ ယခု လွတ်လပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာ သောအခါ ဗြိတိသျှတို့ ပြေးရပြီး နှာခေါင်း ချွန်ချွန် အသားဖြူဖြူ အမွေးထူထူတွေ မရှိ တော့သောအခါ နှာခေါင်းချွန်ချွန် အသားမည်းမည်း၊ အမွေးထူထူတွေ ကျန်ခဲ့သည်။ တိုး၍တိုး၍ ကူးလာကြသည်။ ကျူးလား ကူးလာကြသည်။

လူဦးရေ တိုးနှုန်းကများ၊ စားနပ်ရိက္ခာ ရှားပါးသော အိမ်နီးချင်းတွေ စားရေရိက္ခာ ပြေါ<ွကယ်ဝသော မြန်မာနယ်ထဲ တဖွဲဖွဲဝင် လာကြသည်။ ကျူးလာကြသည်။ ကူးလာကြ သည်။ ရေမြေသယံဇာတ ပြေါ<ွကယ်ဝသော မြန်မာနယ်ထဲ ကူးလာ ကျူးလာသူတို့ရန်က ကြီးထွားသထက် ကြီးထွားလာကြသည်။ ခိုးဝင်လာသည်။ ခိုးနေကြသည်ဆိုသော အချိန်က ပုန်းလျှိုးကွယ်လျှိုးဘဝ။ ယခုတော့ ထိုဘဝမှ လွန်လာပြီး ကဲလာပြီ၊ သယံဇာတ လုသည်။ မြေယာလုသည်။ အိုးအိမ်သာမက အသက်ကိုပါ လုလာသည်။ ခိုးကြောင်ခိုးဝှက် အသက်ကို ရန်ရှာခြင်းအဆင့်မှ ပြောင် ပြောင်တင်းတင်း တိုက်ခိုက်သတ်ဖြတ်လာကြ ပြီ။ အစိုးရတာဝန်နှင့် လုံခြုံရေးယူထားကြ သောနိုင်ငံ့ဝန်ထမ်းဌာန ရဲစခန်းကို ဝင် ရောက်စီးနင်းသည်။ သတ်ဖြတ်သည်။၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်သည်၊ သတ်ဖြတ်သည်။ ရဲဝန်ထမ်း ၉ ဦး သေဆုံး၍ လက်နက်ခဲယမ်းတွေ လုယူသွားကြသည်။

သတင်းကြားရလျှင် ရချင်း မြန်မာပြည် ထောင်စုသားတို့ မခံရပ်နိုင်ကြ၊ ခိုက်ရန် ဖြစ် ပွားလို့ ထိခိုက်သေကျေရခြင်းမဟုတ်၊ ခိုးဝင် လာသောအဆင့်မှ ”ကူးဝင်လာသော ကျူး ဝင်လာသော”ကူးလာ(ကုလား)များကို တား ဆီးဖို့ နိုင်ငံတော်က တာဝန်ပေးထားသော ရဲစခန်းကို စီးနင်းတိုက်ခိုက်သတ်ဖြတ်ခြင်း ဖြစ်ပါသည်။ တာဝန်ရှိသော ပြည်ထဲရေးဌာန ကာ ကွယ်ရေးဌာနတို့မှ ချက်ချင်းဆောင်ရွက်သင့် သည်တို့ ဆောင်ရွက်ကြသည်။ ယနေ့ ၁၃-၁၁-၂ဝ၁၅ အထိ ရှာဖွေရှင်းလင်းဖော်ထုတ် ၍မပြီးသေး။ လူ ၅ဝဝ အုပ်နှင့် တပ်မတော် စစ်ကြောင်းကိုတိုက်သောသတင်း ယနေ့ကြား ရသေးသည်။ နိုင်ငံတော်သမ္မတရုံးကလည်း သတင်းထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၆)ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြည့် စုံစွာ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးသူနှစ်ဦးကို စစ်ဆေးချက်အရ ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးကူညီမှုနှင့် အချိန်ယူပြင်ဆင်တိုက်ခိုက် ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာသည်။ထိုကိစ္စနှင့်ပတ်သက်၍ ၁၃-၁ဝ-၂ဝ၁၆ နေ့ထုတ် 7 Day Daily သတင်းစာပါသတင်းက ပေါ်လစီသတင်းဟု မှတ်ယူရမည်ထင်သည်။ မောင်တောအကြမ်းဖက်မှု အ ထောက်အထားခိုင်လုံမှ စွဲချက်တင်သင့်လျှင်တင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဟူသော သတင်းခေါင်းစဉ်ကို တွေ့ရပြန်ပါ သည်။ ၄-၁၁-၂ဝ၁၆ နေ့ထုတ် 7 Day Daily သတင်းစာမှာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံသောသတင်းတွင် ရခိုင်အရေးမှာ တရားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ဟူသောသတင်း ခေါင်းစဉ်ငယ်ကို တွေ့ရပြန်ပါသည်။ဥပဒေတစ်ခုပြဋ္ဌာန်းလျှင် ကျွမ်းကျင်သူ တို့ အကြိမ်ကြိမ်လေ့လာ စစ်ဆေးအတည်ပြု ပြီးမှ ထုတ်ပြန်သည်ဟု နားလည်ပါသည်။ သေသေချာချာတော့ မသိပါ။

