7:14 am
စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၈
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ဖြင့် တရားစွဲခံထားရသည့် NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုး ရန်နောင်သိမ်းဖြစ်စဉ်ကို NLD အ နေဖြင့် ဝင်ရောက်စွက် ဖက်မည် မဟုတ်ကြောင်း အဆိုပါပါတီမှဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ကို အသရေဖျက်သည့်စာသား များ လူမှုကွန်ရက်ပေါ်တွင် ရေးသား ခဲ့သည်ဟုဆိုကာ ဦးမျိုးရန်နောင် သိမ်းအား အောက် တိုဘာလ ၃၁ ရက်နေ့က လှိုင်မြို့နယ် ရဲစခန်း၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ် မှူးကြီးလင်းထွန်းက တရားလိုပြု လုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ဦးဝင်းထိန်က ”ဥပဒေနဲ့လည်း ငြိတယ်။ ကိုယ့်လူမို့လို့ ဥပဒေနဲ့ မငြိဘူးလို့ ပြောလို့မရဘူး။ ဒါ ကြောင့် ဝင်စွက်ဖက်မှာလည်း မဟုတ်ဘူး ဥပဒေအတိုင်းပဲ”ဟု ဦးဝင်းထိန်က နိုဝင်ဘာလ ၈ ရက် နေ့တွင် စည်ပင်ဧည့်ရိပ်သာဝင်းအ တွင်း ပြောသည်။
NLD အနေဖြင့် အဖွဲ့အစည်း မျိုးစုံဖြင့် တည့်အောင်ပေါင်းနေချိန် တွင် ထိုသို့ပြုမူခဲ့သည့်အတွက် ပါ ဝင်ရန်မသင့်ခြင်းဖြစ်ကြောင်း ၄င်း ကပြောသည်။
”အခု မျိုးရန်နောင်သိမ်း ခံနေ ရတယ်၊ ဥပဒေနဲ့ငြိလို့။ ကိုယ်တို့ သူ့ပဲခိုင်းရတယ်၊ အားကိုးရတယ် သုတေသနတွေလုပ်နိုင်တယ်။ ဒါပေ မယ့် ဒေါ်အောင်ဆန်း စုကြည်ကနေ ပြီး အမြော်အမြင်ကြီးကြီးနဲ့ အရာ ရာ လူတိုင်းနဲ့ တည့်အောင်ပေါင်းနေ တယ်၊ တပ်နဲ့လည်း တည့်အောင် ပေါင်းနေတယ်။ ဒီကောင်က ကိုယ့် ခေါင်းဆောင်လုပ်တာမသိဘဲနဲ့ ကာ ချုပ်ကို ဆဲတယ်၊ ကလော်တုတ် တယ်၊ ရင့်ရင့်သီးသီးပြောတယ်။ အဲ့ဒါကျတော့ ဘယ်လိုလုပ်ပါလို့ရ မလဲ” ဟု ဦးဝင်းထိန် ကပြောသည်။
ဦးမျိုးရန်နောင်သိမ်းအမှုကို ပါတီအနေဖြင့် ဝန်းရံသည်ဖြစ်စေ မဝန်းရံသည်ဖြစ်စေ အဆိုပါဥပဒေ တွင် ပါရှိသော ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် ကြိုးစားသင့်ေ ကြာင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ဦးဆောင်လှုပ်ရှားမှုကော်မတီမှ မောင်ဆောင်းခက ဆိုသည်။
”အရင်တုန်းကပါတီမှာ အ ဆင့်မြင့်တာဝန်ကို ထမ်းဆောင်သူ ကို အခုလိုလုပ်တာတော့ မသင့် တော်ဘူးလို့မြင်တယ်။ ဒါပေမယ့် ဝန်းရံသည်ဖြစ်စေ၊ မဝန်းရံ သည် ဖြစ်စေ ဒီဥပဒေထဲမှာပါတဲ့ ပုဒ်မ ၆၆(ဃ)ကိုတော့ မဖြစ်မနေ ပြင် ဆင်သင့်ပါတယ်၊ ဘာလို့လဲဆို တော့ အခုဒီပုဒ်မနဲ့ အရေးယူခံရ တဲ့သူတွေက မနည်းတော့ ဘူး” ဟု ၄င်းကပြောသည်။
ပုဒ်မ ၆၆(ဃ)တွင် မည်သူမ ဆို ဆက်သွယ်ရေးကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင် အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံး ခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ် စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။