ဘယ်အထိုင်ပေါ်မှ ကြည့်မြင် ယူကြသည် ဖြစ်စေ

ဘယ်အထိုင်ပေါ်မှ ကြည့်မြင် ယူကြသည် ဖြစ်စေ
November 9, 2016 Asian Fame

7:16 am
ဘယ်အထိုင်ပေါ်မှ ကြည့်မြင် ယူကြသည် ဖြစ်စေ
In Articles

americanယခု ဆောင်းပါးဖတ်နေကြမည့် ဂျာနယ် ထွက်ချိန်က အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပြီး နောက် တစ်နေ့ဖြစ်သည်။ ဘယ်သူ နိုင်သွားပြီ၊ အသာစီး ရနေပြီ၊ သေချာပြီဟူ သော သတင်းတွေပင် သိကောင်း သိနေကြ ချိန်ဖြစ်လောက်ပါပြီ။ မြန်မာ အပါအဝင် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြပြီး ဟီလာရီကလင်တန် ဘက် အ လေးပိုသာနေကြသည်ဟု ယူဆနိုင်ပါ၏။ ကမ္ဘာ့စီးပွားရေး၊ စစ်အင်အား၊ အရန်ငွေ ကြေးပမာဏ၊ စက်မှုနှင့် ဝန်ဆောင်မှု၊ ဖန် တီး တီထွင်မှုနှင့် ဖျော်ဖြေရေး စသည်တို့၏ နံပါတ်တစ် ထိပ်သီး စူပါပါဝါနိုင်ငံကို သက် တမ်း ကုန်ဆုံးပြီဖြစ်သည့် အိုဘားမားလက် မှ လွှဲပြောင်းဆက်ခံ ဦးဆောင် ကိုင်တွယ် မည့်သူ ရွေးချယ်ပွဲဖြစ်၍ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အလွှာ အသီးသီးကနိုင်ငံ အားလုံး(အားလုံးပဲ ဆိုကြပါစို့၊ အလယ်အာ ဖရိကလို စားစရာနှင့် ရေတစ်ခွက် အတွက် သာ မျှော်လင့်ရပ်တည် အသက်ဆက်နေရ သူတွေ များလှသည့် နိုင်ငံမျိုးမှာတောင် အနည်းငယ်မျှသော ပညာတတ်တချို့၊ အ လတ်စား ကုန်သွယ်စီးပွား သမားတို့နှင့် နိုင်ငံရေး နယ်ပယ်က လူတွေ စိတ်ဝင်စား ကြပါလိမ့်မည်။ တိုက်ရိုက် သို့မဟုတ် တစ် ဆင့်ခံ ပတ်သက်နေမှုတွေ ရှိမှာ သေချာ၍ ပင်။ ထို့ကြောင့် နိုင်ငံ အားလုံးဟုပဲ ဆိုကြ မည်။) စောင့်ကြည့်နေကြပါ၏။ တခြားတ ခြားသော နိုင်ငံတွေနှင့် မပတ်သက်ဘဲ နေ လို့ရချင်ရမည်။ ယူအက်စ်နှင့် မပတ်သက်၊ မသက်ဆိုင်ဟု ယတိပြတ် ပြောနိုင်သည့် နိုင်ငံ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှာ တစ် နိုင်ငံမျှရှိမှာ မဟုတ်။ အနည်းဆုံး ကိုယ့်ကို လွှမ်းမိုးနေသော၊ ထိတွေ့ဆက်ဆံနေရသော နိုင်ငံတို့နှင့် ချိတ်ဆက်ပြီး သွယ်ဝိုက်သက် ဆိုင်နေကြရမည်ပင်။ ဘေးပတ်ဝန်းကျင် မှာ ပါဝါကြီး လတ်ငယ်နှင့် ထွန်းသစ်စနိုင်ငံ ရေး၊ စီးပွားရေး နိုင်ငံများရှိလျှင် ပို၍တောင် ပတ်သက်၊ သက်ဆိုင်နေပါလိမ့်ဦးမည်။

