7:37 am
ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း မသင့်မမြတ် ဖြစ်နေဟု ဆို
ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၃ဝ ခန့်တွင်ရှိသော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအ ချင်းချင်း သဟဇာတမဖြစ်ကြဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဝေ
ဖန် ပြောကြားလိုက် သည်။
ရန်ကုန်တိုင်းဒေသကြီးNLD၏ ဆဋ္ဌမအကြိမ်မြောက်ခရိုင် မြို့ နယ်များ စုံညီတွေ့ဆုံပွဲကို နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် ၈ နာရီမှ စ၍ တာမွေမြို့နယ်၊Sky Star ဟိုတယ်တွင်ကျင်းပရာ ယင်းစုံညီပွဲ တွင် ဦးမြင့်ဌေးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
”လွှတ်တော်ကိုယ်စားလှယ် ချင်း မသင့်မမြတ်ဖြစ်တာ ရန်ကုန် တိုင်းထဲမှာ အတော်များများဖြစ် တယ်။ ၄၅ မြို့နယ်မှာ မြို့နယ် ၃ဝ ကျော်လောက်မှာ ကိုယ်စားလှယ် အချင်းချင်း သဟဇာတ မဖြစ်ဘူး။ တိုင်းဒေသကြီး ကိုယ်စားလှယ်အ ချင်းချင်း၊ တိုင်းဒေသကြီး
ကိုယ်စား လှယ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ စသဖြင့် အဲဒီလို ပွတ်တိုက်မှုတွေဟာ အခုချိန်ထိ မပြီးဘူး။ ဒီတော့ အလုပ်လုပ်ရတဲ့ အခါမှာ ဟန်ချက်မညီတဲ့ ပြဿနာ တွေဖြစ်တယ်” ဟု ၄င်းကဆိုသည်။
ထို့အပြင် NLDပါတီမှ လွှတ် တော်ကိုယ်စားလှယ်များသည် ၄င်း တို့၏လုပ်ဆောင်ချက်များကို ၄င်း တို့ဘာသာ ငါတကောကော ၍လုပ် ဆောင်နေပြီး ပါတီဝင်များနှင့်ချိတ် ဆက်မှု အားနည်းနေကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏ စံသတ်မှတ်အရည်
အချင်းများ ကိုမီအောင် အချို့လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မကြိုးစား ကြကြောင်း ၄င်းကဆက်ပြောသည်။
”ကိုယ်စားလှယ်တွေကို ဝင် ရွေးပါလို့ အတင်းတိုက်တွန်းခဲ့လို့ ဝင်ခဲ့တဲ့သူတွေများ ရှိသလားမသိ ဘူး။ မရှိရင် ကိုယ်တာဝန်ယူမယ်လို့ ဆိုပြီး ဝင်ရွေးကြတဲ့အခါမှာ ကိုယ် စားလှယ်အရည်အချင်း စံချိန်တွေ မီအောင်လုပ်ပေါ့။ တချို့ကိုယ်စား လှယ် တစ်ဦးရှိရမယ့်အချက်တွေ မရှိ ဘူး။ တချို့လွှတ်တော် ကိုယ်စား လှယ်တွေဆိုရင် လွှတ်တော်ထဲမှာ အပျော် ခရီးသွားနေသလိုပဲ ကျွန် တော်ကြည့်နေတာ။ ဒါ အဆင် မပြေပါဘူး”ဟု ၄င်းကဆိုသည်။
ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံ ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဟံသာမြင့် တို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး အလုပ်အမှုဆောင်အဖွဲ့များက အကြံပြုစာ တမ်
းများ ဖတ်ကြားတင်သွင်းခဲ့ကြ သည်။ရန်ကုန်တိုင်းဒေသကြီး NLD ၏ ဆဋ္ဌမအကြိမ်မြောက် ခရိုင် မြို့နယ်များစုံညီတွေ့ဆုံပွဲသို့ တက်ေ ရာက်လာသော ကိုယ်စားလှယ်များနှင့် ပါတီဝင်များ။
(ဓာတ်ပုံ – အောင်နိုင်စိုး-ကစ္ဆပ)