တကယ်ပြုပြင်ရမယ့် ရန်ကုန်ဘတ်စ်ကား

တကယ်ပြုပြင်ရမယ့် ရန်ကုန်ဘတ်စ်ကား
November 16, 2016 Asian Fame

5:32 am
တကယ်ပြုပြင်ရမယ့် ရန်ကုန်ဘတ်စ်ကား
In Articles, Cover News

annawa-ohm-mg-2

အင်းစိန်ဘက်သွားတဲ့ လှည်းတန်းမှတ်တိုင်အနီး မနေ့က ဘတ်စ်ကား ၄ စီး ဆင့်တိုက်ပါတယ်။ ၁၂၄ လိုင်းက ဘတ်စ်ကားက မှတ်တိုင်မှာရပ်ထားတဲ့ ဘတ်စ် ကား ၃ စီးကို ဝင်တိုက်ခဲ့တာပါ။ တိုက်တဲ့ကားက ယာဉ်မောင်းက ကားထားပြီး ထွက်မပြေးပါဘူး။ (ညပ်နေပြီး ဆွဲထုတ်လို့မရလို့ပါ၊ မီးသတ် တပ်ဖွဲ့ဝင်တွေကတောင် လာရောက် ကူညီဆွဲထုတ်ပေးရပါတယ်)။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။ လှည်းတန်း မီးပွိုင့်မှာ တစ်ချီတစ်ချီ မီးပွိုင့်မိရင် အကြာကြီး စောင့်ရပါတယ်။ မီးပွိုင့်စိမ်းရင် လည်း ကြာကြာ စိမ်းထားပေးပါ တယ်။ အဲဒီတော့ မီးပွိုင့်စိမ်းတုန်းမှာ တစ်ခါတည်းပါသွားအောင် အရှိန်တင်ပြီး မောင်းကြရပါတယ်။ အဲဒီလို အရှိန်တင်မောင်းနေ တုန်းမှာ မီးဝါသွားမှာကိုလည်းကြည့်ရသလို လမ်းဖြတ်ကူးတဲ့လူ၊ ဖြတ်ကွေ့တဲ့ကား စတာတွေကိုလည်း ကြည့်ရပါတယ်။ အရမ်းအန္တရာယ်များပါတယ်။

မြို့ထဲဘက် ပြည်လမ်းကနေ အင်းစိန်လမ်းဘက်ကို မောင်းတဲ့ ကားတွေအတွက်ကတော့ မီးပွိုင့် လွတ်သွားပြီးတာနဲ့ စိတ်အေးလက် အေး မောင်းထွက်သွားလို့ မရပါ ဘူး။ မှတ်တိုင်နားမှာ လုဝင်၊ လု ထွက်တဲ့ ဘတ်စ်ကားတွေနဲ့မို့ ချက်ချင်း ပြန်ဂရုစိုက်ရပါတော့တယ်။ (ဒါတောင် အခု လမ်းလယ်မှာ ခြံ စည်းရိုးခတ်လိုက်ပြီး ခုံးကျော်တံ တားလုပ်ထားလို့ အရင်ထက်စာရင် နည်းနည်းတော်သွားတာ) လှည်းတန်း အင်းစိန်လမ်းဘတ်စ်ကားမှတ်တိုင်မှာ ကျောက် ချပြီး လူစောင့်နေတဲ့ ဘတ်စ်ကားတွေ အမြဲလိုလို ရှိတတ်ပါတယ်။ သူ့နောက်က ရောက်လာတဲ့ ဘတ်စ်ကားက သူ့ကို ကျော်တက်ဖို့ အခွင့်မသာရင် သူ့နောက်မှာပဲ ဆက်ရပ်ရပါတယ်။ အဲဒီလို ဆက်ရပ်ရင်း နောက်ရောက်တဲ့ ကားက မှတ်တိုင်နဲ့ ခပ်ဝေးဝေး ရောက်သွားပြီး အဲဒီနေရာမှာပဲ အတက်အဆင်းလုပ်ကြရင်း တချို့မှတ်တိုင်တွေဆို နေရာတွေပါ ရွေ့ကုန်ရော။

