5:27 am

ဒေါ် အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာများ တိုကျိုမြို့ RIHGA ROYAL ဟိုတယ်တွင် တွေ့ဆုံကြမည်
PN-002
တိုကျို၊ နိုဝင်ဘာ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်နိုင်ငံရောက် မြန်မာများ နှင့် နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ပိုင်းတွင် တို ကျိုမြို့ရှိ RIHGA ROYAL ဟိုတယ်တွင် တွေ့ဆုံ မည်ဟု သိရသည်။
ထိုသို့ တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရှိ ပြည် ထောင်စုမြန်မာနိုင်ငံသံရုံးနှင့် ‘ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်း (ဂျပန်)’ အပါအဝင် ဂျပန်ရောက်မြန်မာနိုင်ငံသား အဖွဲ့အစည်းများက လွန်ခဲ့သည့် ရက်များကတည်း က ကြိုတင်၍ နှိုးဆော်ခြင်း၊ လူစာရင်းကောက်ခံ ခြင်းများပြုလုပ်ခဲ့သည်။
တွေ့ဆုံကြမည့် မြန်မာနိုင်ငံသားဦးရေမှာ ၁ဝဝဝ ဦးထက်မနည်း ရှိနေကြောင်းသိရသည်။
ဂျပန်လူမျိုးများထဲမှ တွေ့ဆုံလိုသူတို့ရှိသော် လည်း မြန်မာသံရုံးက တက်ရောက်ခွင့်မပြုတော့ ကြောင်း သိရပါသည်။
”ကျွန်မအထင်တော့ မြန်မာလိုပဲ ဒေါ်စုက စကားပြောမှာလည်းဖြစ်တယ်၊ ပြီးတော့ မြန်မာ လူမျိုးတွေရဲ့ကိစ္စတွေကို တင်ပြ ဆွေးနွေး ရမှာက အဓိကဖြစ်နေတယ်ထင်ပါတယ်။ ဂျပန်တွေက တော့ လူမြင်ဖူးချင်တဲ့လူက များတယ်လေ။ နေရာ ကဒီမှာ အခက်အခဲရှိတယ်။ အဲဒါတွေကြောင့်ဖြစ် မှာပါ” ဟု ပါဝင်ကူညီပေးနေသူ ဂျပန်ရောက် မြန် မာနိုင်ငံသားတစ်ဦး ဖြစ်သည့် ဒေါ်မိုးမိုးအိက ပြောပါသည်။
တွေ့ဆုံခွင့်ရသူများအနေဖြင့်RIHGA ROYAL ဟိုတယ်သို့ မိမိအစီအစဉ်ဖြင့် လာကြ ရန်နှင့် ခန်းမအတွင်းတွင် ထိုင်ခုံများကို ဦးရာလူ စနစ် သတ်မှတ်ထားသဖြင့် စောစောလာကြ ရန်ကို ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်)က ထပ်မံနှိုးဆော် အသိပေးထားကာ ဟို တယ်သို့ လာရန်လမ်းညွှန်များလည်း ကြေညာထား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ၅ ရက် ကြာချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ခဲ့သည်။