ချင်းပြည်နယ်ရှိ မြို့ ၆ မြို့တွင် ဟိုတယ်ဆောက်လိုသူများအား ဖိတ်ခေါ်

ချင်းပြည်နယ်ရှိ မြို့ ၆ မြို့တွင် ဟိုတယ်ဆောက်လိုသူများအား ဖိတ်ခေါ်
November 17, 2016 Asian Fame

9:33 am
ချင်းပြည်နယ်ရှိ မြို့ ၆ မြို့တွင် ဟိုတယ်ဆောက်လိုသူများအား ဖိတ်ခေါ်
In Travel

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ချင်းပြည်နယ်ရှိမြို့ ၆ မြို့တွင် ဟိုတယ်များ ဆောက်လုပ် ရင်းနှီး မြှုပ်နှံမည့်သူများကို ဖိတ်ခေါ်ထား ကြောင်း ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာနဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။

ဟားခါး၊ ဖလန်း၊ တီးတိန်၊ ပလက်ဝ၊ ခိုင်ကမ်းနှင့် မတူပီမြို့တို့ တွင် ဟိုတယ်ဆောက်ရန်ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

”အဲဒီနေရာတွေမှာက ဟို တယ် မရှိတော့နိုင်ငံခြားသားတွေတည်းခိုဖို့ အဆင်မပြေဘူး၊ တည်း ခိုရိပ်သာပဲရှိတယ်၊ ဟိုတယ်တွေရှိမှ လည်း ခရီးသွားလုပ်ငန်း   မြှင့်တင် ဖို့အဆင်ပြေတာလေ” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် လာရောက် လျှောက်ထားသူ ၂ဝ ဝန်းကျင်ရှိနေ ပြီး ၄င်းတို့ကိုစိစစ်ပြီးချပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်းရှိ တိုင်း ရင်းသား လုပ်ငန်းရှင်များကိုသာ ရင်းနှီးမြှုပ်နှံခွင့် ပြုမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ချင်းပြည်နယ်တွင် ရိဒ်ရေ ကန်၊ ကန်ပက်လက်၊ မတူပီ၊ မင်း တပ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်နေရာများက လက်ရှိတွင် ခရီးသွား အများဆုံးလာရောက် လည်ပတ်သော နေရာများဖြစ်နေ ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရန်အတွက်လည်း အစိုးရ သစ်လက်ထက်တွင် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ထား   ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ မှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ ချင်းပြည်နယ်ကို ၂ဝ၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁ဝ၂၃ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၁၂၅၆ ဦး ဝင်ရောက်ခဲ့ပြီး တစ်လလျှင်ပျှမ်း မျှ ခရီးသွားဧည့်သည် ၃ဝဝ ကျော် ဝင်ရောက်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*