ရာဇဝင်များ၏ သတို့သမီးလည်း စိုးရိမ်နေရှာမည်လား

ရာဇဝင်များ၏ သတို့သမီးလည်း စိုးရိမ်နေရှာမည်လား
November 2, 2016 Asian Fame

11:22 am
ရာဇဝင်များ၏ သတို့သမီးလည်း စိုးရိမ်နေရှာမည်လား
In Articles

ရာဇဝင်များ၏ သတို့သမီးလည်း စိုးရိမ်နေရှာမည်လား

myint-sone-afp-copy

တစ်နိုင်ငံလုံး အုတ်အော် သောင်းတင်း အကြိမ်ကြိမ်အဖန်ဖန် ကန့်ကွက်မှုများပြုလုပ်ခဲ့သည့်မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်၍ ကော်မရှင်၏အစီရင်ခံစာ ထွက်ရှိရန်ကား ရက်သတ္တတစ်ပတ် ကျော်မျှသာ အချိန်ကျန်ရှိတော့ပြီ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရ လျှင် ရာဇဝင်များ၏သတို့သမီးဟု တင်စားခေါ်ဝေါ်ထားသော မိခင် ဧရာဝတီမြစ်ကြီး၏ အနာဂတ်ကို ပြတော့မ ည့်  နိမိတ်ပေါ်ရန် ကျန်ရှိ သည့် အချိန်လည်း ဖြစ်သည်။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ် ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မ ရှင်ဖွဲ့စည်းပြီးခဲ့သည်မှာ   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တရုတ်နိုင်ငံသို့ ချစ်ကြည် ရေး ခရီးမသွားမီ ငါးရက်အလို ၂ဝ၁၆ ခုနှစ် သြဂုတ်
၁၂ ရက်နေ့ မှ ယနေ့ထိဆိုလျှင် အချိန်သုံးလ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လာမည့်နိုဝင် ဘာ ၁၁ ရက်နေ့ဆိုလျှင် စီမံကိန်း နှင့်ပတ်သက်၍ သုံးလအတွင်းစုံစမ်း ဖော်ထုတ်တွေ့ရှိချက်များ ပါဝင် သည့် အစီရင်ခံစာကို ကော်မရှင်က နိုင်ငံတော်သမ္မတထံ သို့ တင်ပြ တော့ မည်ဖြစ်သည်။

မြန်မာအစိုးရ အဆက်ဆက် ဆွေမျိုးပေါက်ဖော်အဖြစ် သတ် မှတ်ခဲ့သည့် အာရှနဂါးတရုတ်ကြီး လက်မလွှတ်နိုင်သေးသည့် မြစ်ဆုံ အရေးနှင့် ပတ်သက်လျှင် မြန်မာ ပြည်သူလူထုက တစ်ရေးနိုး ထမေး မေး၊ ကြိုက်သည့်အချိန်မေး၊ No ဟုပြောခဲ့သည်ကား ယခုမှမ ဟုတ်။ စီမံကိန်းစတင်ရန် စီစဉ်လိုက်သည့် အချိန်မှ ယနေ့ထိပင် ဖြစ်လေ၏။

သို့သော် နိုဝင်ဘာ ၁၁ ရက် နေ့တွင် ထွက်ရှိလာမည့် ကော်မ ရှင်၏ အစီရင်ခံစာသည် မြန်မာ ပြည်သူတို့၏ မျှော်လင့်ချက်နှင့် ကိုက်ညီခြင်းရှိပါ့မည်လော။

