ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်ခုနစ်ဦး အစီရင်ခံစာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်ခုနစ်ဦး အစီရင်ခံစာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမေးမြန်း
November 16, 2016 Asian Fame

5:14 am
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်ခုနစ်ဦး အစီရင်ခံစာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမေးမြန်း
In Local

လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်အဖွဲ့ဝင်ခုနစ်ဦးသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ ဆုံခဲ့ပြီး အစီရင်ခံစာအတွက် လိုအပ်သည့်အချက်အလက်များကို မေးမြန်းခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

”သူတို့ အစီရင်ခံစာအတွက် လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကလည်း ဘင်္ဂါလီတွေ သတင်းမှားတွေ လွှင့်နေတာတွေကို ရှင်းပြလိုက်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။ မောင်တောမြို့နယ် ငါးခူရ ကျေး ရွာရှိ အကြမ်းဖက်သမားများသည် နေ့လယ်ဘက်တွင် ပစ္စည်းသိမ်းပြီး ညနေဘက်တွင် သူတို့၏အိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မြန်မာ့တပ်မတော်မှ ဖျက်ဆီးသည်ဟု သတင်းမှားလွှင့်ခြင်း စသည့်အဖြစ်အပျက် အပါအဝင် အကြမ်းဖက်သမားများက ရာဇဝတ်သားအသွင်ယူပြီး ချောင်းမြောင်းတိုက်ခိုက် မှုများကြောင့် တပ်ရင်းမှူး အပါအဝင် တပ်သားများ သေဆုံးခဲ့ရခြင်းစသည့် ဖြစ်စဉ်များကိုလည်း အဆိုပါကော်မရှင်အားတင်ပြခဲ့ကြောင်း ဦးမင်းအောင် က ပြောသည်။

အဆိုပါ အကြံပေးကော်မရှင်နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံပွဲတွင် ကော်မရှင်က ဓာတ်ပုံစသည့် သက်သေ အထောက်အထားများဖြင့် တင်ပြရန် ပြောကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း သက်သေ အထောက်အထားများဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။၎င်းက ”သက်သေအထောက် အထားတွေနဲ့ သေချာတင်ပြသွားပါမယ်။ တချို့မီဒီယာတွေကလည်း မဟုတ်မမှန်တွေ ရေးသားပြီး တိုက် ခိုက်နေတာတွေ ရှိတယ်လေ” ဟု ပြောသည်။

ယင်းကော်မရှင်အဖွဲ့သည် စစ်တွေမြို့နယ်အနီးရှိ ရခိုင်နှင့် ဘင်္ဂါလီ ကျေးရွာအချို့ကိုလည်း ၁၇ ရက်နေ့ အထိသွားရောက်လေ့လာကြမည်ဖြစ် ပြီး ဒေသခံများအပါအဝင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။ အကြံပေးကော်မရှင်မှ လက်ရှိ တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိသူ များမှာ ကော်မရှင် အဖွဲ့ဝင်များဖြစ် သော Ms Laetitia Ven Den Assum ၊ ဦးဝင်းမြ၊ ဒေါက်တာသာလှ ရွှေ၊ ဦးအေးလွင်၊ ဦးခင်မောင်လေး၊ ဒေါက်တာမြသီတာနှင့် ဒေါ်စောခင်တင့်တို့ ဖြစ်သည်။

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ် သို့ စက်တင်ဘာ ၆ ရက်တွင် ရောက်ရှိခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ ဒေသခံအရပ် ဘက်အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ကာ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ကြ သည်။ ရခိုင်ပြည်နယ် အကြံပေးကော် မရှင်အဖွဲ့ကို ရခိုင်ပြည်နယ်အရေး ကိစ္စများကို ဖြေရှင်းနိုင်ရန် ရည်ရွယ် ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာနက သြဂုတ်လ ၂၄ ရက်တွင် ဖွဲ့ စည်း ခဲ့ခြင်းဖြစ်ပြီး ၁၂ လအကြာတွင် ရခိုင် ပြည်နယ်အရေး တွေ့ရှိချက်များကို အစိုးရအဖွဲ့ထံ တင်ပြရမည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*