တစ်ပတ်ရစ်ကားများ ဈေးနှုန်းမြင့်တက်လာနိုင်ဟု ကားလုပ်ငန်းကျွမ်းကျင်သူများ သုံးသပ်

တစ်ပတ်ရစ်ကားများ ဈေးနှုန်းမြင့်တက်လာနိုင်ဟု ကားလုပ်ငန်းကျွမ်းကျင်သူများ သုံးသပ်
November 17, 2016 Asian Fame

5:05 am
တစ်ပတ်ရစ်ကားများ ဈေးနှုန်းမြင့်တက်လာနိုင်ဟု ကားလုပ်ငန်းကျွမ်းကျင်သူများ သုံးသပ်
In Bussiness

HEZ
ရန်ကုန်၊ နိုဝင်ဘာ ၁၅

၂ဝ၁၇ ခုနှစ်အတွက် ကားမူဝါဒတစ်ရပ် ထွက် ပေါ်မလာသေးသော်လည်း ထွက်ရှိလာသောသတင်း များအရ တစ်ဦးချင်း တင်သွင်းမှု (Free Permit) အတွက် ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ် ဘယ်မောင်း ကားများသာ ရရှိနိုင်ကြောင်းနှင့် ယာဉ်အိုဟောင်း ပါမစ်အတွက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ကားများနှင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ မှာ ၂ဝဝ၇ ခုနှစ် အထက် တင်သွင်းရမည်ဖြစ်ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြ သည်။

အဆိုပါ ကားတင်သွင်းမှု ပေါ်လစီ၏ နောက် ဆက်တွဲအဖြစ်ရောက်ရှိပြီးသား တစ်ပတ်ရစ်(Used)  ကားများသည် ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ   ဈေးတက်သွားနိုင်ပြီး Free Permit  သည် မော်ဒယ် မြင့် ဘယ်မောင်းသာ တင်သွင်းရနိုင်တော့မည်ဟု ယူဆနေကြကြောင်း သိရသည်။

”ပေါ်လစီကတော့ တရားဝင် ထွက်မလာသေး ပေမယ့် တာဝန်ရှိသူတွေနဲ့ ပြောဆိုကြည့်တဲ့အခါ ဒီ လို သဘောလေးတွေ့နေရပါတယ်။ လောလောဆယ် ဒီနှစ်ထဲမှာ ရန်ကုန်အတွက် ကားတင်သွင်းခွင့်က ပိတ်ထားတော့ နယ်ပါမစ်နဲ့ပဲဝယ်ပြီး စီးနေကြတယ်။ ဈေးကွက်ထဲမှာတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်။ မူဝါဒကို စောင့်နေကြတယ်” ဟု မြန်မာ့မော် တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ထုတ်ပြန်ရန် စီစဉ်နေသော မူဝါဒအရနှင့် ကညနက ဆောင်ရွက်နေသော မော်တော်ယာဉ် ဥပဒေအရ ကားအသစ် (Brand New) များ ပိုမို ဈေးကွက် ရရှိ လာနိုင်သော်လည်း ဈေးနှုန်းများစွာ တက်လာနိုင်ခြင်းမရှိကြောင်း၊ ပြည်တွင်း၌လည်း Suzuki   နှင့် Nissan  ကဲ့သို့သော ကားထုတ်လုပ်ငန်း များရှိနေပြီး မကြာမီ အခြားကားများလည်း ပြည်တွင်း တွင် ထုတ်လုပ်လာနိုင်သောကြောင့် ကားအသစ်များ ဈေးမများနိုင်ဟု ၄င်းကသုံးသပ်သည်။

ထို့ကြောင့်  ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ကားများကို တင်သွင်းနေကြသူများအနေဖြင့် ၂ဝ၁၇ ခုနှစ် တင် သွင်းခွင့် မူဝါဒအရ ဆက်လက်တင်သွင်းရန် လွယ် ကူမည်မဟုတ်တော့ဘဲ ရှိပြီးသားကားအဟောင်း များကိုသာ ရောင်းဝယ်ရတော့မည် ဖြစ်နိုင်ကြောင်း ကားအရောင်းအဝယ် လုပ်ကိုင်သူများကဆိုသည်။

စလစ်ကပ် ကားတစ်စီး၌ မူလကားတန်ဖိုး ကျပ် သိန်း ငါးဆယ်ဆိုလျှင် အိုဟောင်းစလစ်သည် ကျပ် ၁ဝ၅ သိန်း၊ အကောက်ခွန်ကုန်သွယ်ခွန်၊ ကညန အခွန် သိန်း ၅ဝ နှင့် ပြည်တွင်းအခွန် သိန်း ၂ဝ ခန့် ကျနေသောကြောင့် စလစ်ဈေးနှင့် အခွန်လျှော့မှ သာ ဈေးကျနိုင်မည်ဖြစ်ကြောင်းလည်း သုံးသပ်ကြ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*