ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းဆောက်၍ ဈေးရောင်းသူများအား အရေးယူမည်

ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းဆောက်၍ ဈေးရောင်းသူများအား အရေးယူမည်
November 3, 2016 Asian Fame

5:51 am
ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းဆောက်၍ ဈေးရောင်းသူများအား အရေးယူမည်
In Travel

ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းဆောက်၍ ဈေးရောင်းသူများအား အရေးယူမည်

travel-copy

မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၂၈

ချောင်းသာကမ်းခြေ သဲသောင် ပြင်တွင် ရောင်းချနေသော ဆိုင် ခန်းများဖယ်ရှားပေးရန်နှင့် မလိုက် နာပါက နိုဝင်ဘာလမှစတင် အရေး  ယူသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနက ကြေညာချက် ထုတ်ပြန် ထားသည်။

ချောင်းသာကမ်းခြေ သန့်ရှင်း သာယာလှပစေရေးနှင့် စည်းကမ်း တကျရှိစေရန်အတွက် တားမြစ် ချက်များ ထုတ်ပြန်လိုက်ခြင်း ဖြစ် ပြီး စုစုပေါင်း တားမြစ်ချက် ၁၁ ချက် ပါဝင်သည်။

အဆိုပါ အချက်များတွင် အ များပြည်သူ အပန်းဖြေရန် သတ် မှတ်ထားသော ဧရိယာအတွင်း မြို့ နယ်စည်ပင်သာယာရေးကော်မတီ က လိုင်စင်ချမှတ်ပေးသော အုန်း ရေသောက်လုပ်ငန်း၊ စက်ဘီးငှား ခြင်းလုပ်ငန်းများမှအပ ဈေးဆိုင်တည်ရောင်းချခြင်းမပြုရန်၊ ကမ်း ခြေဧရိယာအတွင်း တာဝန်ထမ်း ဆောင်သည့် ယာဉ်မှအပ မြင်းစီး ခြင်း၊ တိရစ္ဆာန်ဖြင့်ဆွဲသောလှည်းများမောင်းနှင်ခြင်း၊ စက်တပ်ယာဉ် များ မောင်းနှင်ခြင်းမပြုရန်၊ ကမ်း ခြေဧရိယာအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ခြံခတ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အဆောက် အအုံ တိုးချဲ့ဆောက်လုပ်ခြင်းမပြု ရန် စသည်တို့ ပါဝင်ပြီး မလိုက်နာ ပါက နိုဝင်ဘာ ၁ ရက်မှစ၍ တည် ဆဲ ဥပဒေအရ အရေး  ယူမည်ဖြစ် ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း အ ဆိုပါ ကြေညာချက်ကို ထုတ်ပြန် ထားပြီး ဈေးဆိုင်များ၊ ဆိုင်ကယ် သမားများ၊ မြင်းသမားများကို အဆိုပါအချက်များနှင့် ပတ်သက် ၍ ပညာပေးမှုများ ပြုလုပ်ထား ကြောင်း ချောင်းသာကျေးရွာအုပ် ချုပ်ရေးမှူး ဦးတေဇာအောင်က
ပြောသည်။

”ကမ်းခြေမှာ ဆိုင်ခန်းတွေ ဆောက်ပြီး ညအိပ်ညနေ ဈေး ရောင်းချတာကို လုံးဝခွင့်မပြုတော့ ပါဘူး။ ဈေးသည်တွေက အရင်က   တော့ ရွှေ့ပြောင်းဈေးသည်တွေ ပေါ့။ နွေရာသီမှာရောက်လာကြ တယ်။ အဲဒီလိုရောင်းရင်းနဲ့ ကမ်း ခြေမှာ အခြေတကျနေ ထိုင်တာ တွေဖြစ်လာတယ်။ ဧည့်သည်များ ရင် များသလောက် ဈေးသည်တွေ က ကမ်းခြေကို ပြုံဆင်းလာသလို ဖြစ်နေတယ်။ ကမ်းခြေဆိုတာ အများပြည်သူ အပန်းဖြေတဲ့နေရာ လေ။ သူတို့ကိုကမ်းခြေမှာ နေရာ ချပေးဖို့ မဖြစ်နိုင်ဘူး” ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ပုသိမ်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီး မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်   နှင့် ဒေသခံများ ပါဝင်သည့် ချောင်းသာကမ်းခြေ သန့်ရှင်းသာ ယာလှပရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီက လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အ ရေးယူခြင်းကိုမူ ပုသိမ်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ဆောင်သွားမည်ဖြစ်ေ ကြာင်း  ၄င်းက ပြောသည်။

ချောင်းသာကမ်းခြေ တစ် လျှောက်တွင် ရောင်းချသောခေါင်း ရွက်ဗျပ်ထိုးဈေးသည် ၂ဝဝ ခန့်ရှိ ပြီး ဆိုင်ကယ်ကယ်ရီ ၃ဝဝ၊ မြင်း သမား ၄၁ ဦးရှိကြောင်း သိရသည်။

အများပြည်သူ အပန်းဖြေရာ နေရာဖြစ်သော်လည်း ကမ်းခြေ တစ်လျှောက် သဲသောင်ပြင်တွင် ဈေးသည်များ နေ ရာယူထားခြင်း၊ ဆိုင်ကယ်သမားများ၊ မြင်းသမား များကို ရှောင်ရှားနေရခြင်းတို့ ကြောင့် အပန်းဖြေရာ မရောက်ဘဲ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ကြောင်း
အောက်တိုဘာလအတွင်း အဆိုပါ ကမ်းခြေသို့ သွားရောက်ခဲ့သည့် ရွှေပြည်သာမြို့နယ်မှ အမျိုးသမီး တစ်ဦးက ပြောသည်။

”ဘုရားလေးကနေ ဟိုတယ် တွေဘက်ခြမ်းတော့ ရှင်းတယ်။ တည်းခိုခန်းတွေ ဘက်ကျတော့ ဆိုင်တွေက ကမ်းစပ်အထိ ခုံတွေ ခင်းပြီး နေရာယူထားတာ။ ဒီကြား ထဲ ဆိုင်ကယ်တွေ ရှောင်ရတာ တစ်မျိုး။ မြင်းစီးတာတွေကလည်း ရေစပ်အထိ ရောက်တယ်။
အေး အေးဆေးဆေးနားမယ့်လူက စိတ် အနှောင့်အယှက် ဖြစ်ရတယ်။ လမ်းလျှောက်ချင်ရင် ရေထဲဆင်း လျှောက်မှပဲ ရတော့မယ်” ဟု ၄င်း ကပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရား ဥပဒေစိုးမိုးမှု မရှိခြင်း၊ ဥပဒေဖြင့် ထိထိရောက်ရောက် အရေးမယူ ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ကမ်း ခြေ သန့်ရှင်းသာယာရေးအတွက် စည်းကမ်း မလိုက်နာမှုများကို ထိ ရောက်စွာ အရေးယူကြပ်မတ်သင့် ကြောင်း ၄င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*