ဥပဒေကို ကျွမ်းကျင်သော ရှေ့နေ၊ ဥပ ဒေကိုစွဲကိုင်သော ဂုဏ်သရေရှိ တရားသူကြီး တို့နှင့် တွေ့ခဲ့ကြုံခဲ့ရဖူးသော မအူမလည် စစ်ဗိုလ်လေး ကျွန်တော့်အကြောင်း ကျွန်တော်ပြန်လည်တွေးတော သတိရနေမိပါ တော့သည်။ ၁၉၅၉ ခုနှစ်ဆီက ဖြစ်ပါ၏။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့တရားရုံးမှာ ဖြစ်ပါ၏။ ကျွန်တော်သည် အမှတ် ၁ဝ၅ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်စဉ် သခင်သန်းထွန်းဦးစီးသည့် ဗကပ ဗဟိုအဖွဲ့ ကို ချေမှုန်းရန် လိုက်လံရှင်းလင်းရှာဖွေချိန်က ဖြစ်ပါ၏။

တစ်နေ့တွင် ဒေသခံလက်နက်ကိုင်အ ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားသည်။ နှစ်ဖက်ပစ်ကြ ခတ်ကြပြီး ရန်သူနှစ်ယောက် သေဆုံးသည်။ ရန်သူနှစ်ယောက်ကို ရိုင်ဖယ်သေနတ်နှင့် တကွ အရှင်ဖမ်းမိသည်။ စုစုပေါင်းရိုင်ဖယ် သေနတ်လေးလက်နှင့်ဖမ်းမိသော သောင်း ကျန်းသူနှစ်ဦးကို ရွှေဘိုမြို့ရဲစခန်းသို့ အပ်နှံ သည်။ အမှုဖွင့်ခဲ့သည်။ သုံးလခန့်ကြာသောအခါ ရွှေဘိုမြို့ရှိ တရားရုံးမှာ အမှုစစ်သည်။ အသေးစိတ်မမှတ် မိသော်လည်း ဖြစ်စဉ်ကိုတော့ မှတ်မိပါ သည်။ နှစ်ပေါင်း ၆ဝ နီးပါးရှိပါပြီ။ တရားရုံးတွင် တိုက်ပွဲဖမ်းမိ သောင်း ကျန်းသူနှစ်ဦး၊ ရိုင်ဖယ်သေနတ်လေးလက် တွေ့ရသည်။တရားသူကြီးက မေးခွန်းအချို့မေးသည်။ ထို့နောက် ရှေ့နေက ကျွန်တော့်ကို မေးပါသည်။

ဘယ်နေ့ဘယ်ရက်က ဘယ်နေရာမှာ သောင်းကျန်းသူအဖွဲ့နဲ့ ဗိုလ်ကြီးတို့ တိုက်ပွဲဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးချိန်မှာ အခုထိုင်နေတဲ့ လူနှစ် ယောက်ကို လက်နက်နဲ့အတူ ဖမ်းမိတယ်ဆို တာရော ဟုတ်ပါသလား။

ဟုတ်ပါတယ်။

တိုက်ပွဲဘယ်လိုဖြစ်ပြီး အခုထိုင်နေတဲ့ လူတွေကို ဘယ်လိုမိပါသလဲ။

ကျွန်တော်ဦးစီးတဲ့ တပ်စုနဲ့ နယ်မြေရှင်း လင်းရေးချီတက်လာစဉ် လယ်ကွင်းကို အဖြတ်မှာ တစ်ဖက်သစ်တောအုပ်က ရန်သူက စပစ်ပါတယ်။ကျွန်တော့်တပ်စုက ချက်ချင်းပြန်ပစ်ရင်း တပ်ကို ပြန်ပြီး ကွင်းဘေးတောစပ်က ချဉ်းကပ်ဝိုင်းပတ်လိုက်တဲ့အခါ သစ်ပင်ကိုကွယ်ပြီး ပစ်နေတဲ့ ရန်သူနှစ်ယောက်အသေ ရပြီး ဒီမှာထိုင်နေတဲ့နှစ်ယောက်ကို သေနတ်များကိုင်လျက် ဖမ်းမိပါတယ်။

သစ်ပင်နောက်က ကွယ်ပြီးပစ်တဲ့ ရန်သူဟာ ဒီလူနှစ်ယောက်ဖြစ်ကြောင်း မျက်နှာကို မြင် ပြီးမှတ်မိတာလား၊ သူတို့ပစ်တယ်ဆိုတာ ခိုင် လုံအောင် ဘယ်လိုပြောလို့ ရမလဲ။

