မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ဝင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ဝင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
November 10, 2016 Asian Fame

6:55 am
မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ဝင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
In Interview

img_20161029_150319-copy

အိ မ် စ ည် စိုး စံေ တွ့ ဆုံေ မး မြ န်း သ ည်

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာသမိုင်းအဖွဲ့ကို ပြန်လည် ဖွဲ့စည်းဖို့အတွက် လုပ်ဆောင်နေပါ တယ်။

ဒီလိုပြန်လည်ဖွဲ့စည်းဖို့လုပ် ဆောင်တဲ့နေရာမှာ ပြည်ထောင်စု ဝန်ကြီးကတော့ သမိုင်း ရေးသား ရာမှာ အရှိကိုအရှိအတိုင်း အမှန် ကို အမှန်အတိုင်းရေးဖို့ ရာနှုန်း ပြည့်  တာဝန်ယူကြောင်း အောက် တိုဘာလ ၂၉ ရက်ကပြုလုပ် တဲ့မြန်မာသမိုင်းအဖွဲ့ ပြန်လည်ဖွဲ့ စည်းရေး အစည်းအဝေးမှာ ပြောခဲ့ ပါတယ်။ မြန်မာ သမိုင်းအဖွဲ့ရဲ့ အစကနဦးကို ဘယ်နှခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ဘာတွေလုပ်ဆောင် နေတယ်။ မြန်မာသမိုင်းအဖွဲ့ သစ်ကနေ ဘာတွေကို ဆက်လက် လုပ်ဆောင် သွားမယ် ဆိုတာကို တော့ မြန်မာသမိုင်းအဖွဲ့ အတွင်း ရေးမှူး ဒေါက်တာကျော်ဝင်းနဲ့တွေ့ ဆုံ မေးမြန်းဖော်ပြလိုက်ပါတယ်။

►မြန်မာ့သမိုင်းအဖွဲ့ရဲ့ သမိုင်း ကြောင်းရယ် ဆရာ့အနေနဲ့မြန်မာ သမိုင်းအဖွဲ့ကို ရောက်ရှိတဲ့ ခုနှစ် ကိုလည်း သိချင်ပါတယ်ဆရာ။

မြန်မာ့သမိုင်းအဖွဲ့က ဖဆ ပလ အစိုးရလက်ထက် ၁၉၅ဝ ကျော်လောက်မှာ  ဝန်ကြီးချုပ် ဟောင်းဦးနုက အိန္ဒိယ နိုင်ငံရဲ့ သမိုင်းကော်မရှင် ဖွဲ့တာကို သဘော ကျတယ်။ အဲ့ဒါကိုယူပြီး တော့ မြန်မာသမိုင်းအဖွဲ့ကို စဖွဲ့ တယ်။ ပထမဆုံးမြန်မာသမိုင်းအဖွဲ့ ရဲ့ဥက္ကဋ္ဌက ဆရာကြီးဒေါက်တာ သော်ကောင်းရဲ့ ဖခင်စည်သူဦး   ကောင်းဖြစ်ပါတယ်။ အဲ့ဒီကနေ ခေတ်အဆက်ဆ က်ပြောင်းလာပြီး တော့ ကျွန်တော်တို့က ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက် ရောက် သွားတယ်။ ပြီးတဲ့ အခါမှာ ပညာ ရေး ဝန်ကြီးဌာန လက်အောက်ကို ရောက်သွားခဲ့တာလည်းရှိတယ်။ အခုလက်ရှိမှာတော့ သာသနာ  ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက် မှာ ဖြစ်ပါတယ်။ မြန်မာသမိုင်းအဖွဲ့ကိုလည်း အခြေအနေအရ ပြန်ပြန်ဖွဲ့ခဲ့ တာရှိပါတယ်။  နောက်ဆုံးဖွဲ့ခဲ့တာ ၂ဝ၁ဝ ခုနှစ်မှာပါ။ မြန်မာ့သမိုင်း အဖွဲ့ကိုအစတုန်းက နာမည်က   မြန်မာသမိုင်းကော်မရှင်ဆိုပြီး ခေါ်ခဲ့တယ်။ အခုတော့ မြန်မာ သမိုင်းအဖွဲ့ဆိုပြီး ဖြစ်လာတာပါ။ ကျွန်တော်ကတော့ မြန်မာသမိုင်း အဖွဲ့ကို ၂ဝဝ၇ ခုနှစ်မှာစရောက် တာပါ။ ကျွန်တော်အစကသမိုင်း ပါမောက္ခပါ။ ၂ဝဝ၇ ခုနှစ်မှာ အငြိမ်းစားယူပြီးတော့ ဒီအဖွဲ့ကို ရောက်လာတာပါ။

►အခုမြန်မာသမိုင်းအဖွဲ့ကို ပြန်ဖွဲ့ ရတဲ့ရည်ရွယ်ချက်နဲ့ မြန်မာသမိုင်း အဖွဲ့က လုပ်ဆောင်ချက်တွေကို လည်း သိချင်ပါတယ်ရှင်။

