ဆုံးရှုံးနိုင်ခြေ သံသရာထဲက စွန့်ဦးတီထွင်လုပ်ငန်းနဲ့ ဘဏ်တွေ

ဆုံးရှုံးနိုင်ခြေ သံသရာထဲက စွန့်ဦးတီထွင်လုပ်ငန်းနဲ့ ဘဏ်တွေ
November 10, 2016 Asian Fame

7:24 am
ဆုံးရှုံးနိုင်ခြေ သံသရာထဲက စွန့်ဦးတီထွင်လုပ်ငန်းနဲ့ ဘဏ်တွေ
In Bussiness

hmue-eain-zaw

နိုင်ငံတော်အစိုးရ၏ စီးပွား ရေးမူဝါဒ ၁၂ ချက်တွင် တီထွင် ဖန်တီးမှု စွမ်းရည်များနှင့် အဆင့် မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်စေနိုင် သည့် အသိဥာဏ်ပစ္စည်း ပိုင်ဆိုင်မှု အတွက် အထောက်အပံ့ဖြစ်စေ သော နည်းစနစ်များ၊ လုပ်ထုံးလုပ် နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန် ဟူသော အချက် တစ်ချက် ပါဝင် သည်။ များမကြာမီအချိန်ကပင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း စွန့် ဦးတီထွင်ဆိုသော စကားလုံးသည် ကျယ်ပြန့်စွာ ထွက်ပေါ်လာနေ သည်။ စွန့်ဦးတီထွင် ဆိုသည်မှာ စွန့်စား လုပ်ကိုင်ရခြင်း၊ ဦးဦးဖျား ဖျား တီထွင်ဆန်းသစ်၍ လုပ်ကိုင် ရသော စီးပွားရေး စနစ်တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ ကဲ့သို့ ငွေကြေးစနစ်ခိုင်မာမှု မရှိ သော နိုင်ငံတစ်နိုင်ငံတွင် စွန့်ဦး တီထွင် လုပ်ငန်းများအတွက် အမှန် တကယ်ပင် လုပ်ကိုင်နိုင်မည် လားဆိုသည့်အချက်မှာလည်း မေးခွန်း ပေါင်းများစွာ ရှိနေသည်။ စွန့်ဦး တီထွင်သူ တစ်ဦးအတွက် စွန့်စား လုပ်ကိုင်ရမည်ဆိုသည်မှာ အမှန် ပင်ဖြစ်သည်။ ကနဦးတီထွင်ဖန်တီး သူတစ်ဦး၊ လမ်းသစ်ဖောက်သူ တစ်ဦးအနေဖြင့် လုပ်ငန်းအောင် မြင်ပါက အသီးအပွင့်များကိုခံစား ရမည် ဖြစ်သော်လည်း ဆုံးရှုံးနိုင် ခြေ များလည်း ရှိသည်။ စွန့်ဦးတီ ထွင် လုပ်ငန်းဖြင့် လုပ်ငန်း စတင် လိုသူများသည် လုပ်ငန်းကို စတင် ချိန်တွင် ပြင်ပမှ အရင်းအနှီးများ လိုအပ်လေ့ရှိသည်။ ထိုအခါ လုပ် ငန်း စတင်ချိန် ကုန်ကျစရိတ်များ ကို ကာမိစေရန် ရင်းနှီးမြှုပ်နှံမှုများ ကို ပြင်ပမှ ဖိတ်ခေါ်ရလေ့ရှိသည်။ ထိုသို့ဖိတ်ခေါ်ရာတွင် ရင်းနှီးမြှုပ် နှံမှု ပုံစံအမျိုးမျိုးနှင့် ကြုံတွေ့ရ နိုင်သည်။ ထိုသို့ ကြုံတွေ့ရသော အခါ အခက်အခဲနှင့် ကြုံတွေ့ရ နိုင်ပါသည်။ အဘယ်ကြောင့်ဆို သော် ရင်းနှီးမြှုပ်နှံမှု ပုံစံများသည် ပုံမှန်အားဖြင့် ရှုပ်ထွေးလေ့ရှိပြီး တစ်ခုချင်းစီတွင် အားနည်းချက် အားသာချက်များ ကိုယ်စီ ရှိကြ သည်။

မြန်မာနိုင်ငံတွင် စွန့်ဦးတီ ထွင်လုပ်ငန်းများ လုပ်ကိုင်နေသူ များနှင့် လုပ်ကိုင်ကြသူများတွင် အဓိက စိတ်ခေါ်မှုအခက်အခဲမှာ ငွေရေး ကြေးရေး ကဏ္ဍပင်ဖြစ် သည်။ စွန့်ဦးတီထွင်လုပ်ငန်း လုပ် ကိုင်သူများတွင် ဖန်တီးနိုင်စွမ်း များနှင့် လုပ်ကိုင်နိုင်စွမ်းအချို့ ရှိ ကြသော်လည်း ¤င်းတို့ လုပ်ငန်း များ စတင် လုပ်ကိုင်ရန်နှင့် တိုးချဲ့ ရန်အတွက်မှု ချေးငွေကိစ္စကဲ့သို့ ကိစ္စရပ်များတွင် အခက်အခဲများ ကြုံတွေ့ နေရသည်။

