လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် ဦးတင်ဦး တိုက်တွန်း

လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် ဦးတင်ဦး တိုက်တွန်း
November 2, 2016 Asian Fame

5:17 am
လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် ဦးတင်ဦး တိုက်တွန်း
In Politics

လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် ဦးတင်ဦး တိုက်တွန်း

Photo - Aung Naing Soe

Photo – Aung Naing Soe

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၁

လာမည့်ကြားဖြတ် ရွေးကောက် ပွဲကို ရာနှုန်းပြည့်အောင် မြင်ရမည် ဟူသော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး က တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး NLD ၏ ဆဋ္ဌမအကြိမ်မြောက် ခရိုင် မြို့ နယ်များစုံညီတွေ့ဆုံပွဲကို နိုဝင်ဘာ လ ၁ ရက်နေ့က တာမွေမြို့ နယ်၊Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့ ပြီး ယင်းစုံညီပွဲသို့ တက်ရောက်လာ သော ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် များနှင့် ပါတီ ဝင်များကို ထိုသို့ တိုက်တွန်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။

”အစဉ်အလာကောင်းတွေကို လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေ့ မသွားရအောင် ဆောင်ရွက်ပါ။နောက်ပြီး အဖွဲ့ချုပ်ရဲ့ကြွေးကြော် ထားတဲ့အသံရှိပါတယ်။လာမယ့် ရွေးကောက်ပွဲကိုလည်း ရာနှုန်း   ပြည့် အောင်မြင်ရမယ်ဆိုတဲ့ စိတ် ဓာတ်နဲ့လုံးပန်းရမယ်။ အားလုံး   အောင်မြင်ရမယ် ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်တာမျိုး ဖြစ်စေချင်ပါ တယ်” ဟုဦးတင်ဦးကပြောသည်။

”ပြည်သူလူထု အသည်းနာစ ရာ ပြည်သူလူထု အော့နှလုံးနာစရာ ရွံစရာ စိတ်ပျက်စရာအလုပ်များကို တစိုးတစိကလေးမျှ ပါတီဝင် များ မလုပ်မိအောင် တစ်ယောက်နဲ့တစ် ယောက်အချင်းချင်း အကြံပေး၊ သတိပေး၊ ညှိနှိုင်းဆောင်ရွက်ပေး ခြင်းတို့နဲ့ အဖွဲ့ချုပ်ရဲ့ အစဉ် အလာ ဖြစ်တဲ့အောင်မြင်ရာ အောင်မြင် ကြောင်းကို ရှေးရှုပြီးရင်းနှီးစွာပိုမို ပြီးတော့ ချမှတ်ထားတဲ့မူတွေအ တိုင်း တစ်ခဲနက် အောင်မြ င်အောင်  လုပ်ကြပါ။ လုံးပန်းကြပါ”ဟု ¤င်း က ဆက်လက်ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း ကြားဖြတ်ရွေးကောက် ပွဲကာလအတွင်း NLD ၏ဦးဆောင် မှုအောက်တွင် ကျရာအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ကြရန် `NLD ပါတီဝင်များအား တိုက်တွန်းခဲ့သေး သည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးက   ”ကျွန်တော့် အယူအဆကတော့ လာမယ့် ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲဟာ ၂ဝ၂ဝ အတွက် အကြိုအစမ်းစာမေးပွဲပဲလို့ ယူဆ ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉ဝ၊၂ဝ၁၂ နဲ့ ၂ဝ၁၅ တို့မှာ ကျွန်တော်တို့ပါတီဟာ အတိုက်အခံပါတီအနေနဲ့ ရှိခဲ့တဲ့အ တွက် ပြည်သူလူထုရဲ့ ပြောင်းလဲ ချင်တဲ့ဆန္ဒတွေ ဒီမိုကရေစီ ရရှိရေး ဆန္ဒတွေနဲ့ ကျွန်တော်တို့ပါတီဝင် တွေရဲ့ ကြိုးစားမှု၊ ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် အခုတော့ ပြည်သူက အာဏာအပ် နှင်းထားပြီးတဲ့အချိန်ဖြစ်နေပြီ ဖြစ် တဲ့အတွက် အတိုက်အခံအခြေအ နေနဲ့တော့ မတူဘူးဆိုတာသေချာ ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ပြောခဲ့တဲ့ ပါတီမျက်နှာကိုပဲကြည့် ပါ လူပုဂ္ဂိုလ်ကို မကြည့်ပါနဲ့ဆိုတဲ့ စကားက နည်းနည်းတော့ ပြောင်း လဲလာလိမ့်မယ်ထင်ပါတယ်။ ကိုယ် စားလှယ်တစ်ဦးချင်းစီရဲ့ အရည် အချင်းကို ပြည်သူဆန်းစစ်ဖို့အချိန် ရနေပါပြီ”ဟု ညီလာခံတွင် သုံး သပ်ပြောကြားခဲ့သည်။

လာမည့်ကြားဖြတ် ရွေးကောက် ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော်အတွက် ကော့ မှူး၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (အ ရှေ့)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်များပါဝင်ယှဉ်ပြိုင်သွားရမည် ဖြစ်ပြီး အမျိုးသားလွှတ်တော်အ တွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် ၆ (ကမာရွတ်၊ ကြည့် မြင်တိုင်၊ အလုံ၊ ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်နှင့် လှိုင်မြို့နယ်တို့၌ ပါဝင်ယှဉ် ပြိုင်မည်ဖြစ် သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*