ထို့အတွက် ကော်မရှင်၏ သုံး လအတွင်း ဆောင်ရွက်ချက်အချို့ ကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ် ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ ဆိုသည်မှာ မေခမြစ်နှင့် မလိခမြစ် ဆုံရာနေရာတွင် တည်ဆောက် မည့် ရေအားလျှပ်စစ်စီမံကိန်း၊ မေခမြစ် ပေါ်တွင်တည်ဆောက်မည့် ချီဗွေ၊ ဝူစုပ်၊ ဖီဆော၊ ခေါင်လံဖူး၊ ရေနမ် စသည့် ရေအားလျှပ် စစ်စီမံကိန်း ငါးခု၊ မလိခမြစ်ပေါ်တွင် တည် ဆောက်မည့် လာဇာရေအားလျှပ် စစ်စီမံကိန်းတစ်ခု စုစုပေါင်းရေအား လျှပ်စစ်စီမံကိန်း ငါးခုကို ခေါ်ဝေါ် ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင်ပြီးလွှတ် တော်ကိုယ်စားလှယ်များနှင့် ပညာ ရှင် ၂ဝ ဖြင့် ဖွဲ့ထားသည့်ေ က်ာမရှင် သည် သုံးလတာကာလအတွင်း ပထမအစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပြီး  မြစ်ဆုံဒေသ သို့ သွားရောက်ခဲ့ ကာ ဒေသခံများ ၏ စကားသံကိုနားထောင်ခဲ့ကြောင်း ကြေညာခဲ့သည်။

သို့သော် အောက်ခြေတွင်   မြစ်ဆုံရေအားလျှပ်စစ်နှင့် တိုက် ရိုက် သက်ဆိုင်နေသည့် စီမံကိန်း ကြောင့် ရွှေ့ပြောင်းလိုက်ရ သည့် အောင်မြင်သာ၊ မလိယန် စသည့် ကျေးရွာများသို့ မရောက်ရှိခဲ့ကြောင်း ဆိုသော်လည်း ကော်မရှင်၏ အစီ ရင်ခံစာတွင်မူ
မြစ်ကြီးနားမြို့ပေါ် သို ခေါ်ယူကာတွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

ကော်မရှင်သည် မြစ်ဆုံဒေသ သို့သွားရောက်ခဲ့ပြီး သဘာဝပတ် ဝန်းကျင်ဆိုင်ရာကိစ္စများနှင့် အခြား ချီဖွေရေအားလျှပ်စစ်စက်ရုံကို လည်း သွားရောက်လေ့လာခဲ့သည်။ ကော် မရှင်ကို ယုံကြည်ခြင်းမရှိဟု ဒေသ ခံအချို့က ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများက မူ ရေအားလျှပ် စစ်စီမံကိန်းများကြောင့် ဧရာဝတီ မြစ်နှင့်ဆက်စပ်လျက်ရှိသည့် သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစသည့် ဘက်ပေါင်းစုံတွင် ဖြစ်ပေါ်နိုင်သော အကျိုးသက်ရောက်မှုများကို လေ့ လာသုံးသပ်ပြီးမှသာလျှင် အစီရင် ခံစာ တင်ပြသွားမည်ဟု မြစ်ကြီးနား မြို့လူထုနှင့် တွေ့ဆုံစဉ်ကပြောခဲ့ သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒေသ ခံ ၆၅၃ ဦး တက်ရောက်ခဲ့သည်။

 သို့သော် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ဆိုးကျိုး၊ ကောင်းကျိုး၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်နစ်နာမှု ရှိခြင်း/ မရှိခြင်း၊ ရရှိမည့်အကျိုးရလဒ်စ သည့် အခြင်းအရာကိစ္စများနှင့် ပတ်သက်၍ စစ်ဆေး ဆောင်ရွက် ခြင်း၊ စုံစမ်းခြင်း၊ တစ်စုံတရာ ထုတ် ဖော်ပြောဆိုခြင်းတို့ကို သုံးလအ တွင်း တစ်ခုမျှ မတွေ့ရှိရသေးပေ။ ယခုသုံးလပြည့်တော့မည်ဖြစ်သော် လည်း စုံစမ်းစစ်ဆေး မှုများမှာ ယေဘုယျကျလွန်းသည့် ပုံစံများ ဖြင့်သာမြင်တွေ့နေရသည်။ ပထမ အကြိမ်အစီရင်ခံစာမှာလည်း ထူး ခြားသည့် အချက် အလက်များ မပါဝင်ခဲ့ပေ။ ယင်းမှာကော်မရှင် ၏ အပိုင်းဖြစ်သည်။