ပုံစံကျမဟုတ်သည့် စီးပွားရေး လုပ်ငန်း ခြောက်သိန်းကျော် ရှိနေ သည့် နိုင်ငံတွင် စွန့်ဦးတီထွင်အ လေ့အထချမှတ်ပေးနိုင်ရန် အစိုးရ အနေဖြင့် အကောင် အထည်ဖော် ဆောင်ပေးရန် တာဝန်ရှိနေသည်။ လက်ရှိတွင် စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်လိုသူအချို့နှင့်SME လုပ် ကိုင်သူများမှာ ငွေကြေးဆိုင်ရာ အ ခက်အခဲများကြောင့် ဝန်ထမ်းအ လုပ်ပင် ပြန်၍ လုပ်ကိုင်နေရသူ များပင် ရှိနေကြောင်း လူငယ်စွန့်ဦး တီထွင်သူများက ပြောသည်။

”ကျွန်မတို့နိုင်ငံက လူတွေက အိုင်ဒီယာပိုင်းလည်းမညံ့ဘူး။ ဒါ ပေမယ့် အများစုကအခုမှ စလုပ် တဲ့အတွက် အိုင်ဒီယာတွေ လုပ် နိုင်တဲ့ စွမ်းရည်တွေရှိေ ပမယ့် ငွေ ကြေးအခက်အခဲကြောင့် မလုပ်နိုင် ကြဘူး။ ငွေရေးကြေးရေးကြောင့် ဆိုတဲ့နေရာမှာလည်း သူများနိုင်ငံ တွေဆီမှာက Business Plan  တွေ သေသေချာ ချာ တင်ပြနိုင်ရင် ဘဏ်တွေကနေ ချေးပေးတာတွေ ရှိတယ်။ ဒီမှာကျတော့ အဲ့ဒီအပိုင်း မှာအားနည်းတယ်။  လက်ရှိ လုပ် ငန်းရှိပြီးသားသူတွေကိုသာ ထုတ် ချေးေ ပး တာမျိုးရှိတယ်။ အပြင်က နေ ယူရင်လည်း အတိုးနဲ့ယူရင် မ ကိုက်ကြတော့ဘူးပေါ့နော်။ တချို့ လုပ်ငန်းတွေဆို ရင်းနှီးမြှုပ်နှံမှုပေါ် မှာ ပြန်ရတဲ့ငွေက ၁ ရာခို င်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ ဒီလိုဆိုတော့ အတိုးနှုန်းများများနဲ့ အပြင်ကယူလို့ အဆင်မပြေဘူး။ ဘဏ်တွေကသာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆို ရင် တော် တော်အဆင်ပြေမှာပါ” ဟု မြန်မာ နိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအသင်းမှ ဒေါ်အေးမြတ် မြတ်သူက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စွန့် ဦးတီထွင် လုပ်ငန်းများမှာ အား နည်းလျက်ရှိပြီး ဈေးကွက်စီးပွား ရေးအရ ငွေဖြစ်လွယ်သည့် လုပ် ငန်းများကိုသာ အများဆုံး လုပ် ကိုင်လျက်ရှိခြင်းကြောင့် ပြည် တွင်း၌ စွန့်ဦးတီထွင် လုပ်ငန်း များမှာ ပျောက်ဆုံးနေခြင်း ဖြစ် သည်။ စွန့်ဦးတီထွင် လုပ်ငန်းများ ကို Micro နှင့် အသေးစားလုပ်ငန်း များအဖြစ် စတင်ခဲ့သော်လည်း လက်ရှိ အဆိုပါ လုပ်ငန်းများကို လိုအပ်သည့် နည်းပညာနှင့် ချေး ငွေဆိုင်ရာ အထောက်အပံ့များ ပေးနိုင်သော အခြေအနေ မရှိသေး ပေ။ ယင်းအတွက်ကြောင့် ပြည် တွင်းရှိ စွန့်ဦးတီထွင် လုပ်ငန်း များမှာ ဖွံ့ဖြိုးရန် အားယူနေဆဲ ဖြစ်သည်။ သို့သော် ပြည်တွင်းရှိ လုပ်ငန်းတချို့သည် မိရိုးဖလာ လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်း များကို ခေတ်စနစ်အရ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ကာ စွန့်ဦး တီထွင်မှုလုပ်ငန်းများဖြင့် ပေါင်း စပ်ကာ လုပ်ကိုင် ပါက အလားအ လာကောင်းများ ရှိနေသည်ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆို ကြသည်။ သို့သော်လည်း ဘဏ် များနှင့် လုပ်ငန်း လုပ်ကိုင်လိုသူများ အကြား ဆုံးရှုံးနိုင်ခြေ။ နှစ်ဖက်အ ကြားတွင် ငွေကြေးစီးဆင်းမှု လမ်း စ ပျောက်ဆုံးလာပြီး စီးပွားရေး တိုးတက်မှုလည်း နှောင့်နှေးနိုင် သည်။ ထိုကဲ့သို့ အခြေအနေမျိုးကို ဗဟိုဘဏ်အနေဖြင့် ထိန်းညှိပေး ခြင်းအားဖြင့်လည်း စွန့်ဦးတီထွင် များအတွက် လိုအပ်သောငွေကြေး အထောက်အပံ့များ ဖြစ်ပေါ်လာ နိုင်သည်။

