မောင်တောတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ တစ်ထောင်ကျော်ရှိနေ၊ လုံခြုံရေး အပြည့်အဝ ပေးထား

မောင်တောတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ တစ်ထောင်ကျော်ရှိနေ၊ လုံခြုံရေး အပြည့်အဝ ပေးထား
November 9, 2016 Asian Fame

8:25 am
မောင်တောတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ တစ်ထောင်ကျော်ရှိနေ၊ လုံခြုံရေး အပြည့်အဝ ပေးထား
In Politics

ရဲလွင်
ရခိုင်၊ နိုဝင်ဘာလ ၈

maung-daw-copy
ရခိုင်ပြည်နယ်အတွင်းရှိ အ ကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့သောနယ်မြေများအတွင်း လက် ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ တစ်ထောင်ေ ကျာ်ရှိ နေပြီး လုံခြုံရေးအပြည့်အဝပေး ထားကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၉ ရက်နေ့ က ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရဲတပ်ဖွဲ့ စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီးတွင် ယင်းဒေသရှိ စာသင်ကျောင်းများကို ပိတ်လိုက် ရပြီး ကျောင်းဆရာ၊ ဆရာမများ အခြားဒေသများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။

သို့သော် ဖြစ်စဉ်အပြီး ဒေသ အချို့ရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ စုစုပေါင်း တစ်ထောင်ကျော်ကိုပြန် လည်တာဝန်ချထားကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန် ကြီးဒေါက်တာချမ်းသာက ပြော သည်။

”ပြန်ဖွင့်လို့ရတဲ့ ကျောင်းတွေ ကိုပြန်ဖွင့်ထားပြီး ဆရာ၊ ဆရာမ တွေကို တာဝန်ချထားပါတယ်။ စာ သင်ကြားတာတွေ ပြန်လုပ်နေပါ တယ်။ လုံခြုံတဲ့နေရာတွေ ကိုပဲ တာ ဝန်ချထားတာပါ”ဟု ၄င်းက ဆို သည်။

သို့သော် မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွှတ်ကျေးရွာရှိ ဆရာ၊ ဆရာမများ မနေထိုင်သည့် အဆောင်ကို အကြမ်းဖက်သမား များက နိုဝင်ဘာ ၇ ရက်၊ ည ၇ နာရီခန့်က မီးရှို့မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ယင်းဒေသတစ်ဝိုက်ရှိ ဆရာ၊ဆရာမများမှာ မြို့ပေါ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ယနေ့ချိန်ထိ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ် ဒေသများအတွင်း နေထိုင်နေရသော ဆရာ၊ဆရာမ စုစုပေါင်း ၂၈ဝ ခန့်ရှိနေကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

”ကျွန်မတို့ ကောက်ယူထားတဲ့ စာရင်းတွေအရတော့ ၂၈ဝ လောက် ဒီပဋိပက္ခနယ်မြေထဲမှာ မလုံမခြုံ နေထိုင်နေရတယ်။ အားလုံးကတာ ဝန်ထမ်းဆောင်နေရ တာ။ သူတို့ မရှိရင်လည်း မဖြစ်ဘူးလေ။ စာ သင်ပေးနေရတာ။ သူတို့က ကျွန်မ တို့ကိုပြန်ပြောတာကတော့ လုံခြုံမှု ကင်းမဲ့နေတယ်ဆိုတာပဲ ပြောတယ်။   တာဝန်ရှိသူတွေက ဘယ်လိုပဲ လုံ ခြုံနေပါပြီပြောပြော အောက်ခြေ မှာ ခံစားနေရတဲ့သူတွေက ပိုသိ မှာပါ”ဟု ၄င်းကဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့က ဖြစ် ပွားခဲ့သောဖြစ်စဉ်သည် အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး နောက် ပိုင်း ပထမဦးဆုံးအနေဖြင့် လူမနေ တော့သည့် ဆရာ၊ ဆရာမ အဆောင် ကို မီးရှို့ခံရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ က ”လူမနေတော့တဲ့ ဆရာ၊ ဆရာမ အဆောင်ပါ။ ကျွန်တော်တို့ဘက်က ဆရာ၊ ဆရာမတွေကို သူတို့မသွား ချင်တဲ့ ရွာတွေကို မလွှတ်ထားပါ ဘူး။ အားလုံးလုံခြုံရေးကိုလည်း တပ်ရော၊ ရဲရော အပြည့်အဝပေး ထားပါတယ်။ ပြီးတော့ ပဋိပက္ခ နယ်မြေထဲမှာ ပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေမရှိပါဘူး”ဟု ဆိုသည်။

ယခု မီးရှို့ဖျက်ဆီးခံခဲ့ရသော အဆောင်ရှိသည့်  မြင်းလွှတ်ကျေး ရွာသည် မောင်တောမြို့မှ မိုင် ၂ဝ ခန့်အကွာတွင်တည်ရှိပြီး ဘင်္ဂါလီ အိမ်ခြေတစ်ထောင်ကျော်ရှိ သည့် ရွာကြီးတစ်ရွာဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*