မန္တလေးတွင် မူးယစ် ရမ်းကားသူများက ရဲများကို ဝိုင်းရိုက်

မန္တလေးတွင် မူးယစ် ရမ်းကားသူများက ရဲများကို ဝိုင်းရိုက်
November 3, 2016 Asian Fame

4:58 am
မန္တလေးတွင် မူးယစ် ရမ်းကားသူများက ရဲများကို ဝိုင်းရိုက်
In Crime

mdy-2

(မန္တလေး၊ နိုဝင်ဘာ ၁)

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်တွင် မူးယစ်ရမ်းကား သူများက ရဲတပ်ဖွဲ့ဝင် များအား ဝိုင်းဝန်း ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။  အဆိုပါ ဖြစ်စဉ် သည် အောက်တိုဘာ ၃၁ ရက် ည ၁ဝ နာရီခန့်က ချမ်းအေးသာစံ မြို့နယ်၊ ပြည် ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ၈၆ လမ်း၊ ၂၉ လမ်းနှင့် လမ်း၃ဝ ကြားတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။  အမည်မသိ အမျိုးသား ၈ ဦးက လမ်းမပေါ် မူးယစ်ရမ်းကား ဆဲဆိုနေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထင်၏ ဖုန်းဆက် အကြောင်းကြား ချက် အရ ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ဖြေရှင်းပေးစဉ် မူးယစ်ရမ်းကား သူများက ဆဲဆိုကြိမ်း မောင်းကာ ဝိုင်းရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ် ဖက် ပြဿနာ ဖြစ်နေစဉ် အမှတ် ၆ နယ်မြေရဲ စခန်းမှ အကူ အဖွဲ့ရောက်လာပြီး မူးယစ် ရမ်းကား သူ ၈ ဦးအား ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။  ရမ်းကား သူများ၏  ဝိုင်းရိုက် ခံရမှုကြောင့် ဒုရဲအုပ် နေလင်းဦးနှင့်   ရဲတပ်သား အောင်ကျော်မင်း တို့ နှစ်ဦး ဦးခေါင်းပေါက် ဒဏ်ရာ၊ ယာ လက်ဖျံ ဝဲဘက်လက်မောင်း၊ ဦးခေါင်းနောက်စေ့  ဖူးရောင် ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးပြည် သူ့ ဆေးရုံကြီး ပြင်ပ လူနာ ဌာနသို့ ပို့ထားကြောင်း၊ အဆိုပါ အမှုကို  ဒုရဲအုပ်နေလင်းဦး က တရားလို ပြုလုပ်ကာ တရားခံ များဖြစ်ကြသော ရှိုင်းထက်အောင် ၊ အောင်ဆန်းဦး ၊ ဇော်မင်းပြည့် အပါအဝင် ၈ ဦးကို (ပ) ၂၇၄/ ၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၃၂ /၃၃၃ တို့ဖြင့် အမှတ် (၆) နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*