နယ်စပ်ဂိတ်များမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက် ၁၈ ရာခိုင်နှုန်းတိုး

နယ်စပ်ဂိတ်များမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက် ၁၈ ရာခိုင်နှုန်းတိုး
November 17, 2016 Asian Fame

9:48 am
နယ်စပ်ဂိတ်များမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက် ၁၈ ရာခိုင်နှုန်းတိုး
In Travel

PN -042
ရန်ကုန်၊ နိုဝင်ဘာ ၁၁

နယ်စပ်ဂိတ်များမှ ကမ္ဘာလှည့်ခရီးသည် ဝင် ရောက်မှုနှုန်း သည် ယမန်နှစ်ထက် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်စသည်တို့မှ တစ်ဆင့် ခရီး သွားဝင်ရောက်မှုမှာ ယခင်ကတည်းက ရှိခဲ့သော် လည်း အစိုးရအနေဖြင့် ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း စသည့်နယ်စပ်ဂိတ် သုံးခုမှဝင် ရောက်လာမည့် ခရီးသွားများအတွက် အွန်လိုင်းe-Visa  ကိုခွင့်ပြုခဲ့သည်။

ထိုသို့ခွင့်ပြုခဲ့ပြီးနောက် ခရီးသွားဝင်ရောက်မှု နှုန်းမှာသိသိသာသာမြင့်တက်လာကြောင်း ဟို တယ်/ခရီးမှ သိရသည်။

”ခရီးသွားမှာ နှစ်မျိုးရှိတာပေါ့၊ နယ်စပ်ကပဲ ဝင်ပြီး နယ်စပ်ကပဲ ပြန်ထွက်တာနဲ့ နယ်စပ်ကနေ ဝင်ပြီး ရန်ကုန်တို့၊ ပုဂံတို့ကိုသွားပြီး လည်ပတ်တာ မျိုးဆိုပြီး ရှိတယ်။ အဲဒါမျိုးကို ကမ္ဘာလှည့်ခရီးသည် ဆိုပြီးသတ်မှတ်ထားတယ်၊  နယ်စပ်ကဝင်ပြီး နယ် စပ်က ထွက်တာကတော့ ပြည်ပဧည့်သည်ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒါက နှစ်စဉ်သိန်းနဲ့ချီ ရှိ တယ်။ ကမ္ဘာလှည့်ခရီးသည်လည်း ဒီနှစ်တိုးလာပါ တယ်” ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန်နှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ နယ်စပ်မှ ကမ္ဘာလှည့်ခရီးသည် ၃၇ဝဝဝ နီးပါးဝင် ရောက်ခဲ့ပြီး ယခုနှစ် အလားတူကာလတွင် ၄၄ဝဝဝ နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွား များမှာ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်များမှ တစ်ဆင့် ဝင်ရောက်သော်လည်း နယ်စပ်ဂိတ်များမှ တစ်ဆင့်   ပြည်တွင်းသို့ ဝင်ရောက်လာမှုမှာ ပိုမို များပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပြည်တွင်းသို့ လာရောက် လည်ပတ်သည့် ပြည်ပခရီး သွားများ၏ ၇ဝ ရာခိုင်နှုန်းကျော်မှာ နယ်စပ်ဒေသ များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ကြောင်း အွန် လိုင်း ဟိုတယ် ဘွတ်ကင်လုပ်ငန်းဖြစ်သည့်Jovago  မှ သိရသည်။

ထို့ကြောင့်Jovago  အနေဖြင့် ထိုင်းမြန်မာ နယ်စပ်များဖြစ်သည့် တာချီလိတ်၊ ကော့သောင်း၊ ကျိုင်းတုံနှင့် ¤င်းတို့နှင့် အနီးတစ်ဝိုက် ဒေသများရှိ ဟိုတယ်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်း ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*