”ချေးငွေက အမျိုးအစားတွေ က ပြောင်းလာတယ်။ ခက်တယ် ပြောပေမယ့် လွယ်တဲ့ချေးငွေ အ မျိုးအစားတွေလည်း ရှိတယ်။ အသေးစား၊ အလတ်စား လုပ်ငန်း   တွေ ရှိတယ်လေ။ အသေးစားအ လတ်စားချေးငွေကို သိန်း ၅ဝဝဝ အောက် ချေးပေးပါတယ်။ အဲ့ဒီ ချေးငွေ အမျိုးအစားကတော့ လ စဉ် ပြန်ဆပ်ရတယ်လေ။ အတိုး နှုန်းလည်း နည်းနည်းသက်သာ တယ်။ ဒီလိုချေးငွေကို ယူရင် တော့ မဆိုးပါဘူး။ ခုဆို SME ဥပဒေတွေလည်း ပေါ်လာပြီလေ။ မစိစစ်လို့တော့ မရဘူး။ ဆုံးရှုံးနိုင် ချေ ရှိ မရှိဆိုတာ စစ်ဆေးရပါတယ်။ ဘဏ်ဘက်ကလည်း ဆုံးရှုံးနိုင်ခြေ နည်းတာကိုပဲ စဉ်းစားတယ်။ ချေး ငွေယူတဲ့သူကလည်း ဆုံးရှုံးနိုင် ခြေ မရှိအောင် လုပ်ရတာပေါ့။ လုပ်ငန်းသေးရင်တော့ ကိစ္စမရှိ ဘူး။ လုပ်ငန်းကြီးလာရင် Risk  က ပိုများလာပြီ။ ဘဏ်က ပိုက်ဆံက လည်း သူ့ပိုက်ဆံမဟုတ်ဘူးလေ။ ပြည် သူတွေဆီက ပိုက်ဆံတွေနဲ့ ပြန်လှည့်တာဆိုတော့ အရေးကြီး ပါတယ်”ဟု ကမ္ဘောဇဘဏ်၏ အ ကြံပေး ဦးသန်းလွင်ကပြောသည်။

လက်ရှိ အချိန်တွင် ပြုပြင် ပြောင်းလဲမှုများအကြား လှုပ်ရှား ရုန်းကန်နေရသည့် ပြည်တွင်း စီး ပွားရေးလုပ်ငန်းများမှာ အစိုးရ၏ပြုပြင် ပြောင်းလဲမှုများကြောင့်   ဖြစ်ပေါ်လာသည့် အခွင့်အလမ်း များအား အနည်းငယ် မျှဝေခံစား ခွင့် ရရှိလာပြီဟု ဆိုသော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းစု၏ အခြေခံ ရေသောက်မြစ်ဖြစ် သည့် စွန့်ဦး တီထွင်လုပ်ငန်းများ၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ တွင် လိုအပ်နေသည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ လိုအပ် သော နိုင်ငံတကာ သတင်းအချက် အလက်၊ လုပ်သား၊ အခွန်သက်သာ ခွင့်များ ရရှိရန်နှင့် တိကျခိုင်မာ သောမူဝါဒများ ထွက်ပေါ်လာရေး အတွက်အစိုးရ၏ တုံ့ပြန်လုပ် ဆောင်မှုမှာ လျင်မြန်ရန်လိုအပ်နေ သည်။

”ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာSME  တွေကို အစိုးရက စနစ်တ ကျကို ကူညီပေးနေတာ။ စွန့်ဦးတီ ထွင်လုပ်ငန်းတွေက အလုပ်အကိုင် တွေလည်း ဖန်တီးပေးတယ်။ လူ့ စွမ်းအား အရင်းအမြစ်ကိုလည်း မြှင့်တင်ပေးတယ်။ ဥပမာ ကော်ဖီ ဆိုင် ဆိုပါတော့၊ အလုပ်သမားခန့် ထားနိုင်မှုအပေါ်မူတည်ပြီး အစိုးရ က ငွေကြေးထောက် ပံ့ပါတယ်။ ဘဏ် ချေးငွေရအောင်လည်း ကူ ညီပါတယ်။ အလုပ်အကိုင်သစ် ဖန် တီးပေးတာဟာ အစိုးရကို ကူညီ တာပါပဲ။ အချိန်တန်တော့ အလုပ် သမားက အလုပ်မရှိရင် အစိုးရ ဆီက ထောက်ပံ့ကြေးပေးရတာ လည်းရှိတော့ အစိုးရက ကူတယ် သာပြောတယ်။ အချိန်တန်တော့ အစိုးရက အလုပ်သမားဆီကနေ ဝင်ငွေခွန်ပြန်ရတယ်။ ဆိုင်ကနေ အမြတ်ခွန်ရတယ်။ အစိုးရအတွက် လည်းပို အဆင်ပြေပါတယ်။ တီ ထွင်ဆန်းသစ်ထားတဲ့ မူပိုင်နည်း ပညာကို နိုင်ငံတော်ကနေ အကာ အကွယ်ပေးပါတယ်။ ဒီမှာ အဲ့ဒါ လည်း လိုပါတယ်။ မဟုတ်ရင် ကိုယ် ကတော့ ဆုံးရှုံးနိုင်ခြေတွေတွက်ပြီး အလုပ်လုပ်ပေမယ့်သူများက အဲ့ဒီ အတိုင်းလိုက် လုပ်ရင် နစ်နာမှုတွေ ရှိပါတယ်”ဟု စွန့်ဦးတီထွင် လုပ် ငန်းရှင် တစ်ဦးဖြစ်သည့် ဦးရန် နောင်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ခန့်မှန်းခြှေSME  လုပ်ငန်းပေါင်း တစ်သိန်းကျော် ရှိနေသော်လည်း မှတ်ပုံတင်ထားသည်မှာ လေး သောင်းကျော်သာ ရှိသေးသော   ကြောင့်SME  များအနေဖြင့်လည်း လုပ်ငန်းများကို မှတ်ပုံတင်များလုပ် ဆောင်ကြရန်SME  ဖွံ့ဖြိုးရေး ဌာနမှ တိုက်တွန်းထားသည်။

”အချို့SME တွေကတော့ ချေးငွေနဲ့ နည်းပညာ အထောက် အပံ့လိုချင်တယ်။ ဒါပေမယ့် မှတ် ပုံတင်ကျတော့ လာမလုပ်ဘူး။ အဲ့ ဒီတော့ အခက်အခဲတွေ ဖြစ် ကုန် ရော။ မှတ်ပုံတင်ထားခြင်းအား ဖြင့် ချေးငွေဆိုင်ရာ ထောက်ခံချက် တွေပေးလို့ရသလို နည်းပညာ ထောက်ပံ့မယ့် အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပေးလို့ ရပါတယ်” ဟု အသေးစားနှင့် အလတ်စားလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အချို့ သော ပြည်တွင်းပြည်ပ ငွေကြေးအ ဖွဲ့အစည်းများမှ ငွေချေးလုပ်ငန်း ဝန်ဆောင်မှုများ ပေးနေသော်လည်း အတိုးနှုန်းများလွန်းသော အခြေအ နေတွင် အသေးစားနှင့် အလတ် စား လုပ်ငန်းများရပ်တည်နိုင်ရန် ခက်ခဲပေမည်။ အမေရိကန် နိုင်ငံ တွင်ပင် ထုတ်ကုန်များ၏ ရာခိုင် နှုန်း ၉ဝ ကျော်ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်များက လုပ်ဆောင်ပေး နေခြင်းဖြစ်သည်။ ယင်းအချက် သည် အလွန်အရေးကြီးသည်။         နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုများကို ယင်းနိုင်ငံ ရှိ စွန့်ဦးတီထွင် လုပ်ငန်းများနှင့် အသေးစား၊ အလတ်စားလုပ်ငန်း များမှ အဓိကမောင်းနှင်နေခြင်း ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် နိုင် ငံရေးပြုပြင် ပြောင်းလဲမှုများနှင့် အတူ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိသော်လည်း ထိ ရောက်သည့် အောင်မြင်မှုမျိုး ကို မ တွေ့ရသေးပေ။ ယင်းအတွက် ကြောင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများတွင်ပင် ကျောထောက် နောက်ခံပြုထားသည့် စွန့်ဦးတီ ထွင်လုပ်ငန်းများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများကို ပြည် တွင်း၌ ဖွံ့ဖြိုးတိုးတက်စေရန်အ တွက် လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*