ထို့အတူ နိုင်ငံ့ခေါင်းဆောင် များ၏ အပိုင်းကိုကြည့်ကြပါစို့။

ဦးသိန်းစိန် အစိုးရသက်တမ်း အတွင်း ယာယီရပ်ဆိုင်းခဲ့သည့်   မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာ ယခုဆိုရင် ရပ်ဆိုင်းချိန် ၅ နှစ်   ကျော်ခဲ့ပြီဖြစ်သည်။ ယင်းကာလ များကလည်း စီမံကိန်းနှင့်ပတ်သက် ၍ ပြည်သူလူထုက အပြီးတိုင်ရပ် တံ့ပေးရန် ကန့်ကွက်လက် မှတ်စု ဆောင်းမှုများ၊ သမ္မတဆီသို့ စာ တင်ပြတောင်းဆိုမှုများ၊ ဆန္ဒထုတ် ဖော်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ သည်။ ထို့အတူ ယင်းကာ လအ တိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီက လည်း မြစ်ဆုံ နှင့်ပတ်သက်၍ ကန့်ကွက်ခဲ့သည်။

မိမိတို့အာဏာရရှိခဲ့ပါက မြစ် ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်၍ မြန်မာအစိုးရနှင့် တရုတ် CPI  ကုမ္ပဏီတို့ချုပ်ဆိုခဲ့သည့် စာ ချုပ်ကို ပြည်သူလူထုထံသို့ ချပြသွား မည်ဖြစ်ကြောင်း ယခုနိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြော ဆိုခဲ့ဖူးသည်။ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ ၂ ရက် နေ့က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲ တွင် သတင်းမီဒီယာများက မြစ်ဆုံ ကိစ္စနှင့်ပတ် သက်၍ ဒေါ်အောင် ဆန်းစုကြည်ကို မေးမြန်းခဲ့ရာတွင် ”ကျွန်မဆိုလို့ရှိရင် ဒီစာချုပ်ထဲမှာ ဘာပါ သလဲဆိုတာ ပထမကြည့် မယ်၊
ကြည့်ပြီးမှ အဖြေပေးမယ်။ စာချုပ်ထဲမှာ ဘာပါမှန်းလဲမသိဘူး၊ ပြည်သူလူထုလည်း မသိဘူး။ ဒါ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာဒါပဲ။ အဲ ဒီတော့ ဘာတွေ ကတိကဝတ်တွေ ခံထားသလဲ။ နောက်ကျတော့ ဒီ ကတိကဝတ်တွေကို ခံရမှာ
ဒီနိုင်ငံ ကပဲခံရမှာ၊ ပြည်သူကပဲခံရမှာ။ အဲ ဒီဟာတွေလည်း မသိဘူး၊ ဘာကို သဘောတူညီထားမှန်းလည်း မသိ ဘူး။ အဲဒီတော့ ဘာပဲပြောပြော ပေါ့နော် ဒီစာချုပ်တွေကိုလက်မှတ် ထိုးတဲ့သူတွေက တာဝန်သိစိတ်တော့ ရှိရမှာ။ မသိချင်ယောင်ဆောင်နေ လို့တော့မရဘူး။ မသိကျေးကျွန်ပြုနေ လို့မရဘူး” ဟု ပြောကြားခဲ့ဖူးသည်။

ထို့နောက် ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးသွားခဲ့ပြီး NLD  အစိုးရတက်လာခဲ့သည်။ ပထမဦး ဆုံးမေးခွန်းထုတ်ခံရသည့် ကိစ္စအ ဖြစ် ဆွေမျိုးပေါက်ဖော်တရုတ် ကြီး စတင်ဖိအားပေးသည့် မြစ်ဆုံ ကိစ္စက အစိုးရသစ်ကိုဦးစွာ ကြိုဆို ခဲ့သည်။

အစိုးရသစ်တက်ပြီး မြစ် ဆုံကိစ္စများနှင့်ပတ်သက်၍ မေးမြန်း ရာတွင်ရပ်ဆိုင်းပါက လျော်ကြေး ငွေ များစွာပေးရမည် ဖြစ်ကြောင်း ကို ပြည်သူတို့ကြားသိခဲ့ရသည်။ ထို့ပြင်မြစ်ဆုံရပ်ဆိုင်းပါက ရှမ်းပြည် နယ် သံလွင်မြစ်ပေါ်သို့ စီမံကိန်း နေရာလွှဲပြောင်းပေးရမည် ဟူ သော ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