အမေရိကန် ပြည်ထောင်စုကို ယနေ့ ထိ ကမ္ဘာ့ တစ်ဦးတည်းသော စူပါပါဝါဟု သတ်မှတ်နေကြရ ဆဲဆိုသော အချက်၌ ပါ ဝါအပျော့၊ ပါဝါအမာတွေ အပြင် စမတ်ပါ ဝါကိုပါ လိုသလိုပြောင်းလဲ သုံးစွဲနိုင်ခြင်းက ထိပ်ပိုင်းနားမှာ ပါဝင်ပါသည်။ ဥရောပ သမဂ္ဂ၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ် တစ်နိုင်ငံ ချင်းစီ ဖြစ်စေ၊ အားလုံး စုစည်း ထားသည် ဖြစ်စေ)၊ တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီး တို့မှာ ဘယ်သူမှ ပါဝါ သုံးမျိုးစလုံး လှည့်ပတ် ပြောင်းလဲ ကစားနိုင် စွမ်းမရှိ၊ မရှိ သေး၊ မရှိကြသေးပါ။ အင်္ဂလန်ပြန်ခွဲ ထွက် သွားပြီး ဥရောပ သမဂ္ဂလည်း နောက်ထပ် အကျပ် အတည်း ပြဿနာပေါင်း သောင်း ခြောက်ထောင်နှင့်မို့ ၂ဝ၁၆ ကို ‘ဥရောပ အကျအလှည့်လား’ ဟုပင် မေးခွန်းထုတ် လာနေကြ၊ ခေါင်းစဉ် တပ်ဖော်ပြနေကြတာ တွေ မနည်းတော့။ အမှန်ကတော့ ယခုနှစ် ပိုင်းတချို့မှာ ယူအက်စ်သည် လည်း အ ထွေထွေ၊ အရပ်ရပ် ခြုံငုံကြည့်လျှင် အကျ ဘက်ယိမ်းသော အညွှန်းကိန်းတွေ၊ မျဉ်း ကွေးမျဉ်းစောင်း၊ မျဉ်းမတ် ဂရပ်ဖ်တွေ ပိုများသည့်ဘက် ရောက်နေပါ၏။

ဆိုတော့ကာ ထိုစူပါပါဝါနှင့် မပတ် သက်၍ ဘယ်လိုမှမရသော ကမ္ဘာ့နိုင်ငံကြီး လတ်ငယ် အားလုံး လာမည့်အမေရိကန် သမ္မတ သစ်ကို ခန့်မှန်းစောင့်ကြည့်နေကြ တာ မဆန်းလှတော့။ ယခုပဲရေးနေ၊ ပြော နေရင်း ယခုအပတ်ထုတ် အီကောနောမစ် မဂ္ဂဇင်း အီးမေးလ် ကတစ်ဆင့် ရောက်လာ သည်။ ခပ်ရှင်းရှင်းပဲ မျက်နှာဖုံးတင်ထား၏။ အမေရိက၏ အကောင်းဆုံး မျှော်လင့်ချက် ပါတဲ့။ အကျ ဘက်ရောက်နေသော ယူအက်စ် အတွက် ဟီလာရီကလင်တန်သာ မဲပေးဖို့ ရှိသည်ဟု တည့်တည့် မပြောရုံတမယ် သာ ဖြစ်၏။ ထောက်ပြဝေဖန်ချက်တွေအရ မ ကြိုက်၊ သို့သော် ရှိသည့်ထဲက ပိုကောင်း တာပဲ ရွေးဆိုသည့် သဘော။

ဤဂျာနယ်ထွက်ရက်မှာ သူတို့မဲတွေ ရေတွက်နေလောက်ဆဲ အချိန်ဖြစ်ပါမည်။ မြန်မာအချိန် ညဦးပိုင်းလောက်မှ သိကြရ မည်ဟု ယူဆပြီး ဒါလေးလည်း ထည့်ရေး ဖြစ်လိုက်၏။

