ရွေးကောက်ပွဲ အလွန် ဦးတည်ချက် ပျောက်နေတဲ့ မြန်မာ့ စီးပွားရေး

ရွေးကောက်ပွဲ အလွန် ဦးတည်ချက် ပျောက်နေတဲ့ မြန်မာ့ စီးပွားရေး
November 9, 2016 Asian Fame

7:59 am
ရွေးကောက်ပွဲ အလွန် ဦးတည်ချက် ပျောက်နေတဲ့ မြန်မာ့ စီးပွားရေး
In Articles

win-myint-iq-win-articleလက်ရှိ နိုင်ငံရေးဟာ ပြဿနာ ပေါင်းစုံကို ရှင်းနေတာနဲ့ အချိန် ကုန်နေတယ်လို့ မြင်နေရပါတယ်။လုံးဝ အားမရတဲ့ အပိုင်း ကတော့ စီးပွားရေးဖြစ်ပေါ့။ နိုင်ငံတော် စီးပွားရေးက ဘယ်ကို ဦးတည် သွား နေလဲ ဆိုတာကို မသိဘူး။ ပန်းတိုင် က ဘယ်မှာလဲ၊ ဘယ်နေ့ ဘယ်အ ချိန်ရောက်ရင် နိုင်ငံတော် စီးပွား ရေး ဘယ်လောက် အထိ တိုးတက် မလဲ ဆိုတာကို ထင်သာမြင်သာ အောင် ချထားခြင်း မရှိဘူး။ လွန်ခဲ့ တဲ့ ၅ နှစ်က အစိုးရ ကလည်း စမ်း တဝါးဝါးနဲ့ လျှောက်ခဲ့တယ်။ အခု အစိုးရလည်း အလားတူ ပဲဖြစ်နေ တယ်။ တကယ်တော့ နိုင်ငံတော် စီးပွားရေး ဆိုတာ အနည်းဆုံး နှစ် ၂ဝ စီမံကိန်း ချရတယ်။ နှစ် ၂ဝ အတွင်းမှာ အများပြည်သူတွေ ဘယ်လို အဆင့်ကို ရောက်နေမလဲ ဆိုတာမျိုးလုပ်ရမှာဖြစ်တယ်။

မြန်မာ့ စီးပွားရေး ပန်းတိုင်ကို ဘယ်အပေါ်မှာ အခြေခံမလဲ

ဘယ်အပေါ်မှာ အခြေခံရမ လဲဆိုတော့ လူတစ်ဦးချင်း အ သက်ရှင် ရပ်တည်ဖို့ မဖြစ်မနေ လို အပ်တဲ့ အချက် ၄ ချက်ကို အခြေခံ ရမှာဖြစ်တယ်။ စားဖို့၊ နေဖို့၊ ဆေး ဝါးနဲ့ အဝတ်အစားဖြစ်တယ်။ စား ဖို့ဆိုတာက ကျန်းမာရေး နဲ့ ညီ ညွတ်တဲ့ အစားအသောက် ဖြစ်ရ မယ်။ လူ့ဂုဏ်သိက္ခာ နဲ့အညီ ရတဲ့ ဝင်ငွေနဲ့ စားလောက်တဲ့ ဝင်ငွေရှိ ရမယ်။ နေဖို့ဆိုတာက ရာသီဥတု ဒဏ်ခံနိုင်တဲ့ နေအိမ် ဖြစ်ရမယ်။ ဆေးဝါးက လူတိုင်း ကျန်းမာရေး နဲ့ ညီညွတ်အောင် နေထိုင်နိုင်ပြီး ဆေးကုသဖို့ လိုအပ်မယ် ဆိုရင် အခမဲ့ကုသပေး နိုင်ရမယ်။

