မျိုးချစ်စိတ်

မျိုးချစ်စိတ်
November 10, 2016 Asian Fame

9:30 am
မျိုးချစ်စိတ်
In Articles

bon

လူဆိုသည်မှာ အတ္တစွဲသမား ဖြစ်ပါသည်။ ထိုစကားကို ”ငါက အများအကျိုး ဆောင်ချင်တဲ့သူကွ။ အတ္တသမားမဟုတ်ဘူး” ဟု ငြင်းဆိုချင်သူများ ရှိသူများနိုင်ပါသည်။မိမိတို့ ငယ်ငယ်တုန်းကလို ”အများအကျိုးဆောင်၊ ကိုယ့်အကျိုး ပြောင်”ဟူ၍ ရွှတ်နောက်နောက် ပြောသူများလည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့်သက်သေပြပါမည်။

မိမိတို့ လက်မောင်းသားကို ဆွဲဆိတ်လိုက်ပါ။ သတိထားကြည့်လျှင် ထိုနေရာတွင် ဆွဲဆိတ်လိုက် သည်ကို သိလိုက်မည်။ သိစိတ်ကို လိုက်ကြည့်ပါ။ ထို့နောက်ဆက်၍ နာကျင်သည့် ဝေဒနာပေါ်လာ သည်ကိုလည်းသိလိုက်မည်။ သတိ နှင့်ဆက်ကြည့်လျှင် ထိုဝေဒနာကို မခံစားလိုသည့်စိတ်ပေါ်လာမည်။ ”ငါလက်မောင်းသား နာတယ်” ဟု အသံထွက်လာမည်။ ဤတွင် ”ငါ”ဆိုသည်မှာ ဘယ်နေရာတွင်ရှိ သနည်း။ လက်မောင်ြး<ွကက်သားက အဆိတ်ခံရ၍ နာနေသော်လည်း ယင်းနေရာတွင် ငါမရှိ။ တံတောင် ဆစ်တွင်လည်းငါမရှိ။ လက်မောင်း ဖျားတွင်လည်း ငါဆိုသည်မှာမရှိ။ ”ဒါတွေက ပညတ်သဘောအရ ပြောတာပဲ” ဟု အကြောင်းပြစကား ဆိုလိမ့်မည်။ ဤကိစ္စမှာဝိပဿနာ အကြောင်း ဆွေးနွေးနေကြခြင်း မဟုတ်သဖြင့် ပညတ်နှင့်ပရမတ် သဘောကို ငြင်းခုံနေရန် မလို သေးချေ။ မိမိတို့ကမှတရားထိုင်၍ အမှန်အတိုင်းသိမြင်လာအောင် ကြိုးပမ်းအားထုတ်ရန်မဟုတ်သေး ပါ။ တစ်ခုသေချာသည်မှာ မိမိတို့ ”ငါ”စွဲ မဖြတ်နိုင်သေးခြင်းကို သူ့ သဘာဝ အတိုင်းလက်တွေ့ သိရှိ လာ၍ပင်။ အနတ္တဟုရွတ်ပင် ရွတ်နေကြသော်လည်း ယေဘုယျအား ဖြင့် အတ္တဧရိယာမှ မိမိတို့လွတ် အောင်ရုန်းမထွက်နိုင်သေးချေ။

သို့ဖြစ်၍ ”ငါ”ရှိသဖြင့်”ငါ ကိုချစ်တယ်”ဆိုသည့်ကိစ္စ ပေါ်လာသည်။ ထိုမှတစ်ဆင့်”ငါ့ မိသားစုကိုချစ်တယ်”ဟူ၍လည်း ကောင်း။ ”ငါ့ဆွေမျိုးကိုချစ်တယ်”ဟူ၍လည်းကောင်း။ ဆက်ခါ ဆက်ခါ ကျယ်ပြန့်သွားမည်။ ထိုမှ တစ်ဆင့် ”ငါ့အသိုင်းအဝိုင်းကို ချစ်တယ်”ဟူ၍လည်းကောင်း။”ငါ့ ရပ်ရွာ၊ ငါ့မြို့နယ်၊ ငါ့ဒေသကိုချစ် တယ်” ဆိုသည့် စိတ်နေစိတ်ထား များတိုးတိုးသွားမည်။ ဤသည်မှာ သဘာဝအတိုင်းဖြစ်ပါသည်။ မိမိ တို့ငယ်ငယ်က ကြီးတော်ကြီးပြောခဲ့ သည်ကိုသတိရမိသည်။”ကိုယ့်အိမ် ကခွေးနဲ့သူများ အိမ်ကခွေး ကိုက် ကြရင် ကိုယ့်အိမ်ကခွေးဘဲ နိုင် စေချင်တယ်” ဟု ပြောသံကြားဖူး ပါသည်။ ထိုသို့ပြောခြင်းမှာ မိမိ ပိုင်ဆိုင်သည်ထင်သော အတ္တနယ် အကျယ်အဝန်းကို ဖော်ပြခြင်း တစ်မျိုးဖြစ်ပါသည်။ တစ်ခုတော့ ပြောစရာရှိမည်။ မိမိ၏အတ္တနယ် နိမိတ်မှာ ငါ့ဆွေမျိုးကောင်းစားရေး တွင်သာရပ်နေလျှင် ထိုအဖွဲ့အစည်း တိုးတက်တော့မည် မဟုတ်ချေ။