ရင်ဆိုင်တိုက်တဲ့နေရာမှာ သစ်ပင်နောက်က ပစ်တယ်၊ ဝိုင်းပတ်ဖမ်းတော့ သူတို့ကိုမိတယ်။ သူတို့ဘေးမှာ ဒီသေနတ်တွေက ပစ် လို့ကျနေတဲ့ကျည်ဆန်အခွံတွေ တွေ့ရတယ်။ ဒါကြောင့် လူရော သေနတ်ရော သိမ်းဆည်း ဖမ်းခေါ်လာတာပါ။

ကျည်ဆန်အခွံတွေ ယူလာသလား။ ဒီသေ နတ်တွေကပစ်တဲ့ ကျည်ခွံတွေဖြစ်ကြောင်း ဓာတ်ခွဲစမ်းသပ်ပါသေးသလား။

စစ်တိုက်ရင်း ရန်သူဖမ်းမိတာဗျာ၊ ကျည် ခွံတွေ ဘယ်ကောက်နိုင်မလဲ ၊ ဖမ်းမိတဲ့သူပုန်ကို ကြိုးတုတ်၊ သေနတ်ကိုယူပြီး ထွက်ပြေးတဲ့ ရန်သူနောက်ကို လိုက်ရတာပေါ့။ ကျွန်တော် စိတ်နည်းနည်းတိုလာပါသည်။ တရားသူကြီးကပြုံးနေသည်။ ရှေ့နေကတော့ အားတက်သွားပုံရသည်။ဒီလိုဆိုရင် သဘောပေါက်ပါပြီဟု လေအေးလေးနှင့်ပြောပြီး တရားသူကြီးဘက် လှည့်လိုက်ပါသည်။

”ရှေ့နေ၊ တရားသူကြီးမင်းခင်ဗျား။ အခု ဗိုလ်ကြီးဖြေသွားတာ အားလုံးကြားတဲ့ အတိုင်းပါပဲ။

ဗိုလ်ကြီးတို့ နယ်မြေရှင်းလင်းရင်း ပစ် ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပြီး ဆက်ရှင်း တဲ့အခါ အခု ရုံးတော်မှာ သူ ပုန်လို့ စွပ်စွဲခံရသူ နှစ်ဦးကို သေနတ်တွေနဲ့အတူ တွေ့တယ်။ သူတို့ကိုယ်တိုင် ဒီသေနတ်တွေကိုင်လျက် ပစ်တာ လက်ပူးလက်ကြပ်မိတယ်လို့ မပြော နိုင်ပါဘူး။ ပစ်ခတ်မှုဖြစ်တဲ့အနားမှာ ကြောက် ကြောက်နဲ့ဝပ်နေရာက တိုက်ပွဲပြီးမှ မတ် တတ်ရပ်ပြီးထလာရင်း ဘေးမှာတွေ့တဲ့ သေနတ်ကို ကောက်လာပြီး ဗိုလ်ကြီးကိုပေး တာလည်း ဖြစ်နိုင်ပါတယ်။ သာမန်အရပ်သားလည်း ဖြစ်နိုင်ပါတယ်။ ထွက်ဆိုချက်တွေအရ အစိုးရတပ်ကို လက်နက်ကိုင်ရင်ဆိုင် တိုက်ခိုက်သောသူ၊ သက်သေခံသေနတ်ကို ကိုင်လျက် စစ်တပ် ကို ချိန်ရွယ်ပစ်ခတ်ရင်း ဖမ်းမိသူရယ်လို့ ကောက်ချက်ချရန်ဖို့ သံသယတွေ အများ ကြီးရှိပါတယ်။

ဒါကြောင့် ပုဒ်မ—- ပုဒ်မ—– ပုဒ်မ —တွေနဲ့ အပြစ်ပေးရန် သင့်မသင့် တရားသူကြီးမင်း စဉ်းစားတော်မူပါခင်ဗျာ…”ဟု လေချိုအေးနှင့် ပြုံးပြုံးလေး တင်ပြသွားပါသည်။ ပညာရှင်ရှေ့နေကြီး ရွတ်ဆိုသွားသော ပုဒ်မတွေကို ကျွန်တော် မမှတ်မိပါ။ ပညာ ရှင်ပီသသော ရှေ့နေကိုကြည့်ရင်း ဒေါသ ဖြစ်လာ သည်။တရားသူကြီးက စဉ်းစားခန်းဝင်ရန် ရုံး တော်ကို ခေတ္တရပ်နားလိုက်ချိန်မှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ကျွန်တော် စိတ်တိုတိုနှင့် တရားရုံးမှ ပြန်ထွက်လာခဲ့မိသည်ကို ယခုထိ မှတ်မိနေပါသေးသည်။ ၁၉၅၉ ခုနှစ်ဆီက ဖြစ်ပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*