ရည်ရွယ်ချက်ကတော့ မြန် မာ့သမိုင်းအဖွဲ့အနေနဲ့ အင်အားက နည်းသွားတယ်။ အသက်အရွယ်  ကြီးလို့ ကွယ်လွန်သွားတဲ့သူလည်း ရှိတယ်။ ပင်စင်ယူသွားတဲ့ သူလည်း ရှိတယ်။ အဲ့ဒီတော့ နောက်ထပ်မျိုး ဆက်သစ်တွေရယ် လက်ရှိလူကြီး တွေနဲ့ တွဲပြီးတော့ အလုပ်လုပ်ဖို့ အားသစ်လောင်းတာပါ။ ကျွန် တော်တို့ရဲ့တာဝန် က ဘာလဲဆိုရင် အကြိုသမိုင်းခေတ်ကနေ မျက် မှောက်ခေတ်ကာလအထိ မြန်မာ နိုင်ငံရဲ့သမိုင်းကို ရေးသားတယ်။ စာအုပ်တွေလည်း ထွက်တယ်။ နောက် ကျွန်တော်တို့ရဲ့ အဓိက တာဝန်က လူငယ်မျိုးဆက်သစ် တွေကို ပြန်လည်လေ့ကျင့်ပေးဖို့၊  အစိုးရဌာနအသီးသီးက သမိုင်း နဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကြံ ဥာဏ်ေ တွ တောင်းလာရင် လိုအပ် တဲ့ အကြံဥာဏ်တွေပေးနိုင် အောင်ပါ။ နောက်တစ်ခုက ပြည် တွင်းမှာရှိတဲ့ ပေပရပိုဒ်တို့ကို စု တယ်။ နောက်ပြီးနိုင်ငံခြား မှာရှိတဲ့ အထောက်အထားတွေကိုလည်း စုပြီးတော့ ဒါတွေကိုစိစစ်ပြီးတော့ စာတမ်းရေးတယ်။ ပြီးတော့ စာတမ်းဖတ်ပွဲတွေ လုပ်တယ်။ စာတမ်းဖတ်ပွဲတွေ ကို ပြည် တွင်းက ပညာရှင်တွေနဲ့ ပူးပေါင်းပြီးလုပ် တယ် ပြည်ပနဲ့ပေါင်းပြီးလုပ် တယ်။ အဓိက ကတော့ စာအုပ် ထုတ်တဲ့အခါမှာ သမိုင်းဖြစ်ရပ် မှန်ကို အဓိကထားပြီးစီစဉ် ပါတယ်။ အရင်တုန်းကလည်း ဒီအတိုင်းပဲ ရေးသားတာပါ။ နောင်လည်းဒီ အတိုင်းပဲ သွားမှာပါ။

►ဆရာတို့အခုအသစ်ပြန်ဖွဲ့တဲ့အဖွဲ့ က လုပ်ဆောင်သွားမယ့်အကြောင်း အရာတွေကို လည်းသိချင်ပါတယ် ဆရာ။

ဆက်လုပ်သွားမှာက အစီ အစဉ်အတိုင်းပါပဲ။ ဖြစ်ရပ်မှန် သမိုင်းရေးတာမှာ ကျွန်တော်တို့က ဘယ်အထိပြီးသွားပြီလဲဆိုရင် ၁၉၇၄ အထိပြီးသွားပြီ။ ဆက်ပြီး   တော့ ၁၉၇၄ ကနေ ၁၉၈၈ နောက်ပိုင်း သမိုင်းတွေကို ရေးဖို့ ရှိပါတယ်။ ပြီးတဲ့အခါမှာရှေ့ပိုင်းမှာ ကျန်နေခဲ့တဲ့ ပျူခေတ်သမိုင်းတို့ ပုဂံခေတ်သမိုင်းတို့ အဲဒါတွေ ကိုလည်း သုတေသနလုပ်ပြီးတော့ ဆက်ပြီး ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့မှာက ခေတ်အပိုင်း အလိုက် ပညာရှင်တွေ တာဝန်ယူ ပြီးတော့ပညာ ရှင်တွေကသမိုင်းကို ပြုစုတာဖြစ်ပါတယ်။ ဒီမှာ အဓိက ပါတာကတော့ အငြိမ်းစား သမိုင်း ပါမောက္ခတွေ ဖြစ်ပါတယ်။

►ပြည်ထောင်စု ဝန်ကြီးကတော့ သမိုင်းဘာသာရပ်ကို ကျောင်း သားတွေ ယူတာ နည်းသွားတယ် လို့ပြောပါတယ်။ အဲ့ဒီအပေါ် လည်း သုံးသပ်ပေးပါဦးဆရာ။