အဝတ် အစား၊ အေးတဲ့နေရာ မှာ အအေးဒဏ်ခံနိုင်တဲ့ အဝတ်အစား ရှိရမယ်။ မြန်မာနိုင်ငံ မှာက သိပ်ပြီး အရေးကြီးတဲ့ အဆင့်အထိ တော့ မရှိသေးဘူး။ ဒီတော့မှအ သက်ရှင် ရပ်တည်နေနိုင်မယ်။ အဲ့ဒီ လို အခြေခံကျတဲ့ အချက် ၄ ချက် ကိုမူတည်ပြီး နိုင်ငံတော် စီးပွားရေး စီမံကိန်းကို နှစ်၂ဝ စီမံကိန်း ချရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နောက် နှစ် ၂ဝကျရင် လူတိုင်းက ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ကို အလုံအလောက် ရှိရမယ်။ လူ တိုင်းက ရာသီဥတု ဒဏ်ခံနိုင်တဲ့နေ အိမ်နဲ့ နေနိုင်ရမယ်။ လူတိုင်းက ကျန်းမာရေး ကောင်းမွန်ပြီး လိုအပ် ရင် ဆေးဝါး အခမဲ့ကုသနိုင်ရမယ်။ အဝတ်အစား ကတော့ မြန်မာနိုင်ငံ အတွက် သိပ်အခက်အခဲ မရှိသေး ဘူး။

ဘယ်လိုလုပ်မလဲ

မြန်မာ့စီးပွားရေး နှစ် ၂ဝ စီမံ ကိန်း အတွက် လွတ်လပ်တဲ့ စီးပွား ရေးနဲ့ လူမှုရေး ကော်မရှင် တစ်ရပ် ကိုဖွဲ့စည်းပြီး စစ်တမ်းတွေ ကောက် ရမယ်။ အသက်ရှင် ရပ်တည်ဖို့ လို အပ်တဲ့ ၄ မျိုးကို မရရှိတဲ့သူ ဘယ် လောက်ရှိလဲ။ သန်းခေါင်စာရင်း ကောက်သလို အခြေခံ အချက်အ လက်ကို စုဆောင်းရမယ်။ ရလာတဲ့ အချက်အလက် ကို အခြေခံပြီး အ ကောင်အထည် ဖော်ရမှာဖြစ်တယ်။

နှစ် ၂ဝ စီမံကိန်း ကို ၅ နှစ်စီ ခွဲလုပ်ရမယ်။ တစ်နှစ်ချင်း ထပ်ခွဲပြီး လုပ်ဆောင်ရမယ်။ တစ်နှစ်ချင်းမှာ ဘယ်လောက် အောင်မြင်လဲ၊ မ အောင်မြင်ရင် ဘာကြောင့်လဲ။ ရည် မှန်းချက် ပန်းတိုင် ရောက်အောင် ဘာတွေပြုလုပ် ဆောင်ရွက်ရမလဲ ဆိုတာတွေကို သုံးသပ်လုပ်ဆောင် ရမှာဖြစ်တယ်။ ပထမ ၅ နှစ်မှာ ဘယ်ဒေသက ဘယ်လို လူမျိုးကို ဦးစားပေး လုပ်မလဲ။ ဒုတိယ ၅ နှစ်က ဘယ်လောက် အထိ လုပ် မလဲ။ တတိယ ၅ နှစ်မှာ ဘယ် လောက်ပြီးရမလဲ။ နှစ် ၂ဝ အတွင်း မှာ အားလုံး အောင်မြင်အောင် လုပ်နိုင်တဲ့ စီမံကိန်း ကိုချရမယ်။

စီးပွားရေး လူမှုရေး နှစ် ၂ဝ စီမံကိန်း အောင်မြင်ဖို့ အတွက် အခြေခံရမယ့် စီးပွားရေး

နှစ် ၂ဝ စီမံကိန်း အတွက် အောင်မြင့်ဖို့က တိကျတဲ့ စီးပွား ရေး မူဝါဒကို ချမှတ်ရမယ်။ မြန်မာ နိုင်ငံ အတွက်က အခုဦးတည်နေတဲ့ စက်မှု စီးပွားရေး ကို အခြေခံတဲ့ ဈေးကွက် စီးပွားရေး စနစ်က အဓိ က မဟုတ်ဘူး။ စက်မှုစီးပွားရေး က လူနည်းစု အတွက်သာဖြစ်ပြီး လူများစုက အလုပ်သမား ဘဝနဲ့ မတက်နိုင်ဘဲ မသေချာ မရေရာတဲ့ ဝင်ငွေနဲ့ ရပ်တည်နေ ရမှာ ဖြစ် တယ်။ အလုပ်အကိုင် အခွင့်အ လမ်း မဟုတ်ပါ၊ ကျွန်ဘဝနွံနစ် နေမှာ ဖြစ်တယ်။ မြို့ပေါ်မှာ လူစု ပုံနေမယ်။ မြို့ပေါ်မှာ ပြဿနာ ပေါင်းစုံ စုပုံနေမယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကူးစက်ရောဂါပြန့် ပွားမှု၊ ဆေးရုံဆေးခန်း မလုံလောက်မှု၊ စာသင်ကျောင်းမလုံ လောက်မှု၊ ယာဉ်ကြော ပိတ်ဆို့မှု၊ လူမှုရေး ဖောက်ပြန်မှု စတဲ့ ပြဿ နာ ပေါင်းစုံကို မြို့ပေါ်မှာဖြေရှင်း နေရလို့ နယ်တွေမှာ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ဖြစ်တယ်။