ယခုနှစ် ဧပြီလ ၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နေ ပြည်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင်လည်း မြစ်ဆုံစီ မံကိန်း သဘောတူစာချုပ်နှင့် ပတ် သက်ပြီး ပြည်သူသို့ချပြရန် အစီအ စဉ် ရှိ၊မရှိမေးမြန်းမှု ကို ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ဖြေဆိုရာ ၌ ”စာချုပ်က ကျွန်မတောင် မဖတ် ရသေးဘူး။ အဲဒီတော့ ပြည်သူကို ချပြဖို့ခက်ပါ လိမ့်မယ်” ဟု ပြော ကြားခဲ့ပါသည်။

ယင်းနောက်တွင် အစိုးရသစ် ပထမရက်တစ်ရာ ဆောင်ရွက်ချက် များ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး မြစ်ဆုံကိစ္စနှင့် ပတ်သက် ၍ မေးမြန်းခဲ့ရာတွင် အချိန်တန်လျှင် စာချုပ်ကို ပြည်သူလူထုထံသို့ချပြ သွားမည်ဖြစ်ကြောင်း  နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပေါ်ပြူလာနယူးစ်၏မေးမြန်း မှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ဇွန်လအတွင်းကလည်း ကချင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မြစ်ဆုံစီမံကိန်း ပြန်စရေးသည် ပြည်သူလူထု၏ ဆန္ဒအပေါ်တွင် အဓိက မူတည်နေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ သည်။ ယင်းကား
အစိုးရတာဝန်ရှိ သူများ၏ သဘောထားဟု ထင်မြင် မိသည်။

လက်ရှိတွင် မြစ်ဆုံကော်မရှင် ၏ အစီရင်ခံထွက်ရက်နီးလာသည် နှင့်အမျှ စီမံကိန်းရပ်တံ့ရေး ပြည် သူလူထုတို့၏ လှုပ်ရှားမှုမှာလည်း ပိုမိုပေါ်ပေါက်လာခဲ့သည်။ လက်ရှိ အချိန်တွင်လည်း မြစ်ဆုံစီမံကိန်း ရပ်တံ့ရေး သဘောထား ကောက် ယူမှုကိုပြုလုပ်လျက်ရှိပြီး ကန့်ကွက် ကြောင်း သဘောထားအဆိုပြုလို သူများအနေဖြင့်http://www.ipetitions.com/ တွင် ဝင်ရောက် ၍ ပေးသွင်းနိုင် မည်ဖြစ်သည်။ ယင်းသို့ သဘောထားကောက်ယူ နေမှုကား ယခင်အစိုးရ လက်ထက် ကတည်းကပင် မြစ်ဆုံနှင့်ပတ်သက် ၍ စိုးရိမ်ေ ကြာင့်ကြမှုပေါင်းများစွာ ရှိနေသည့် ပြည်သူလူထုသည် ယခု အစိုးရသစ်လက်ထက်တွင် လည်း စိုးရိမ်ကြောင့်ကြမှု မလျော့ နည်းသေးကြောင်း သက်သေပြ လျက်ရှိသည်။

ထိုသို့ဆိုလျှင် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထွက်ရှိလာမည့် ကော်မရှင်၏ အစီရင်ခံစာပေါ်တွင် ပြည်သူများ မည်မျှအထိ ယုံကြည် မှု (သို့မဟုတ်) စိုးရိမ်မှုများ ရှိနေ ကြလေသနည်း။

NLD အစိုးရမဖြစ်ခင်ကာလ က ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ နာယက ဦးတင်ဦး ကိုယ် တိုင်ပင်လျှင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ပြောဆိုထားခဲ့ပြီး ပါတီ၏ရွေးကောက် ပွဲ ကြေညာစာတမ်း စွမ်းအင်ကဏ္ဍတွင် ပါဝင်သောအ ချက်များကလည်း မြစ်ဆုံစီမံကိန်းလုပ်ဆောင်ရန် မ သင့်ကြောင်း သဘောထား ဖော်ပြ ထားပြီ ဖြစ်သည်။