ဝန်ခံရလျှင် မိမိကိုယ်ကိုလူ တတ်ကြီးလုပ်ကာ ပြောသည်ဟု ပြောလျှင် ခံရမည်ပင်။ အမြင်ကျဉ်း မြောင်းသည်ဟု ပြောလျှင်လည်း မှန်လျှင် မှန်နေမလားမသိပါ။ ငယ် စဉ်ကတည်းက မိုးလုံးလေလုံးထွား နေသည် အပြောခံရသော ဘီဘီစီ ကိုနေ့စဉ် နားထောင်ဖြစ်ခဲ့၏။နောက်ပိုင်းတွင် အရုပ်လည်းမြင်၊ အသံလည်းကြားနိုင်သည့် တီဗီ ပေါ်လာ၍ ပိုမိုအဆင်ပြေသွား သည်။ အမြဲတမ်းကြည့်ဖြစ်သော ဘီဘီစီမိုးလေဝသသတင်းလာလျှင် မုတ္တမပင်လယ်ကွေ့နှင့် အရှေ့ တောင် အာရှဒေသကို ပို၍ဂရုပြု ကြည့်ဖြစ်သည်ချည်း။ ထိုအခါ၌ မိမိတို့အနီးအနားမှ တိုင်းပြည်များ ၏မြို့တော်များ အမည်များက မိုး လေဝသမြေပုံတွင်ပါပြီး မိမိတို့ ရန်ကုန်မပါ။ မိမိတို့မိုးလေဝသနှင့် အဆက်အသွယ်လုပ်၍မရလို့လား ဟုထင်မိသည်။ မိုးလေဝသနှင့် ပတ်သက်သော သတင်းအချက် လက်များ အချိန်မီပေးပို့နိုင်ခြင်း မရှိ၍လား။ အမျိုးမျိုး လှည့်ပတ် ကာတွေးမိသည်။ နောက်ပိုင်းတွင်ျွညေါသသည ကို့ ညေါသည ဟု အ မည် ပြောင်းလိုက်၍လားဟု လည်း တွေးမိလိုက် သေးသည်။ ထို့နောက် ရန်ကုန်က မြို့တော် မဟုတ်တော့ဘဲ နေပြည်တော် ဖြစ် သွားသည့်အခါလည်း ထူးခြားမ လာ။ ပြောရလျှင် ”ဒါလေးများ အရေးအရာလုပ်လို့”ဟု ဆိုကြ မည်။ ခံစားတတ်သူများအတွက်မူ ဤအရာမှာ အရေးကြီးပါသည်။ အရင်းစစ်လျှင် အထက်ကဆိုခဲ့ သော ”အတ္တ”ပင်ဖြစ်ပါသည်။ မိမိ တို့ပြောပြောနေသည့် မျိုးချစ်စိတ် ၏ အခြေခံ အကြောင်းတရားဖြစ်ပါသည်။ မိမိတို့က”အတ္တနယ်” မှ ကိုယ်လွတ် မရုန်းနိုင်သေးသမျှမျိုးချစ်စိတ်ရှိနေခြင်းကို လက်ခံထားရမည်ဖြစ်ပါသည်။ ၎င်းမျိုးချစ်စိတ် ကြောင့်ပင် မိမိအပါအဝင် မိမိအသိုင်းအဝိုင်းကိုတိုးတက်ကြီး ပွားအောင် ကြိုးပမ်းနေကြသည် မဟုတ်လား။