မြန်မာ့ စီးပွားရေးက စိုက်ပျိုး ရေး မွေးမြူရေးကို အခြေခံရ မှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူများစု အခြေခံ လူတန်းစား ၇ဝ ရာခိုင်နှုန်းကျော် နယ်တွေမှာ နေတဲ့သူတွေ ဖြစ်တယ်။ စိုက်ပျိုး ရေး မွေးမြူရေးကို လုပ်ဖို့ အခွင့် အလမ်း ရှိတယ်။ လုပ်နိုင်စွမ်း လည်း ရှိတယ်။ မြန်မာနိုင်ငံက နေ ရောင်ခြည် အလကား ရတယ်။ ၁၂ ရာသီ စိုက်ပျိုးနိုင်တဲ့ မြေရှိတယ်။ ရေရှိတယ်။ စိုက်ပျိုးရေး မွေးမြူ ရေးကို အဓိကလုပ်ရမယ်။ ကုန် ချောထုတ်ပြီး ရောင်းချနိုင်ရမယ်။ စိုက်ပျိုးရေး မွေးမြူရေး အကောင်း ဆုံး ဈေးကွက်ကို မြန်မာက ရထား တယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက် လောက် ဈေးကွက် ကို မြန်မာက ရထားတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နဲ့ အာဆီယံနိုင်ငံ တွေပဲဖြစ်တယ်။ လူဦးရေ သန်း ပေါင်း ၃ဝဝဝ ဈေးကွက်ကို ရထား တယ်။ စိုက်ပျိုးထွက် ပစ္စည်း ဘာ ထုတ်ထုတ် ရောင်းလို့ရတယ်။ မြန် မာက ကမ္ဘာ့ဟင်းအိုး ဆောင်ပုဒ် အဖြစ် လုပ်ဆောင်ရမှာ ဖြစ်တယ်။

စိုက်ပျိုးရေး ဆိုတဲ့ နေရာမှာ စပါး၊ ပဲ၊ နှမ်း၊ ပြောင်း မဟုတ်ပါ။ အဲ့ဒါတွေက သွင်းအားစု များတယ်။ အမြတ်နည်းတယ်။ စွန့်စားမှုများ တယ်။ ဈေးကွက် မသေချာဘူး။ ဒါကြောင့်လည်း တောင်သူတွေ အကြွေးတက်နေတာ ဖြစ်တယ်။ နှစ်စဉ် ငွေချေးနေ ရတယ် ဆိုတာကို က ဝင်ငွေ ထွက်ငွေ မမျှဘူးဆိုတာ မြင်နေရတယ်။ တကယ်ဆိုရင် ငွေ ချေးစရာ မလိုအောင် လုပ်ရမယ်။ တန်ဖိုးမြင့်တာကို စိုက်ပျိုး မွေးမြူ ပြီး ရောင်းရမယ်။ တရုတ်နိုင်ငံကို နမူနာ ကြည့်နိုင်တယ်။ တန်ဖိုး မြင့်တာကို စိုက်ပြီး ရောင်းစားတယ်။ လိုအပ်တဲ့ စပါးကို အိမ်နီးနားချင်း နိုင်ငံတွေက ဝယ်စားတယ်။ နမူနာ တစ်ခု အဖြစ် ပြောရရင် တရုတ်မှာ ဈေးကောင်းရတဲ့ ကော်ဖီစေ့စိုက် တယ်။ တရုတ်တွေ သောက်ဖို့ လို အပ်တဲ့ လက်ဖက်ခြောက်ကို မြန်မာနိုင်ငံက နယ်စပ်တောင် ပေါ်မှာ စိုက်ခိုင်း ပြီးဝယ်ယူ သုံးစွဲ တယ်။ အလားတူပဲ ဈေးကောင်းရ တဲ့ သီးနှံတွေကို နိုင်ငံတကာကို ရောင်းစားနေတာ ကို တွေ့ရမှာဖြစ် ပါတယ်။

