အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခမဲ့ ဥပဒေအကြံပေးမည်

အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခမဲ့ ဥပဒေအကြံပေးမည်
November 3, 2016 Asian Fame

4:09 am
အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခမဲ့ ဥပဒေအကြံပေးမည်
In Bussiness

အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခမဲ့ ဥပဒေအကြံပေးမည်

မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၃၁

အသေးစား၊ အလတ်စားနှင့် တသီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းရှင်များ အတွက် အခမဲ့ဥပဒေအကြံပေးဝန် ဆောင်မှုအစီအစဉ် ကို နိုဝင်ဘာလမှ စတင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း SAGA ASIA Consulting ကုမ္ပဏီ (Japanese Law Firm) မှ သိရသည်။

အဆိုပါ အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီ မှ ညနေ ၅ နာရီ ၃ဝ မိနစ်အထိ လုပ် ဆောင်ပေးမည်ဖြစ်ပြီးSAGA ASIA Consulting Co., Ltd မှ အထက် တန်း ရှေ့နေများ၊ ဥပဒေအကြံပေး ပုဂ္ဂိုလ်များက အကြံပေး ဆွေးနွေးမည် ဖြစ်ပြီး ကြိုတင် စာရင်းပေးစနစ်ဖြင့် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ”ကျွန်မတို့ အစီအစဉ်က တော့ ကုမ္ပဏီ အကြီးကြီးတွေကို မရည်ရွယ်ပါဘူး၊ အထူးသဖြင့် အ သေးစား၊ အလတ်စားစီးပွားရေးလုပ် ငန်းရှင်တွေ၊ တစ်ပိုင်တစ်နိုင် စီးပွား ရေး လုပ်ငန်းရှင်တွေအတွက် ရည် ရွယ်တာပါ၊ သူတို့ တွေ ဥပဒေဆိုင်ရာ အကြံတွေ ရယူဖို့ အဆင်ပြေအောင် လုပ်ဆောင်ပေးတာပါ။ တစ်ဦးကို မိနစ်သုံးဆယ် အခမဲ့ဆွေးနွေးပေးမှာ ပါ” ဟု ပြော သည်။

ဆွေးနွေး တိုင်ပင်လိုသူများ သည် ဖုန်း ဝ၁ -၃၈၂၅၂၇၊ ဝ၉ ၇၉၅၅၅၅၄၆၈ သို့ဆက်သွယ် စုံ စမ်းနိုင်ပြီး လျှောက်လွှာပုံစံဖြည့် ကာ ကြိုတင် စာရင်းပေးလျှောက်ထားနိုင် ကြောင်း၊ မိနစ်သုံးဆယ် အခမဲ့ဆွေး နွေးပြီး အချိန်ပိုယူဆွေးနွေးလိုပါက မိနစ်သုံးဆယ်လျှင် ကျပ်တစ်သိန်း နှုန်းဖြင့် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*