မီးပုံးပျံ ပွဲတော် ကာလ ပြင်ဦးလွင် မြို့တွင်း လမ်းတချို့ တစ်လမ်းမောင်း သတ်မှတ်

မီးပုံးပျံ ပွဲတော် ကာလ ပြင်ဦးလွင် မြို့တွင်း လမ်းတချို့ တစ်လမ်းမောင်း သတ်မှတ်
November 3, 2016 Asian Fame

4:13 am
မီးပုံးပျံ ပွဲတော် ကာလ ပြင်ဦးလွင် မြို့တွင်း လမ်းတချို့ တစ်လမ်းမောင်း သတ်မှတ်
In Local

မီးပုံးပျံ ပွဲတော် ကာလ ပြင်ဦးလွင် မြို့တွင်း လမ်းတချို့ တစ်လမ်းမောင်း သတ်မှတ်

 (ရန်ကုန်၊ နိုဝင်ဘာ ၁ )

နှစ်စဉ် ယာဉ်ကြော ကျပ်မှု ဖြစ်ပွားခဲ့သည့် ပြင်ဦးလွင် တန် ဆောင်တိုင် မီးပုံးပျံပွဲတော် ကာလ အတွင်း ယာဉ်ကြော ပိတ်ဆို့မှု ဖြေ ရှင်းရန် မြို့တွင်းလမ်း တချို့အား တစ် လမ်းမောင်း စနစ် သတ်မှတ် သွားမည် ဖြစ်ကြောင်း အမှတ် ၉၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့ စုထံမှ သိရ သည်။

”ပွဲလာတဲ့ ယာဉ်တွေ အတွက် သီးသန့် တစ်လမ်း၊ ကုန်တင်ယာဉ် ခရီးသည်တင် ယာဉ်တွေ အတွက် တစ်လမ်း၊ အဲဒီလို သတ်မှတ်ထား မယ်။ အရင်နှစ်တွေ ကလို ယာဉ် ကြော ပိတ်ဆို့တာတွေ မဖြစ်ရ အောင်ပါ” ဟု တပ်ဖွဲ့စုမှူး ဒုရဲမှူး ဝင်းသိန်း က ပြောသည်။

ယခင်နှစ် များက ပွဲတော် ကာလ တစ်လျှောက်လုံး အထူး သဖြင့် ညပိုင်း အချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ကြုံတွေ့ခဲ့ ရပြီး ယခုနှစ်တွင် ထိုသို့ မဖြစ်စေရန် ပွဲတော် ကျင်းပရေး ကော်မတီ လမ်းညွှန်ချက်ဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

ပွဲတော် ကာလ တစ်လျှောက် လုံး ပွဲလာယာဉ်များမှအပ ကုန် တင်ယာဉ်၊ တွဲကား၊ ခရီးသည် ယာဉ် နှင့် အဝေးပြေးယာဉ်ငယ် များ အနေနှင့် မြို့ရှောင်လမ်း ကိုသာ အ သုံး ပြု ရမည် ဖြစ်ကြောင်းလည်း သိရသည်။

”ကားကြီး ကွင်းဝင်မယ့် ခရီး သည်ယာဉ်တွေ ကိုတော့ ကားကြီး ကွင်းအထိ ဝင်ခွင့်ပေး မယ်။ ပွဲ တော်လာမယ့် ယာဉ်ငယ်တွေ အ နေနဲ့လည်း မြို့တွင်းမှာ တစ်လမ်း မောင်း စနစ် လုပ်ထားတယ် ဆို တာကို ဂရုစိုက်စေ လိုပါတယ်။ ကျန်တာတွေ ကိုတော့ အနီး စခန်း အနီးက မြို့ရှောင်လမ်း ကိုပဲ အသုံးပြုခွင့် ပေးသွားမှာပါ”ဟုလည်း ၄င်းက ဆို သည်။

ယာဉ်စည်းကမ်း လမ်းစည်း ကမ်း စနစ်တကျ လိုက်နာကြရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တိုက်တွန်း ထားပြီး အရက်သေစာသောက်စား မောင်နှင်ခြင်း ၊ ယာဉ်မောင်းနေစဉ်
ဖုန်းပြောခြင်း၊ ခါးပတ်ပတ် မထား ခြင်း၊ ဆိုင်ကယ် မောင်းနှင်နေစဉ် ဦးထုပ် ဆောင်း မ ထားခြင်း တို့အား စစ်ဆေးတွေ့ရှိ ပါက ထုတ်ပြန်ထား သည့် ဥပဒေ အတိုင်း အရေး ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*