စပါးက နိုင်ငံတော် လုံခြုံရေး အတွက် အရေးကြီးတယ် ဆိုရင် တကယ် ဖြစ်ထွန်း အောင်မြင်တဲ့ မြစ်ဝကျွန်းပေါ် လို နေရာမှာသာ စိုက်ခိုင်းပါ၊ လိုအပ်တဲ့ ထောက်ပံ့ ငွေကို အပြည့်အဝ ထုတ်ပေး။ အ မြတ်ရတဲ့ ဈေးနှုန်း သတ်မှတ်ပြီး နိုင်ငံတော်က ဝယ်ပေး။ ရာသီဥတု ဖောက်ပြန်လို့ အမှန်တကယ် ပျက် စီးရင် နိုင်ငံတော်က ကျခံပေးရ မယ်။ ကျန်တဲ့ နေရာတွေမှာ တန်ဖိုး မြင့်တဲ့ သစ်သီးဝလံ ကို စိုက်ပြီး ရောင်းရမယ်။ မွေးမြူရေး ကိုလည်း ကမ္ဘာကို ဖြန့်နိုင်တဲ့ အထိ လုပ် ဆောင်နိုင်ရမယ်။ နမူနာအဖြစ် ထောက်ပြရရင် ခေတ်မီတယ် ဆို တဲ့ နိုင်ငံတွေထဲက နယူးဇီလန်၊ ဒိန်းမတ်၊ သြစတေးလျ နိုင်ငံတို့ဟာ တစ်ကမ္ဘာလုံးကို အမဲသားနဲ့ နို့ ထွက်ပစ္စည်းတွေ ရောင်းစားနေ တယ်။ သူတို့ နိုင်ငံတွေဟာ မြန်မာ နိုင်ငံလောက် ရာသီဥတု ရေမြေ အနေအထား မကောင်းဘူး။ ဒါပေ မယ့်လည်း သူတို့ နိုင်ငံက လူများစု ကျွမ်းကျင်ပြီး လုပ်နိုင်စွမ်း ရှိတာကို အစိုးရက ပံ့ပိုးကူညီ ဆောင်ရွက် ပေးပြီး စီးပွား ဖြစ်နေတာကို တွေ့ရ မှာဖြစ်ပါတယ်။

မြန်မာ စီးပွားရေး လွဲမှားမှုကြောင့် ပညာရေးပါလွဲမှားနေ

လက်ရှိ ပညာရေးက အနောက် တိုင်းပညာရေးကို အခြေခံထားတဲ့ ပညာရေး ဖြစ်နေတယ်။ ပညာရေး ဆိုတာက စီးပွားရေးကို အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်တယ်။ အ နောက်နိုင်ငံတွေ က သူတို့ နိုင်ငံရဲ့ လုပ်နိုင်စွမ်းကို အခြေခံပြီး စီးပွား ရေး မူဝါဒ ချမှတ်တယ်။ သူတို့နိုင်ငံ တွေမှာ နေရောင်ခြည် မရှိဘူး။ ၁၂ ရာသီ စိုက်ပျိုးနိုင်တဲ့ မြေမရှိဘူး၊ ရေမရှိဘူး။ ဒါကြောင့် စက်မှုစီးပွား ရေးနဲ့ ဈေးကွက် စီးပွားရေးကို အ ခြေခံတဲ့ စီးပွားရေး စီမံကိန်းကို ချ မှတ်ရတယ်။ အဲဒီ စီးပွားရေး စနစ် အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ လူသား အရင်အမြစ်တွေကို မွေး ထုတ်ဖို့ အထောက်အကူ ပြုစေတဲ့ သာသာရပ်ကို သင်ပြီး မွေးထုတ် တယ်။ သူတို့ နိုင်ငံက စီးပွားရေး အောင်မြင်အောင် လုပ်ဖို့ ယန္တရား တစ်ခုလုံး မောင်းနှင်နိုင်အောင် လူ တွေ မွေးထုတ်ပြီး လုပ်ကိုင်ရတယ်။