ဘာကြောင့် သမိုင်းဘာသာ ရပ်ကို ယူတာအားနည်းသွားသလဲ ဆိုရင် ကျွန်တော်တင်ပြ ဆွေးနွေး တာက သမိုင်းကို သင်တဲ့နေရာမှာ သင်တဲ့ဆရာက သမိုင်း ကိုစိတ်ဝင် စားအောင် မပြောဘဲနဲ့ ကျောင်း သားကို လိုင်းတားခိုင်းတာတို့ ဘာတို့လုပ်ပြီး သင်ခိုင်းရင်တော့ ကျောင်းသား စိတ်မဝင်စားတာတွေ ဘာတွေ ဖြစ် လာမှာပေါ့လေ။ နောက်တစ်ချက်က ဘာကြောင့် အားနည်းသွားသလဲဆိုရင် သမိုင်း ဘာသာရပ်ကို အစတုန်းကတော့ တက္ကသိုလ်ဝင်တန်း အထိ တောက်   လျှောက်သမိုင်းကို မယူမနေရ အဖြစ်ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ၈ တန်းမှာ တင်ပဲ သမိုင်းကို ယူခွင့်ပေးပြီးတော့ ၉ တန်း ၁ဝ တန်းကျတော့   ကျောင်းသားတွေကို သိပ္ပံယူမလား၊ ဝိဇ္ဇာယူမလားဆိုပြီး ရွေးခွင့်ပေး လိုက်တော့  အဲ့ဒီတော့ကျောင်းသား တွေက များသောအားဖြင့် သိပ္ပံ ဘာသာရပ်ကိုယူကြ တယ်။ မိဘတွေ ကလည်း ကိုယ့်သားသမီးကို သိပ္ပံ ဘာသာရပ်ကို ယူစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သိပ္ပံ ဘာသာရပ်ကိုယူမှ အပြင်လောက မှာမြန်မြန် အလုပ်ရနိုင်တဲ့ ဆရာဝန် တို့ အင်ဂျင်နီယာတို့ အဲ့ဒါမျိုးတွေရ မယ်။ အဲ့ဒါကြောင့် ကျောင်းသား တွေ ရွေးတာလည်းပါတယ်။

►ကျောင်းသားတွေအနေနဲ့ သမိုင်း ဘာသာရပ်စိတ်ဝင်စားမှုနည်း သွားသလို အပြင်ကသူတွေကရော သမိုင်းဘာသာရပ်အပေါ် စိတ်ဝင် စားမှု ဘယ်လိုရှိတယ် ဆိုတာကို လည်း သုံးသပ်ပေးပါဦးဆရာ။

သမိုင်းကို စိတ်ဝင်စားတယ်။ ထွက်နေတဲ့ သမိုင်းစာအုပ်တွေ နည်းတာမဟုတ်ဘူး။ နောက်ပြီး တော့ ရန်ကုန်တက္ကသိုလ်သမိုင်း ဌာနက ဒီပလိုမာဖွင့်ထားတယ်။ အဲဒီမှာလာတက်တဲ့သူတွေက အလွှာစုံကနေ လာတက်ကြတာ  နည်းတာမဟုတ်ဘူး။ ပထမနှစ် ကလာတက်တဲ့သူ ၈ဝ ရှိပြီ။ အခု နှစ်ဆိုရင် ၁၂ဝ လောက်ရှိတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့်  သမိုင်း ဘာသာရပ်ကိုစိတ်ဝင်စားမှု များ တယ်ဆိုတာကို ပြနေတာပဲလေ။

►ဆရာကြီးအနေနဲ့ မြန်မာသမိုင်း နဲ့ပတ်သက်ပြီး ထပ်ဆောင်းပြော လိုတာ ဘာများရှိမလဲဆရာ။

သမိုင်းဆိုတာက အင်မတန် အရေးကြီးတာပါ။ ခက်တာက   ကျွန်တော်တို့ ဘာသာရပ်ကနည်း နည်းမှိန်သလို ဖြစ်နေတယ်။အဲ ဒီတော့ သမိုင်းကိုရေးကြတာေ တာ့ အမှန်ပဲ။ သမိုင်းကိုဂျာနယ်တွေမှာလည်းရေးတာပါပဲ။ ဒါပေမယ့် ဆရာတို့ဖြစ်စေချင်တာက သမိုင်း ဟာ အတိတ်ကသမိုင်းကို သင် ခန်းစာယူပြီး ရှေ့အနာဂတ် ကို ဘယ်လိုပိုကောင်းအောင် လုပ်မလဲ ဆိုတာကအဓိကပဲလေ။ အဲ့ဒီတော့ သမိုင်းကို ပညာရပ်တစ်ခုအနေနဲ့ သိပ္ပံနည်းကျကျ သုတေသနလုပ်ဖို့ လိုပါတယ်။ ပြီးတဲ့ အခါမှာ ကိုယ် သိထားတာ တတ်ထားတာတွေကို အများပြည်သူကို ဖြန့်ဝေပေးဖို့လို ပါတယ်။ သမိုင်းရဲ့ကဏ္ဍကို ပိုပြီး တော့တိုးတက်လာအောင် ပိုပြီး ကောင်း လာအောင် နိုင်ငံတော် အစိုးရအနေနဲ့ အားပေးသင့်တယ် လို့ထင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*