ဘယ်သူ တက်လာသည်ဖြစ်စေ

အီကောနောမစ် မဂ္ဂဇင်းပဲလား ဆိုတော့ မဟုတ်ပါ။ နာမည်ကြီး နယူးယောက် တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ ဝေါစထရိဂျာနယ်၊ ဖိုင်နယ် ရှင်တိုင်းမ်တို့အပြင် သတင်း အေဂျင်စီများ တင်မက ပါတီစွဲ၊ ဘက်စွဲမရှိလှသော အင် စတီကျုများ၊ ကမ္ဘာကျော် ဥာဏ်ကြီးရှင် သင့်ခ်တင့်ခ်များကပင် ဟီလာရီကလင် တန်ဘက် အလေး သာစေလိုနေကြပါသည်။ CFR နှင့် ဘရုတ်ကင်းစ် အင်စတီကျုတွေက Blog များမှာတော့ ယခု စာရေးနေချိန် တနင်္ဂနွေ ညနက်ပိုင်းအထိ တက်လာနေ သော သတင်းတွေ၊ သုံးသပ်ချက်နှင့် ဟော ကိန်းတွေကို လျစ်လျူရှုပြီး ဘယ်သူတက် လာလာ ‘မနက်ဖြန်၊ အနာဂတ် အမေရိက နှင့်ကမ္ဘာ’ အကြောင်းအရာများ ချင့်ချင့်ချိန် ချိန် ဆက်စပ် ဆွဲထုတ်နှိုင်းယှဉ်ပြနေပါ၏။

ဥပမာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျ ဆင်းနေမှု၊ အမေရိကန် ပုံစံ ဖရီးထရိတ်ခေါ် လွတ်လပ်စွာ ကုန်သွယ်ရေး ဆက်အလုပ် ဖြစ်၊မဖြစ်၊ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲ၊ ကမ္ဘာလုံး ပူနွေးမှုနှင့် သဘာဝဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များ အပေါ် ဦးဆောင်မှု၊ ဒါတွေ အပြင် ပါဝါ အမာ ထဲက ကမ္ဘာ့စစ် ရေးချိန်ခွင်လျှာ ဘယ်လို ထိန်းသိမ်းမည်လဲ စသဖြင့် မေးခွန်းတွေ ရှိသည်။ အခြားတစ် ဖက်မှာ ကတော့ တိုက်ရိုက်ကြီး မဟုတ် လျှင် တောင် ကမ္ဘာကို အရိပ်မိုးထားနိုင်နေသေး ဆဲ အမေရိကန် ပြည်တွင်း ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာတွေ ရှိနေပါ၏။ တရားရေး ကိစ္စ မှာ လွှတ်တော်နှင့် တရားရုံးချုပ် အားပြိုင်မှု