ထို့ကြောင့် လက်ရှိ အစိုးရ ယန္တရားကို ကိုင်တွယ်မောင်းနှင်နေ သည့် အကြီးအကဲများ၏ သဘော ထားမှာလည်း ပြည်သူလူထုနှင့် ထပ်တူဖြစ်နေမည်မှာမလွဲပေ။ ¤င်း တို့ ကိုင်တွယ်ပြောဆိုနေကြသော ‘ပြည်သူလူထု၏ ဆန္ဒသည်သာ အဓိက’ ဟူသောအချက်နှ င့် ပြုခဲ့ သော ကတိကဝတ်တို့ မှန်ကန်ပါက လည်း မြစ်ဆုံကိစ္စ၏ အဖြေသည် ရှင်းလင်းလျက်ရှိသည်။

သို့သော် အာရှနဂါးကြီးနှင့် မျက်နှာချင်းဆိုင်ရာတွင် မည်ကဲ့သို့ ပြောင်းလဲသွားမည်နည်း ဟူသည့် အချက်ကတော့ စိုးရိမ်စရာအခြေ အနေ ဖြစ်နေ၏။

မြစ်ဆုံစီမံကိန်း ရပ်တံ့ရေး သဘောထားစစ်တမ်း ကောက်ယူ နေသည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ”ကော်မ ရှင်ရဲ့ အစီရင်ခံစာကိုတော့ မပြော တတ်ဘူး။ လုပ်ထားတဲ့လူတွေလည်း သိတဲ့လူရော မသိတဲ့လူရောဆိုတော့။ ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိ တယ်။ လူထု သဘောထားကိုလည်း စစ်တမ်းကောက်ရမယ်လို့ သမ္မတ ကြီးကဆိုထားတော့ အခုလက်မှတ် တွေ၊ ဒါကို ကောက် ယူနေတာပါ။ ဒီတော့ ပြည်သူလူထု သဘောထား ကို အလေးထားမယ်ဆိုရင်တော့ အဖြေကရှင်းနေတာပဲ။ ဒေါ်အောင် ဆန်းစုကြည် နဲ့ ခေါင်းဆောင်တွေ ရဲ့ သဘောထားကလည်း ဟိုးအ ရင်ကတည်းက ဖော်ပြပြီးဖြစ်နေ တာပဲ။ ဒါပေမယ့် နိုင်ငံရေးသဘော တရားတွေ ပါဝင်လာပြီး ပြည်သူတွေ မျှော်လင့်နေတဲ့ အဖြေပြောင်းလဲ သွားမှာကိုတော့ စိုးရိမ်မိတာပါ” ဟုဆိုသည်။

ထိုသို့ဆိုလျှင် ဒေါက်တာ ထွန်းလွင်ကဲ့သို့ စိုးရိမ်လျက်ရှိသည့် ပြည်သူများ များစွာရှိနေဦးမည် ဖြစ်သည်။ နိုဝင်ဘာလ ၁၁ ရက် နေ့ကို ကား ရင်တမမနှင့် မျှော်လင့် နေရတော့သည်။

အဓိက အကျဆုံးနှင့် အထင် ရှားအဆုံး အချက်မှာမူ မြစ်ဆုံ ကော်မရှင်၏ အစီရင်ခံစာအပေါ် ပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ် သည်။ ထို့အတူ နိုင်ငံ့ခေါင်းဆောင် များကလည်း ထိုအချက်ကို သိရှိ နားလည်ကြပါလိမ့်မည်။ ထို့ ကြောင့် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့ သည် ပြည်သူများ စိုးရိမ်မှု ပြေပျောက်သည့် နေ့တစ်နေ့ ဖြစ် ပါစေကြောင်း ယခု တစ်ပတ် Popular Choice ကဏ္ဍမှ ရေးသား ဆုမွန်ကောင်း တောင်းလိုက်ရပါ တော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*