အရင်တုန်းကဆို အဲဒီ ကားမျိုးတွေကို ယာဉ်ထိန်းက မှတ်တိုင် မှာ မရပ်လို့ဆိုပြီးဖမ်းတော့ ယာဉ် မောင်းနဲ့ ယာဉ်ထိန်း စကားများ ကုန်ကြတယ်။ တကယ်ကတော့ ၂ ယောက်စလုံး မှန်တယ်၊ ယာဉ် မောင်းဘက်က ကြည့်တော့လည်း မှတ်တိုင် သတ်မှတ်ထားတဲ့ Yellow Box ထဲမှာ ရှေ့ကားက ကြာရှည်စွာ ရပ်ထားတဲ့အတွက် သူ့နောက်က ဝင်ရပ်ရတော့ သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ မရပ်သလိုဖြစ်သွားတာပေါ့။ ယာဉ်ထိန်းကလည်း ဥပဒေအရ မှတ်တိုင်မှာ မရပ်လို့ဖမ်းတယ်တဲ့။ ဒါက ဟိုး အရင်တုန်းကပါ။ အခုတော့ အဲ ဒါမျိုးလောက်က အပြစ်တစ်ခုလို့ တောင် မထင်ကြတော့ဘူး။ အဲဒီထက်ဆိုးတဲ့ အမှုတွေကိုတောင် ကျူးလွန်နေကြတာကိုး။

အခု ယာဉ်လေးစီးဆင့်တိုက်တဲ့နေရာကလည်း မှတ်တိုင်နဲ့ အဝေးကြီးပါ။ တိုက်တဲ့နေရာက ယာဉ်ထိန်းရုံးလေးနဲ့တောင် နီးနေပါသေးတယ်။ ရှေ့ကဘတ်စ်ကား တွေက မှတ်တိုင်ကနေ တန်းစီပြီး ရပ်ထားတော့ အခုဝင်လာတဲ့ ကားက အရှိန်မထိန်းနိုင်ဘဲ နောက်ဆုံး ရပ်ထားတဲ့ ဘတ်စ်ကားကို ဝင်တိုက်တာပါ။ ဘတ်စ်ကားတွေ ဘာကြောင့် မှတ်တိုင်မှာ ကျောက်ချ ထိုင်ပြီး လူစောင့်ကြသလဲ။ တစ် စီးနဲ့တစ်စီး ပြိုင်မောင်းလုဝင်၊ လုတင်၊ လုရပ်တွေ လုပ်ကြရတာလဲ။သူတို့လည်း လုပ်ချင်လွန်းလို့ မွေးရာပါ ဝါသနာဗီဇကြောင့် လုပ် နေကြတာ မဟုတ်လောက်ပါဘူး။ စနစ်မှားနေလို့ပေါ့။ ယာဉ်မောင်း တစ်ယောက်ဟာ လုပ်ခ တစ်နေ့ ၂ သောင်းဆို ၂ သောင်း ကျိန်းသေသတ်မှတ်ထား မယ်ဆို (ရမယ်ဆို)ဘယ် ယာဉ် မောင်းက အခုလို အန္တရာယ်ကို ပွေ့ပိုက်ပြီး မဆင်မခြင် မောင်းချင် မှာလဲ။ အခုကတော့ တစ်နေ့ စုစု ပေါင်း ဝင်ငွေကနေ ရာခိုင်နှုန်းနဲ့ ရနေတဲ့အတွက် ငွေပိုရဖို့ လောဘ ဇောနဲ့ မောင်းရင်း မောင်းသူ ကိုယ်တိုင်ရော ကျန်တဲ့ သူ့ ပတ် ဝန်းကျင်ကသူတွေပါ ဒုက္ခရောက် ကုန်ကြတာပါ။