ကိစ္စမျိုးက ထင်ရှားသည်။ ဘဏ္ဍာရေး ဆိုင် ရာ၌ ကမ္ဘာ့အင်အား အကောင်းဆုံးငွေကြေး မူဝါဒနှင့် ဒေါ်လာ ဈေးကွက် ယိုယွင်းမှု (လို အပ်သည်ထက် ယူအက်စ်ဒေါ်လာ ကမ္ဘာ ဖြန့်ပြန့်ကြဲ ထွက်နေခြင်း) မျိုးကိုလည်း သာ ဓကပြ၍ ရနေသည်။ အခြေခံ ပညာရေး မူဝါဒတွေ၊ အခြေခံ အဆောက်အအုံပြုပြင် ပြောင်းလဲရေးနှင့် အလုပ်သမား၊ အလုပ်အ ကိုင် အခွင့် အလမ်းနှင့် လုပ်အား ဈေးကွက် ချိန်ခွင်လျှာ မျှခြေကိစ္စရပ် အထွေထွေမှာ လည်း ယူအက်စ် မော်ဒယ်ယိမ်းယိုင်နေမှု က တရုတ်ပင် မခံနိုင်။ တတိယ ကမ္ဘာ့နိုင်ငံ များနှင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လည်း မူဝါဒပိုင်း ဆိုင်ရာ ထွေပြားတွေဝေ မှုများ ဖြစ်ပေါ်သက်ရောက်နေ စေပြန်၏။ အင်စတီကျူးရှင်း ဆိုင်ရာ တည်ဆောက်ပုံ၊ ချဉ်းကပ်ပုံ၊ အလုပ်လုပ် ပုံတွေမှာ အမေရိ ကန်ပုံစံနှင့် ထပ်တူလုနီးပါး ကျကျ လုပ်နေ ကြသော ကမ္ဘာ့နိုင်ငံ ၇ဝ ကျော် ရှိနေသော အလုပ်သမား ဈေးကွက်၊ လုပ်အားနှင့် အ ရင်းမျှခြေ၊ တောင်းဆိုအားနှင့် ဖြည့်တင်း မှု ချိန်ခွင်လျှာများ လှုပ်ခါ ယိမ်းထိုးခြင်းတို့ က တဖြည်းဖြည်း ထင်ရှားလာနေခဲ့တာ ဆယ်စု ၂ စုကျော် လာပြီဖြစ်၏။ ဖူကူယား မားကြီးလို နီယိုကွန် တစ်ဦးကပင် ဒါကို ကမ္ဘာအတွက် အထူးပြု ထောက်ပြထား၏။ ထိုအကြောင်း စာရေးသူ ခြောက်ပတ်ဆက် တိုက် ဤပေါ်ပြူလာ နယူးစ် ဂျာနယ်မှာ ပင် ရေးသားခဲ့သော ‘အမေရိကန် နိုင်ငံရေး ဆွေးမြည့်မှုလား၊ အသစ်တဖန်လား’ (ဖူကူ ယားမား ပြောသော ၂ဝ၁၆ ရွေးကောက်ပွဲ အဓိပ္ပာယ်) အခန်းဆက် ဆောင်းပါးရှည် ကြီး၌ အတော် ထည့်သွင်း ဖော်ပြကောက် နုတ် ဆွေးနွေးခဲ့ ဖြစ်ပါသေးသည်။

