ခွင့်မပြုသည့်လမ်းများပေါ် ဈေးရောင်းသည့် လမ်းဘေးဈေးသည်များကို အရေးယူမည်

ခွင့်မပြုသည့်လမ်းများပေါ် ဈေးရောင်းသည့် လမ်းဘေးဈေးသည်များကို အရေးယူမည်
November 17, 2016 Asian Fame

6:56 am
ခွင့်မပြုသည့်လမ်းများပေါ် ဈေးရောင်းသည့် လမ်းဘေးဈေးသည်များကို အရေးယူမည်
In Local

ထူးထူး
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (့ဃီဃ) မှ ၂၄ နာရီ ဈေးရောင်းချခွင့်မပြုသည့် အဓိကလမ်းမကြီးများပေါ်တွင် ရောင်းချသည့် လမ်းဘေး ဈေးသည်များကို ပူးပေါင်းအဖွဲ့ ဝင်များက အရေးယူသွားမည်ဖြစ်ကြောင်း (YCDC) မှသိရသည်။

လမ်းပိတ်ဆို့ခြင်းကြောင့် ၂၄ နာရီ ဈေးမရောင်းရအဖြစ်သတ်မှတ်ထားသည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်း၊ ကုန်သည်လမ်း၊ ကမ်းနား လမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေ ဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း နှင့် ဘုန်းကြီးလမ်းတို့ဖြစ်ပြီး ထို လမ်းများမှလွဲ၍ ကျန်သည့်လမ်းများတွင် နံနက် ၆ နာရီမှ နံနက် ၁၁နာရီထိ ခွင့်ပြုပေးသွားမည်ဟု သိရသည်။

”ဥပမာ ဗန်းလေးနဲ့အတွင်းလမ်းတွေမှာ ရောင်းတာရှိတယ်။ သူများကိုလည်းမထိခိုက် ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်မဖြစ်ရင် ဆက်လက်ရောင်းချခွင့်ပေးမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန ဌာနမှူး ဦးမောင် မောင်ဇော်က ပြောသည်။လက်ရှိ လမ်းဘေးဈေးသည်များကို မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပြုပေးထားရာတွင် ပြည်သူများသွားလာရေး ခက်ခဲခြင်း၊ ယာဉ်ကြောပိတ်ဆို့ ခြင်းများ ဖြစ်ပေါ်နေသောကြောင့် နောက်ပိုင်းတွင် သတ်မှတ်ထားသည့် နေရာတွင်သာ ရောင်းချခွင့်ပေးသွားမည် ဖြစ်သည်။

”လမ်းဘေး ဈေးသည်တွေ ကို မြို့တွင်းကမ်းနားလမ်းမှာ နေရာချပေးထားတယ်။ အဓိကလမ်းသွားလမ်းလာတွေ အခက် အခဲဖြစ်တဲ့ ပလက်ဖောင်းပေါ် တွေမှာ ရောင်းချနေတာကို ဖယ်ရှားသွားမယ်။ ဈေးမရောင်းရ သတ်မှတ်ထားတဲ့ နေရာတွေမှာ မရောင်းဖို့ ဈေးသူ ဈေးသားတွေ ဘက်ကလည်း လိုက်နာမှရမယ်” ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ (ဈေးများဌာန) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ကမ်းနားလမ်းဈေးသို့ ပြောင်းရွှေ့ပြီးပါကလည်း သတ်မှတ်ထားသည့် မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိသာ ခွင့်ပြုပေး သွားမည်ဟုသိရသည်။ ရန်ကုန်မြို့တွင် တစ်နေ့ထက် တစ်နေ့ လမ်းဘေးဈေးသည်များ သိသိသာသာ တိုးတက်လာနေ ပြီး၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ မြို့တွင်း လေးမြို့နယ်တွင် လမ်းဘေးဈေးသည် ၆ဝ၄၁ ဦး ရှိကြောင်း ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*