ဒီစနစ်ကြီးကို အပူတပြင်း မပြင်တာ ဘာကြောင့်လဲတော့ မသိပါ။ ဒီစနစ်နဲ့ ဆက်သွားရင် အခုလိုသတင်းတွေက မကြာမကြာ ဆက်ကြားနေရဦးမှာပါ။နောက် ထူးဆန်းတာတစ်ခုက မြန်မာပြည်မှာက ခရီးသည်က ဘတ်စ်ကားကို စောင့်တာထက် ဘတ်စ်ကားက ခရီးသည်ကို စောင့် တာပါ။ သမိုင်းလမ်းဆုံ၊ စော်ဘွား ကြီးကုန်းလမ်းဆုံ၊ တာမွေအဝိုင်း၊ သင်္ဃန်းကျွန်း စံပြဈေး၊ မြောက် ဥက္ကလာအဝိုင်း အများကြီးပါပဲ။ အဲဒီနေရာမျိုးတွေမှာ ယာဉ်ကြော ပိတ်ဆို့နေတာ အချိန်ကြာမြင့်စွာ ရပ်ပြီး လူစောင့်နေတဲ့ ဘတ်စ်ကား တွေကြောင့်ပါ။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ် ဆို့မှုကိုဖြေရှင်းချင်ရင် ဘတ်စ်ကား တွေရဲ့စနစ်ကို အရင်ဖြေရှင်းရမှာပါ။ အခုဆို အိမ်စီးကားမောင်း တဲ့သူတွေဟာ ဘတ်စ်ကားဆိုရင် ကြောက်နေရပါတယ်။ ဘတ်စ်ကား ကို ကြောက်ရသလို ဘတ်စ်ကား ယာဉ်မောင်းနဲ့ စပါယ်ယာကိုလည်း ကြောက်နေရပါတယ်။ လှည်းတန်း စိန်ဂေဟာရှေ့မှာဆို ရပ်ချင်သလို ရပ်၊ တင်ချင်သလိုတင်နေတာပါ။ သူတို့ရှေ့မှာလုပ်ချင်သလို လုပ်နေ တာကို နောက်က ကားတန်းကြီးက စိတ်ပျက်စွာ စောင့်နေရပါတယ်။ ယာဉ်ထိန်းရဲ လာရှင်းပေးတဲ့ တစ် ခဏပဲ အဆင်ပြေတာပါ။ ယာဉ် ထိန်းရဲပြန်သွားတာနဲ့ ဒုံရင်း ဒုံရင်း ပါပဲ။

မီးပွိုင့်မှာ မီးနီမိရင်လည်း ဘတ်စ်ကားအကြောမှာ သိပ်မရပ် ရဲပါဘူး။ သောက်ရမ်းမောင်းတဲ့ ဘတ်စ်ကားက နောက်ကနေ အရှိန် နဲ့ဝင်လာပြီး ခုလို နောက်ကနေ အတွဲလိုက် တိုက်ပစ်လိုက်မှာကို တွေးပူနေရပါတယ်။ တကယ်တော့စနစ်ပါပဲ။ အစိုးရ နဲ့တကွ အာဏာရှိသူတွေကိုလည်း ဘာနဲ့ဖြစ်တယ်၊ ညာနဲ့ဖြစ်တယ် မဝေဖန်ချင်တော့ပါဘူး၊ ၆၆ (ဃ) ဆိုတာကြီးကလည်း စိတ်ပျက်စရာ ကောင်းသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ ဘယ်တတ်နိုင်မှာမလဲ ဒီနိုင်ငံ မှာ လူလာဖြစ်ခဲ့ရပြီ၊ ဒီနိုင်ငံကို လည်းချစ်နေဆဲပဲ ဆိုတော့ ဒီဒုက္ခ တွေကို ခံပေါ့။

အဏ္ဏဝါအုန်းမောင်(ဘူမိ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*