သူတို့  နိုင်ငံ စီးပွားရေး အတွက် လုပ်ထားတဲ့ ပညာရေးကို မြန်မာ နိုင်ငံက မိတ္တူကူးပြီး သင်နေတာ ကြောင့် လွဲမှားကုန်တယ်။ ဈေး ကွက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ တာဟာ အမြတ်ရဖို့ ဖြစ်တယ်။ ဒါ ပေမယ့် လက်ရှိပညာရေးက အရှုံး ပေါ်တဲ့ ပညာရေး ဖြစ်နေတယ်။ မူကြိုကနေ စပြီး ဘွဲ့ရဖို့အထိ အ နည်းဆုံး ၁၇ နှစ် (အခု ဆိုရင် ၁၉ နှစ်) ကြာတယ်။ ကျောင်းစထား တဲ့အချိန်ကစပြီး မုန့်ဖိုး၊ ကျောင်း သွားစရိတ် အားလုံးအတွက် ရင်း နှီးရတဲ့ငွေက အနည်းဆုံး သိန်း ၅ဝဝ အထက်မှာ ရှိတယ်။ ကျောင်း ပြီးလို့ အလုပ်ရခဲ့မယ် ဆိုရင်တောင် စရိတ်နုတ်ပြီး စုငွေ ရမယ် ဆိုရင် တောင် အနှစ် ၂ဝ လောက်မှ အ ရင်းကျေရုံ ဖြစ်မယ်။ ဘွဲ့မရဘဲ လမ်းခုလတ်မှာ ကျောင်းထွက်ရင် ၁ဝဝ ရာခိုင်နှုန်းလုံး အရှုံးပေါ် တယ်။

မြန်မာနိုင်ငံရဲ့ ရေမြေအနေ အထားနဲ့ ဈေးကွက်အရ လူများစု လုပ်နိုင်စွမ်း ရှိတဲ့ စိုက်ပျိုးရေး မွေး မြူရေးကို အခြေခံတဲ့ ပညာရေးကို သင်ကြားမယ် ဆိုရင် ၄ တန်း ကလေးက ဝင်ငွေ ရအောင် လုပ်လို့ ရတယ်။ ၄ တန်းကလေးကစပြီး ဟင်းသီးဟင်းရွက် စိုက်လို့ရတယ်။ ကြက်မွေး၊ ဘဲမွေး၊ ဝက်မွေး၊ ဆိတ် မွေးနိုင်တယ်။ ကျောင်းနေရင်း ဝင် ငွေရအောင် လုပ်လို့ ရတယ်။ အဲဒီ အခွင့်အရေးကို အနောက်နိုင်ငံ တွေမှာ မရှိဘူး။ အနောက်တိုင်း ပညာရေးက ဘွဲ့ရမှ ဝင်ငွေရမယ်။ အနောက်တိုင်း ပညာ များများသင် လေ နယ်တွေမှာ အလုပ်မရှိဘဲ မြို့ ပေါ်ကိုတက် အလုပ်လုပ် ရလေ ဖြစ်ပါတယ်။ မြို့ ပေါ်မှာ လူတွေစုပုံ ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကူး စက်ရောဂါ ပြန့်ပွားမှု၊ ဆေးရုံ၊ ဆေး ခန်း မလုံလောက်မှု၊ စာသင်ကျောင်း မလုံလောက်မှု၊ ယာဉ်ကြော ပိတ် ဆို့မှု၊ လူမှုရေး ဖောက်ပြန်မှု၊ မှုခင်း စတဲ့ ပြဿနာ ပေါင်းစုံကို မြို့ပေါ် မှာ ဖြေရှင်းနေရင်း နယ်တွေမှာ ဖွံ့ ဖြိုးရေးကို မလုပ်နိုင်ဖြစ်နေတယ်။

ဒါကြောင့် မြန်မာ့စီးပွားရေးက မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ စီးပွား ရေးစီမံကိန်းကို ချဖို့လိုတယ်။ လူ တိုင်းလုပ်နိုင်စွမ်း ရှိရမယ်။ လူတိုင်း မြင်တွေ့နိုင်ရမယ်။ တိုင်းတာလို့ ရတဲ့ စီမံကိန်းမျိုး ဖြစ်ရမယ်။ အဲ့ ဒါကတော့ လူတိုင်း လက်လှမ်းမီတဲ့ စိုက်ပျိုးရေး မွေးမြူရေး စီးပွားရေး စနစ်သာ ဖြစ်ပါတယ်။

ဝင်းမြင့် IQwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*