အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်း နှင့် တွေ့ဆုံ မေးမြန်းခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်း နှင့် တွေ့ဆုံ မေးမြန်းခြင်း
November 3, 2016 Asian Fame

3:59 am
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်း နှင့် တွေ့ဆုံ မေးမြန်းခြင်း
In Labour

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်း နှင့် တွေ့ဆုံ မေးမြန်းခြင်း

123

ရဲလွင် မေးမြန်းသည်။

မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကတော့ လာမယ့်နှစ်ကစပြီး
Job Passport (JP) နဲ့ သွားရောက် ရတော့မှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲလိုက်တဲ့ ကိစ္စ နဲ့ပတ်သက်ပြီးJob passport(JP)  ရရှိဖို့၊ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပြောင်းလဲလိုက်ခြင်းရဲ့ အကျိုးဆက် စတာတွေကို တိတိကျကျသိရဖို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှ င် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းကို ပေါ်ပြူလာနယူးစ် က ဆက် သွယ် မေးမြန်းထားပါတယ်။

►JP နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြန်ကြား ရေးကနေ ထုတ်ပြန်ထားတာ တွေ့ရပါတယ် ခင်ဗျာ။ ဒါပေမယ့် အသေးစိတ်အချက်အ လက်တွေကို ပြည်သူတွေသိအောင် ရှင်းပြ ပေးပါဦး။

ဒီ JP က ဟိုးအရင်ကတည်းက လုပ်နေ တဲ့ကိစ္စပါ။ ဒါပေမယ့် သိပ်ပြီး မတွင်ကျယ် တာပါ။ အခုကတော့ သေသေချာချာလေး လုပ်ဖို့ပါ။ ရိုးရိုးပတ်စ်ပို့နဲ့ပဲ သွားနေတော့ လူကုန်ကူးခံရတာတွေ၊ ကြားပွဲစားကိစ္စတွေ ဖြစ်လာတဲ့အခါကျတော့ ဒါတွေကို ပပျောက်
သွားစေချင်တာလည်းပါပါတယ်။ JP က ပြည်ပကို ရောက်ပြီးသားလူတွေအတွက်က တော့ စိုးရိမ်စရာမရှိပါဘူး။ လက်ရှိနိုင်ငံထဲ ကနေ ပြည်ပကို ထွက်မယ့်သူတွေက လမ်း ကြောင်းနှစ်ကြောင်းရှိပါတယ်။ ပထမတစ် ကြောင်းက လိုင်စင်ရ အေဂျင်စီတွေကနေ တစ်ဆင့် ထွက်တာပါ။ တစ်ဖက်နိုင်ငံကနေ အလုပ်သမားခေါ်စာနဲ့ အလုပ်သမားရဲ့ ကိုယ် ရေးအချက်အလက်တွေ ပေါင်းပြီး ပတ်စ်ပို့ ရုံးမှာလာလျှောက်တာပါ။ နောက်တစ်နည်း ကတော့ ကျွန်တော်တို့ဌာနကနေ ထောက်ခံ စာယူပြီး လျှောက်တာပါ။ အလုပ်သမား ခေါ် စာကတော့ပါရမယ်ပေါ့ဗျာ။ ကိုယ်ရေးအ ချက်အလက်တွေလည်း ပါရမယ်။ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကနေစပါပြီ။

►ဇန်နဝါရီ ၁ ရက်နေ့ စပြီးဆိုတော့ နောက် ပိုင်းကိုJP  နဲ့မဟုတ်ရင် အလုပ်သွားလုပ်ခွင့် မရရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးလားခင်ဗျ။

ဇန်နဝါရီလ ၁ ရက်နေ့မှာ စမယ်ဆိုပေ မယ့်JP လုပ်ရင်းတန်းလန်းနဲ့ မထွက်ဖြစ်သေး တာတွေအတွက် ခြောက်လပိုင်းအထိ အ ချိန်ပေးထားပါမယ်။ အဲ့ဒီကြားကာလမှာ ရိုးရိုးပတ်စ်ပို့ရှိနေရင် ကျွန်တော်တို့ဌာနမှာ Smart Card (ပြည်ပအလုပ်အကိုင် သက်သေ
ခံကတ်ပြား) နဲ့ လာလျှောက်လို့ ရပါတယ်။ ခြောက်လပိုင်းအထိ ခွင့်ပြုပေးထားမှာပါ။

►ပြည်ပရောက်ပြီးသား လုပ်သားတွေအတွက် ရော ဘယ်လိုစီစဉ်ပေးထားသလဲခင်ဗျ။

အခု JP က ပြည်ပရောက်ပြီးသား လူတွေ ကတော့ သက်ဆိုင်ရာသံရုံးတွေမှာ လိုအပ်တဲ့ အထောက်အထားတွေပြပြီးJP လုပ်လို့ရပါ တယ်။ ဒါကိုတော့ ခုလောလောဆယ် မရ သေးဘူး။ စီစဉ်စရာရှိတာတွေ စီစဉ်ရဦးမှာ ဆိုတော့ နောက်လ လဆန်းလောက်မှရ မယ်။ တကယ်လို့ လိုအပ်တဲ့ အထောက်အ ထားတွေ မရှိတဲ့သူတွေကတော့ ကိုယ့်နိုင်ငံ ကိုယ် ပြန်လာပြီးJP ပြန်လာလုပ်ပြီးမှ ပြန် ထွက်ရ မယ်။  သက်တမ်းကတော့ ရိုးရိုး ပတ်စ် ပို့ သက်တမ်းအတိုင်းပါပဲ ။ ဟိုဘက်နိုင်ငံမှာ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် အရ
စာချုပ်ထဲမှာပါတဲ့Work Permit အ တိုင်း သက်တမ်းဖြစ်မှာပါ။

►အခုလို ပြောင်းလဲလိုက်တဲ့အတွက် အကျိုး ကျေးဇူးအနေနဲ့ ဘာတွေရရှိမယ်လို့ မျှော်လင့် ထားပါသလဲခင်ဗျာ။

အဓိကကတော့ လူကုန်ကူးခံရတဲ့ကိစ္စ တွေနဲ့ ပွဲစားတွေကြားက ခေါင်းပုံဖြတ်တဲ့ ကိစ္စကို ပပျောက်စေချင်လို့ပါ။ အဓိကကတော့ ဒါပါပဲ။ လူကုန်ကူးခံရတာတွေ ပွဲစားကြား ဝင်လို့ အလုပ်သမားတွေနစ်နာတာတွေ တဖြည်းဖြည်း ပျောက်သွားမှာပါ။

► ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*