လူမျိုးရေး ဘာသာရေးနှင့် ထိလွယ် ရှလွယ် ကိစ္စရပ်များကို သတင်း ရေးသား ရာတွင် သတိထားဆောင်ရွက်ကြရန် ပြန်ကြားရေး ဝန်ကြီး မေတ္တာရပ်ခံ

လူမျိုးရေး ဘာသာရေးနှင့် ထိလွယ် ရှလွယ် ကိစ္စရပ်များကို သတင်း ရေးသား ရာတွင် သတိထားဆောင်ရွက်ကြရန် ပြန်ကြားရေး ဝန်ကြီး မေတ္တာရပ်ခံ
November 9, 2016 Asian Fame

8:55 am
လူမျိုးရေး ဘာသာရေးနှင့် ထိလွယ် ရှလွယ် ကိစ္စရပ်များကို သတင်း ရေးသား ရာတွင် သတိထားဆောင်ရွက်ကြရန် ပြန်ကြားရေး ဝန်ကြီး မေတ္တာရပ်ခံ
In Local

phay-myint-copy

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၇

လူမျိုးရေး၊ ဘာသာရေးနှင့် ထိလွယ်ရှလွယ်ကိစ္စရပ်များကိုသတင်းရေးသားရာတွင်သတိထား ဆောင်ရွက်ကြ ရန် မေတ္တာရပ်ခံ ကြောင်းပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပဉ္စမအကြိမ်မြောက် မြန်မာမီဒီယာ ဖွံ့ဖြိုးရေးညီလာခံတွင် ပြောကြား ခဲ့သည်။

”ပြဿနာဖြစ်နေတဲ့နေရာမှာ သတင်းသည် အတည်ပြုဖို့ခက်ခဲ သေးတဲ့အခြေအနေမျိုးမှာ သတင်းသမားအနေနဲ့လည်း အများပြည်သူ ကိုအသိပေး ဖို့ လိုအပ်တဲ့ အတွက် ကြောင့် မိမိတို့ရရှိတဲ့သတင်းကို ရသလောက်နဲ့ပေးလိုက်တဲ့အခါ မှာ မိမိရဲ့သတင်းကိုတော့ အခြေ အမြစ် ရှိ မရှိအတတ်နိုင်ဆုံးလေ့လာ ဆန်းစစ်ကြဖို့ ပြောကြားလိုပါတယ်” ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

ပဉ္စမအကြိမ်မြောက် မြန်မာ မီဒီယာဖွံ့ဖြိုးရေးညီလာခံကို ရန်ကုန် မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ကျင်းပပြု လုပ်ခဲ့ပြီး ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ် ရာ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် က အဖွင့်အမှာစကားပြောကြား ပေးခဲ့သည်။

သတင်းသမားများအနေဖြင့် သတင်းဦး ရရှိရေးသည် အလွန် အရေးထားသော   ကိစ္စဖြစ်သော် လည်း မခိုင်လုံသော အကြောင်း အရာများကို သတင်းလုပ် ရေး သားမိပါက လွဲမှားမှုများဖြစ်စေ နိုင်ကြောင်း၊ အများစုကို မဆိုလို ကြောင်း ဦးဖေမြင့်က ပြောသည်။

”တချို့သတင်းတွေကအချက် အလက် မခိုင်မာဘဲနဲ့ အများစိတ် ဝင်စားမယ့် ခေါင်းစဉ်ကြီးတွေ တပ်ပြီးရေးလိုက်လို့ အများပြည်သူ ကြားထဲ ပျံ့နှံ့သွားတဲ့အခါမှာ မမှန်တဲ့အသိတွေရသွားနိုင်ပါတယ်။ များမကြာမီကဖြစ်သွားတဲ့ ကိစ္စ ရပ်များနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ ခိုင်မာမှု ရှိ မရှိ စိစစ်ဖို့လိုအပ်ကြောင်း ထင်ရှားနေ တဲ့ ခိုင်မာမှု ရှိ၊ မရှိ အတည်ပြု မပြုဘဲနဲ့ ရေးသားဖော်ပြခဲ့တာတွေ တော်တော်များများလေးတွေ့ရပါ တယ်”ဟု ၄င်းကဆက်ပြောသည်။

မြန်မာမီဒီယာဖွံ့ဖြိုးရေးညီလာ ခံကို ”ဒီမိုကရေစီသစ်အတွက် အားလုံးပါဝင်သည့် လွတ်လပ်သော မီဒီယာ” ဟူသောဆောင်ပုဒ်ဖြင့် ယခုနှစ်ကျင်းပခြင်းဖြစ်ပြီး မီဒီယာ လောကနှင့်သက်ဆိုင်သော ပြုပြင် ရန်ကျန်ရှိနေသေးသော ဥပဒေများ၊ နည်းဥပဒေများ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဆွေးနွေးသွား မည်ဖြစ်ေ ကြာင်းသိရသည်။ မြန်မာ မီဒီယာဖွံ့ဖြိုးရေး ညီလာခံကို ၂ဝ၁၂ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့ သော အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းဌာနအချို့၏ ရေးသားဖော်ပြမှုများမှာ ခိုင်မာမှု မရှိသော သတင်းရင်းမြစ်များကို အခြေပြု၍ရေးသားဖော်ပြထားခြင်း ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၄င်း၏လူမှုကွန်ရက်  စာမျက်နှာပေါ်တွင် အောက်တိုဘာ လ ၂၈ ရက်နေ့ကရေးသားဖော်ပြ ထားသည်ကို တွေ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*