နောက်တစ်ဖက် ၌တော့ ပထဝီနိုင်ငံ ရေး အနေအထား ဘက်မှ ဆက်ကြည့်မြင် သုံးသပ်ကြ ရတော့မည် ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ ပထဝီနိုင်ငံရေး အရ အရေး အပါဆုံး ဒေသသုံးခုကို အစဉ်လိုက် ကြည့်လျှင် ယမ်း အိုးကြီး အရှေ့အလယ်ပိုင်း ဒေသ၊ အာဆီ ယံနှင့် တောင်တရုတ် ပင်လယ် တို့ကို ရှေ့ ထားပြီးပြောရသည့် အရှေ့ အာရှ၊ အရှေ့ တောင်အာရှ အပါအဝင် အာရှဘက်ခြမ်း ပစိဖိတ်ဒေသ၊ ရုရှားနှင့် အရှေ့ဥရောပအ ကြားမှ ယူရေးရှားဒေသ တို့ဖြစ်ကြသည်။ ထိုဒေသကြီး သုံးခုစလုံး ယူအက်စ်နှင့် လုံး လုံးလျားလျား သက်ဆိုင်နေပါ၏။ အရှေ့ အလယ်ပိုင်း သည် ရေနံနှင့် စွမ်းအင်ရင်း မြစ်ကို ကျောရိုးပြု ထားပြီး ယူအက်စ်၏ မ ဟာဗျူဟာ မိတ်ဖက် အစ္စရေး၊ ဆော်ဒီအာ ရေဗျတို့ ရှိ၏။ အကြမ်းဖက်ဝါဒ တိုက်ဖျက် ရေးစစ်ပွဲ စစ်ခေါင်းဆောင် အမေရိကန်အ တွက် ငါးရှဥ့် တစ်ကောင်လို ချော်ထွက်နေ သောဒေသ ဖြစ်သလို ကမ္ဘာ့ ဒီမိုကရက် တိုက် ဇေးရှင်းဦးဆောင်သူ အဖြစ် ထိုဒေသ၌ ဒီမို ကရေစီ အခြေချနိုင်ရေး တာဝန်လည်း ယူ ထားပြန်သော်ငြား ယနေ့တိုင် မရေရာ။ အာ ဆီယံကတော့ ရေရှည် မဟာဗျူဟာမြောက် မိတ်ဖက်ဖွဲ့ရေး နိုင်ငံခြားရေး မူဝါဒအား ဖြင့် ‘ဗဟိုချက်မဏ္ဍိုင် အာရှသို့ ဦးတည် ခြင်း’ အပြင် တရုတ်၏ စီးပွားရေး ထင်ရာ စိုင်းခွင့်ရှိနေမှု အပေါ်ကန့်သတ်ရန်၊ တရုတ် စစ်ရေး ချဲ့ထွင်လာမှုများက အာဆီယံကို ရော ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား ကဲ့ သို့ ယူအက်စ် အဓိကမဟာမိတ် အရှေ့အာရှ အုပ်စုကို သက်ရောက်နေခြင်း အပေါ် ကန့် သတ်ရန်၊ အာရှပစိဖိတ် ဦးဆောင်သူ အ ခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းရေးနှင့် ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေး၊ သံခင်း တမန်ခင်းကစားကွက်များ ဆက်ဦးဆောင် နိုင်ရေး စသည့် အချက်များ အဓိက ကျနေ ၏။ ယူရေးရှား (Eurosia) ဒေသကတော့ စစ်အေး ခေတ်ပြိုင်ဘက် ဦးခေါင်းနှစ်လုံး လင်းယုန်ကြီး ရုရှား ပြန်စွာလာမှု အပေါ် စိုး ရိမ်ခြင်းအပြင် အရှေ့ဥရောပ မဟာမိတ် နိုင်ငံများ (ယခင် ဆိုဗီယက်အုပ်စုဝင်) ဒီမို ကရေစီတည်ငြိမ် ရှေ့ဆက် အားကောင်းစေ ရေး၊ စွမ်းအင်(အထူးသဖြင့် ရုရှား၏ သ ဘာဝ ဓာတ်ငွေ့) လုံခြုံရေး၊ စစ်ပွဲကြီး အသွင် (ယူကရိန်း၊ ဂျော်ဂျီယာ၊ ချေချင်းညှာတို့ အ ပြင် ထိုဒေသဝန်းကျင်ရှိ ကစ္စတန်နှင့် ဆုံး သောနိုင်ငံအားလုံး နီးပါး) ဆောင်မလာစေ ရေးတို့ကြောင့် ဟုယူနိုင်ပါသည်။ မဟာမိတ် ပိုလန်မှ ဒုံးကျည်များ ဖယ်ရှားပစ် ခဲ့ပြီးပါ က ယခု ပြန်လည် ချထားရမည်ကဲ့သို့ ကြုံ နေခြင်း၊ အဓိက မဟာမိတ်အင်္ဂလန်၊ ပြင် သစ်၊ ဂျာမနီ တို့၏ အနောက် ဥရောပအပြင် နေတိုး အုပ်စုချဲ့ထွင်ရေးသည် ကျဉ်းမြောင်း ကျုံ့ဝင်လာမလို ဖြစ်နေခြင်း တို့လည်း ပါ ဝင်ပါ၏။ တူရကီ၏ အမျိုးသားရေး ဝါဒ ခေါင်းထောင်လာမှုမျိုး၊ စကင်ဒီနေဗီးယန်း တို့၏ (အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုမှု ကို ထိပါးသည်ဟု ခံ ယူထားခြင်းကြောင့်) စကားနာထိုး ဆန့်ကျင်စပြုလာခြင်းတွေက ယူအက်စ်ကို အတော် လှုပ်ခါစေသော ဖြစ် ရပ်တွေနှင့် အတူ မေးခွန်းထုတ်စရာ များ စွာရင်ဆိုင်နေဆဲ ဖြစ်စေ၏။