မျိုးချစ်စိတ်ဓာတ် အကြောင်းပြောချင်လွန်းရကား လိုရင်း မရောက်တော့။ မိမိပြောပြလိုသော သတင်းကြီးကား နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များသာမက ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲကို အောက် တိုဘာလ ၂၂ ရက် နံနက် ၉ နာရီ က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ- ၂ တွင် ကျင်းပခဲ့ကြောင်း သတင်းပင်ဖြစ် ပါသည်။ ”စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်ပြီဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့် အခွင့်အရေးသစ်ကို အများအ တွက် အသုံးပြုစေလိုဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် စီပွားရေးလုပ်ငန်းရှင် များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအားမှာ ကြား” ဟုလည်း ဆိုသေး၏။ မိမိ တို့ အတွက်မူကား ဤသို့လက်လှုပ် ၍ စာရေးနိုင်မှဝမ်းဝရမည့် ဘဝ ဖြစ်သဖြင့် စီးပွားရေးပိတ်ဆို့သည် ဆိုခြင်းကို အလေးမထားအားခဲ့ပါ။ မိမိကိုလည်း မထိခိုက်ဟုထင်ခဲ့ပါ သည်။

သို့ရာတွင် နိုင်ငံတော်နှင့်ချီ၍ သည်လောက် အကြီးအကျယ်တခမ်းတနားကြီးကျင်းပသောပွဲတွင် မိမိလည်း တစ်ခုခုတော့ ဝင်ပြောလိုက်မှ လူရာဝင်တော့မည် မဟုတ်လား။ ”အဖွဲ့အစည်းတစ်ရပ် တိုးတက်မှု မရှိလျှင်၊ အေးချမ်း တည်ငြိမ်မှုမရှိလျှင်၊ မည်သည့် စီးပွားရေး တိုးတက်မှုမှရေရှည် တည်တံ့မည် မဟုတ်ကြောင်း၊ တရား ဥပဒေစိုးမိုးရေးမှာ အဓိက ကျကြောင်း၊ အခြေခံအားဖြင့် ပြည်သူလူထူထု တစ်ရပ်လုံး စား ဝတ်နေရေး အခြေအနေများ ခိုင် မာအောင် ဆောင်ရွက်ရန်လို အပ် ကြောင်း စသဖြင့် တစ်ခွန်းနှစ်ခွန်း တော့ ဝင်ပါလိုက်ချင်ပါသည်။ တရားဥပဒေ စိုးမိုးရေးသည် အစိုး ရသစ်၏ ထိပ်တန်းမူဝါဒအဖြစ် ထားခြင်းကို လှိုက်လှိုက်လဲလဲ ထောက်ခံပါသည်။ တချို့က ဥပဒေ နှင့်ဘောင်ခတ် ထားသည်ဟုထင် ကြ၏။ အမှန်ကား လုံခြုံစွာတိုး တက်နေရန် အထောက်အကူ များ စွာပြုပါသည်။ ”အူမတောင့်မှ သီလစောင့်နိုင်မည့်သူများ ပိုများ လာသည် မဟုတ်လား”။

နိုင်ငံသူနိုင်ငံသား အားလုံးက စီးပွားရေး တိုးတက်မှုတွင်ပါဝင် ပြီးဆောင်ရွက်စေလို၊ အတိတ်ကို ပြန်လှည့်မကြည့်ဘဲ အနာဂတ်ကို မျှော်သည့် မူဝါဒမျိုးနှင့် ဆက်လက် ဆောင်ရွက်သွားမည်တဲ့။ အစိုးရ တိုင်းဤသို့ သဘောကောင်းကြ သလား မပြောတတ်ပါ။ ဤသို့ စီးပွားရေး ဆောင်ရွက်ရာတွင် ပြည်တွင်းမှ လုပ်ငန်းရှင်များသာ မကဘဲ ပြည်ပတွင် ရှိသည့်ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသော မိတ် ဆွေစီးပွားရေး လုပ်ငန်းရှင်များကို လည်း ဖိတ်ခေါ်ထားကြောင်း သိရ သည်။ ထို့ကြောင့် ဂျပန်မိတ်ဆွေ များက စိတ်ဝင်စားနေခြင်းဘဲ။ မိမိတို့နိုင်ငံသည် အလွန် အမင်း အလားအလာကောင်းသည့် နိုင်ငံအဖြစ် ထင်ရှားခဲ့သော်လည်းအကြောင်းကြောင်းသော အကြောင်းတို့ကြောင့် နောက်ပိုင်းတွင် ယင်းဂုဏ်သရေမှာ မှေးမှိန်သွား ခဲ့ကြောင်းပြောသေးသည်။ ထို အကြောင်းရင်းများကိုမူ အကျယ် ချဲ့ကာ ရှင်းမနေတော့ပါ။ ”တော်ကြာရှင်းခါမှ ပိုရှုပ်သွားတတ်သည် မဟုတ်လား”။

ယခုအစိုးရအဖွဲ့လက်ထက် တွင် ပထမ(၆)လသည် စီးပွားရေး ၌ လျင်မြန်စွာ တိုးတက်မှုမရှိခဲ့ ကြောင်း ဝန်ခံသည်တဲ့။ ယင်းသို့ ဝန်ခံရဲသောသတ္တိကို ချီးကျူးရ မည်။ အမှားအယွင်းရှိလျှင် ခေါင်း ခံရဲရမည်။ ထိုရဲစွမ်းမှုမှ တကယ့် သတ္တိ။ ”မှန်ရင်ငါကွ။ မှားနေရင် သူတို့တွေ အသုံးမှ မကျပဲ။” ဆို သည်မှာ ယခင်မသိ၍ ပြောကြခြင်း သာ။ ဟိုရှေးခေတ်တုန်းကတော့ ဤသို့ဝန်မခံသည့်အပြင် မကောင်း မြင်ဝါဒသမားများဟု စွပ်စွဲလိုက် သေး၏။

အောင်မြင်သော စီမံကိန်းဆို သည်မှာ တစ်နှစ်အတွက်လည်း မဟုတ်။ ငါးနှစ်အတွက်လည်း မဟုတ်။ ဆယ်နှစ်အတွက်လည်း မဟုတ်။ ဆယ်စုနှစ်များဆက်ကာမျှော်မှန်းချမှတ်မှ အောင်မြင်နိုင်မည်။ အရေးကြီးသည်မှာ စနစ် တကျ စမိနိုင်ရန်နှင့် ပြီးဆုံးသည် အထိ မှန်မှန် တိုးတက်မှုရှိစေရန်လို အပ်ပါသည်။ြ<ွကားလုံးထုတ်နေရန် မလို။ ဒါတွေက အပေါ်ယံကြော ကိစ္စများ။ အမှန်တွင် မိမိနိုင်ငံကို ကူညီချင်ကြသော မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများ အလွန်များလာ ကြောင်းသိသာပါသည်။ တစ် ယောက်တစ်ပေါက်လုပ်လျှင် ကစင့်ကလျားဖြစ်ပြီး မထိရောက် နိုင်ဆိုသည်ကို သတိထားရပါမည်။ထို့ကြောင့် မိမိက မျိုးချစ်စိတ်ဓာတ် အကြောင်းကို နိဒါန်းပျိုးရခြင်း ဖြစ်ပါသည်။ တကယ်တော့ နိုင်ငံတော် ဘဏ္ဍာငွေကြေးက ပြည်သူ့ထံမှ လာပါသည်။ ပြည်သူ့ထံကို စီး ဆင်းသွားရပါမည်။ ယင်းမှသာ ပုံ မှန်စီးဆင်းနေခြင်းဖြစ်မည်။ အလှူ ရေစက်လက်နှင့်မကွာဘဲ ဂုဏ် ပကာသနလုပ်နေပြီး မှန်ကန်စွာ အခွန်ထမ်းဆောင်ခြင်းသည် တစ်နည်းအားဖြင့် အလှူဒါနဟူသော မူရင်းဆိုလိုချက်ကို လျစ်လျူပြုထား မည်ဆိုပါက တစ်ခုခုတော့လွဲနေပြီ ဟုပြောရမည်။

လမ်းမှန်ပေါ်လျှောက်ချင်လျှင် ပညာ၊ စေတနာ၊ သတ္တိရှိရှိနှင့် မိမိရရဆုပ်ကိုင်နိုင်မှ ဖြစ်မည်။ တချို့က အရင်လမ်းဟောင်းကို စွဲစွဲ မြဲမြဲလျှောက်လှမ်းနိုင်ခြင်းကို သတ္တိ ဟု ထင်ကြသေး၏။ အမှန်စင်စစ် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်ရမည်။ နိုင်ငံတော်၏ ပညာရေးစနစ်မှာ ဆယ်စုနှစ်များ စွာ နောက်ကျခဲ့ပါသည်။ သို့သော် လည်း အခြေအနေမှန်ကို သုံးသပ်ကာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင် သောသူများရှိကြပါသည်။ ထို အရည်အချင်းရှိသူများကို စုစည်း ပြီး ရှေ့လမ်းကြမ်းကိုဆက်လှမ်းနိုင်ပါစေဟု ဆုတောင်းလိုက်ရပါကြောင်း။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*