တကယ်တမ်း ယူကြည့်တတ်ကြသည့် ‘ဘက်’၊ သဘာဝနိယာမ

ကိုယ့်နိုင်ငံ အကျိုး စီးပွား အရေးက ထိပ်ဆုံးကပဲဖြစ်ပါ၏။ လစ်ဘရယ် ဒီမိုက ရေစီနှင့် ပိုလီ အာခီ ဒီမိုကရေစီ စာရင်း ပေါက် စီးပွားတိုးတက်ပြီး နိုင်ငံများကိုတော့ သိပ်မပြော၊ မဆိုလိုပါ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တို့ကို သယ်ပိုးကူထမ်းပေး ထားကြ၍ ဖြစ်ပါသည်။ ကျန်ကမ္ဘာ့နိုင်ငံ အများစု ကတော့ ဤဘောင်ထဲမှပဲ ကြည့် ကြရမြဲ ဖြစ်နေသေး၏။ ကိုယ့်မြန်မာလည်း အပါအဝင်ပဲဖြစ် သည်။

အထူးသဖြင့် ယူအက်စ် နိုင်ငံခြားရေး မူဝါဒမျာကို လက်ရှိထက် ပိုမိုကောင်းမွန် စေချင်ငြား မပိုလျှင်နေပါစေ၊ မလျော့သွား ပါစေနှင့်ဟူသော နိုင်ငံ အများစုမှာ အာ ဏာရှင် တစ်ပိုင်းတို့ ဖြစ်နေကြဆဲပင်။ ထူး ခြားသည်ဟု မဆိုသာ၊ ဆိုသာ နှစ်ခွအဓိ ပ္ပာယ် ထွက်နေသော တိုက်ဆိုင်ချက် တစ်ရပ် ကလည်း တရုတ် စီးပွားရေး ကြီးထွားမှုကို ဘာမျှ မပြောလိုကြသော်ငြား တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ဆိုးကျိုးများနေမှု (Impact) ကို ခံနေရခြင်း၌ သွားတူနေကြသော အာ ရှ၊ အာဖရိကနိုင်ငံများ ဖြစ်နေကြခြင်းပင်။ တရုတ်တို့၏ လုပ်နည်း လုပ်ဟန်တွေက အံ့ သြစရာတွေ ပြည့်နေ၏။ ကဲ့ရဲ့ရှုတ်ချသည် မဟုတ်ငြား ကိုယ့်နိုင်ငံ (မြန်မာ) ခံရသလို ခံနေကြရဆဲ နိုင်ငံငယ် အတော်များပြားနေ ဆဲဖြစ်၏။

အမေရိကန် ဗဟိုပြု ပြန် အားစမ်းရေး မျိုးကို ဗီယက်နမ်လို နိုင်ငံမျိုး (တရုတ်လိုပဲ ကွန်မြူနစ်တစ် ပါတီကြီးစိုးထိန်းချုပ်ငြား) ကဂျပန်နှင့် အာရှဖွံ့ဖြိုးရေး ဘက်တို့မှ တစ် ဆင့် စီးပွား တက်လာပြီး ပြန်လုပ်ပြလာနိုင် ချိန် ရောက်လာ၏။ တောင်တရုတ် ပင်လယ် ရေပိုင်နက်၊ ကျွန်းပိုင်နက် ကိစ္စများကြောင့် ဟုဆိုလျှင် ထင်ရှားသော်လည်း အာဖရိက မှ ကင်ညာ၊ တန်ဇန်းနီးယား တို့ကို ဘယ် လိုပြောမည်လဲ။

အာဆီယံ ဦးဆောင် အခန်းကဏ္ဍကို မရည်မှန်းလျှင်တောင်မှ ဤပျမ်းမျှ အဆင့် ကို ခပ်မြန်မြန်ရောက်၊ နောက်တစ်ဆင့် ကျော်လွန် တိုးတက်ချင်သည် ဆိုပါက အာ ရှ ပစိဖိတ်ကို အသေအချာ လေ့လာကြရ မည့် အနေအထားမျိုး မြန်မာရော၊ အာဆီ ယံအနိမ့်တန်း နိုင်ငံငယ်တွေပါ ရောက် ရှိနေကြပါ၏။ အများစုက ဟီလာရီကလင် တန်ကိုဖြစ်စေချင် ကြသည်မှာ ဤ နိုင်ငံ ခြားရေးမူဝါဒ ဆက်လက် ပေါ်ထွန်းရှေ့တိုး နေစေရေး အထိုင်ပေါ်မှ စဉ်းစားကြခြင်း ဖြစ်၏။ တကယ်တမ်း ကတော့ ယူအက်စ် သိပ်ပြောင်းလဲသွားဦးမည် မဟုတ်ပါ။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*